အာရပ်သူဌေးက မြန်မာနိုင်ငံသားတွေကို ကျပ် ၈ သိန်း ထောက်ပံ့ကြေးပေးနေတယ် ဆိုပြီး လှည်းစားထားတဲ့ သတင်းတု

COVID-19 ကာလမှာ အွန်လိုင်းကနေ ထောက်ပံ့ကြေးတွေပေးနေတယ်၊ ငွေလွှဲပေးနေတယ်၊ လှူနေတယ်ဆို တဲ့ပို့စ်တွေ လူမှု ကွန်ယက်အသုံးပြုသူတွေအကြားမှာဖြန့်ဝေနေတာတွေ့ရပါတယ်။ “24.9.2020.မှစ၍ 24 ,10,2020 ထိကျနော်တိုမြန်မာနိုင်ငံသားများကံကောင်းပါပြီ အာရပ်သူဌေးမှ ထောက်ပန့် ကြေးငွေများကို မြန်မာနိုင်ငံ အလှှုရှင် အဖွဲ့ချုပ်ထံ ဘဏ်အကောင့်မှတရာဝင် ငွေလွှဲလိုက်ပါပြီ မြန်မာနိုင်ငံ သားတစ်ယေက်ကို (8) သိန်း ရရှိတော့မှာဖြစ်ပါတယ် group ထဲကိုဝင်ထားပါ ကျနော်တို့ ဒါနကုသိုလ် အလှုရှင်များအဖွှဲ့မှ တရာဝင်ရရှိအောင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ် အားလုံဘဲ အများမြင်အောင် ဝိုင်းဝန်း share ပေးပါ ဖုန်းနံပါတ်များ ဆက်သွယ်လိုရအောင်းကွန်မက်မှာရေးပေးပါ အောက်ကလင့်ကိုနှိပ်၍ group ထဲဝင်ထားပါ https://www.facebook.com/groups/604699913559406/?ref=share မိမိ Facebook အကောင့်ထဲမှာ 3 ခါတိတိ share ပေးပါ”ဆိုပြီး “Angle Lay” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “covid 19 […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူး၊ COVID 19 ကူးစက်ခံရတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  “နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID 19 ရောဂါပိုး Positive အဖြေထွက်ဟုဆို” ခေါင်းစဉ်တပ်ပြီး “နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ထမ်းအချို့နှင့် သမ္မတရုံး ဝန်ထမ်းများအပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိစပ်မှု့ရှိခဲ့သည့် အသိုင်းအဝိုင်းများမှ လူပုဂ္ဂိုလ်အချို့မှာ COVID 19 ရောဂါပိုးတွေ့ရှိ ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်အား COVID 19 ရောဂါ ပိုးကူးစက်ခံရမှုရှိမရှိ စစ်ဆေးခဲ့ရာ ပထမ အကြိမ်နှင့် ဒုတိယအကြိမ်များတွင် Nagative အဖြေထွင်ခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တွင်တတိယအကြိမ် ပြန်လည်စစ်ဆေးခဲ့ရာ Positive အဖြေထွက်ခဲ့သည့်အတွက် အထူးကုသမားတော်ကြီး များဖြင့် သီးသန့်ကုသနေကြောင်း […]

Continue Reading

Fact Check: တပ်မတော်ရဲ့မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ကော်မတီဖွဲ့ဖို့ ထိတ်တန်းလျှို့ဝှက်ဆိုတဲ့ စာအတု

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီ၊ ဆပ်ကော်မတီတွေ ဖွဲ့စည်းပြီး သက်ဆိုင်ရာကော်မတီတွေကို သေချာကြပ်မတ်ဆောင်ရွက်နိုင်ရန်ဆိုတဲ့ တပ်မတော်ရဲ့ ထိတ်တန်း လျှိုဝှက်စာဆိုတဲ့ ပို့စ်တစ်ခုပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “စစ်တပ်ဟာပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်း ပြဌာန်းထားပါတယ်။ ဒါပေမဲ့တပ်ချုပ်ကိုယ်တိုင် ကြံ့ခိုင်ရေးအတွက် မဲဆွယ်ပါတယ်။”စသဖြင့်အညွှန်းတပ်ထားပြီး ၂၀၂၀ရွေးကောက်ပွဲမှာ မိတ်ဖက်ပါတီအောင်နိုင်ရေးအတွက် ဦးစီးကော်မတီနဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှု အကြောင်းကြားခြင်းဆိုတဲ့ တပ်မတော်ရဲ့ထိတ်တန်းလျှို့ဝှက်စာဆိုတာကို ဓာတ်ပုံရိုက်တင်ထားတာတွေ့ရပါတယ်။ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ပြန်လည်မျှဝေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းအမှားဖြစ်ကြောင်းကို BBC Burmesနဲ့ အင်တာဗျူးမှာ ပြန်လည်ဖြေဆိုထားတာတွေ့ရပါတယ်။ “ဒါက စာအတုဖြစ်တယ်၊ ဒီလိုအချိန်မျိုးမှာ ဒီလိုစာထွက်လာတာက တပ်မတော်နဲ့ အစိုးကြား၊ တပ်မတော်နဲ့ နိုင်ငံရေးအဖွဲ့စည်းတွေကြားမှာ […]

Continue Reading

Fact Check : နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင်ရမယ်ဆိုတာ မဟုတ်ပါ

COVID-19  ကူးစက်ပျံ့နှံ့မှု ဆက်တိုက်မြင့်တက်လျက်ရှိရာမှာ အထူးသဖြင့် လူဉီးရေထူထပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီးမှာ ကူးစက်ပျံ့နှံမှုအဓိကဖြစ်ပေါ်နေတာတွေ့ရပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်နေပြည်လူထုကို အိမ်တွင်သာနေထိုင်ရန် စက်တင်ဘာ ၂၀ ရက်ကအမိန့်ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ “24 ရက်နေ့နောက်ပိုင်း ကျန်းမာရေးကထုတ်ပြန်သတ်မှတ်ထားတဲ့ အပြင်ထွက်ခွင့် ရှိတဲ့ သူမဟုတ်ဖဲ နေအိမ်/ရပ်ကွက်ပြင်ပသို့ထွက်ရင် ထောင်ဒဏ် ၁ နှစ် (သို့) ဒဏ်ကြေး ၃ သိန်းပေးဆောင် ရမယ်(အခုလိုလုပ်တာ ဖြစ်သင့်တဲ့ကိစ္စပါ။ ထိထိရောက်ရောက်ကိုင်တွယ်မှ ရန်ကုန်မြို့ကြီးအမြန်ဆုံး ပြန်လည်ကျန်းမာလာမှာပါ)#Crd #ကြည်သာဟန် — feeling thankful in Mawlamyine..” စသည်ဖြင့် ရေးသားပြီး ‎”Oo Lay Yan Myo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။ အလားတူ ပို့စ်ကို […]

Continue Reading

အမေရိကန်FDAက ကိုဗစ်ကာကွယ်ဆေးကို ခွင့်ပြုလိုက်ပြီဆိုတဲ့ သတင်းအမှား

အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDAက Covid-19ရောဂါနဲ့ပက်သက်တဲ့ ကာကွယ်ဆေးကို စက်တင်ဘာလ ၂၁ရက်နေ့က ခွင့်ပြုလိုက်ပြီဆိုတဲ့ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ့မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “အမေရိကန် FDAကတော့ Cpvid-19ကာကွယ်ဆေးကို ဒီနေ့ခွင့်ပြုလိုက်ပါပြီ။ ဝမ်းသာစရာပါ။”လို့ ရေးသားထားတာတွေ့ပါတယ်။ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပက်သက်ပြီး အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဌာန FDA ဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်မယ်ဆိုရင် စက်တင်ဘာ ၂၁ရက်နေ့ကြေငြာချက်မှာ FDAဌာနကနေ အတည်ပြုထားတဲ့ Covid-19ကာကွယ်ဆေးမရှိသေးတဲ့အကြောင်းကြေငြာထားတာတွေ့ရပါတယ်။အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ FDA Link ဒါ့အပြင်FDA ဝက်ဘ်ဆိုဒ်ရဲ့ အမေး၊ အဖြေကဏ္ဍမှာ Covid-19ရောဂါကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေရိကန် FDAက အတည်ပြုထားတဲ့ ကာကွယ်ဆေးမရှိသေးကောင်း ထပ်မံရေးသားထားပြီး လက်တွေ့စမ်းသပ်တာတွေကို အရှိန်မြှင့်ကြိုးစားလုပ်ဆောင်နေကြောင်း ရေးသားထားတာတွေ့ရပါတယ်။ […]

Continue Reading

လပွတ္တာမှာ မုန်တိုင်းဝင်တယ်ဆိုတဲ့ သတင်းမှား

ဗီယက်နမ်ကိုဝင်ရောက်ခဲ့တဲ့ နိုလ်မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ စက်တင်ဘာ ၁၉ ရက်ကနေ ၂၂ ကြားမှာ မိုးကြီးရေကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၈ ရက်ကထုတ်ပြန် ထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “မနေ့ညက မုန်တိုင်းဝင်မွှေသွားလို့ ပျက်ဆီးမှုများ ဖြစ်ပွားခဲ့ရသော လပွတ္တာမြို့ အခြေ အနေ လပွတ္တာမြို့ ပြန်လည် ထူထောင်ကယ်ဆယ်ရေးအတွက် အလှူငွေ ထည့်ဝင်ကြဖို့ လပွတ္တာမြို့ ပြန်လည် ထူထောင်ရေးအဖွဲ့ မှနိုးဆော်ထားကြောင်း သိရှိရပါသည်” ဆိုပြီး အပျက်အစီးများနဲ့ ဓာတ်ပုံ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အလားတူပို့စ်မျိုးကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး ရာသီဉတုဆိုင်ရာ သတင်းအချက်အလက်တွေကို […]

Continue Reading

မကျေနပ်ရင် ရွေးကောက်ပွဲဝင်မပြိင်ဖို့ရွေးကောက်ပွဲကော်မရှင်ပြောသလား-မဟုတ်ပါ

ရွေးကောက်ပွဲကို ရက်အတိအကျလုပ်မယ်၊ မကျေနပ်ရင် ဝင်မပြိုင်ဆိုပြီး ရွေးကောက်ပွဲကော်မရှင်က ပြောတယ် ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံလျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ရွေးကောက်ပွဲကို အတိအကျလုပ်မယ်။ မကျေနပ်ရင် ဝင်မပြိင်လို့ရတယ်။ ကျွန်တော် စကားကို ဖင်တစ်ခွန်း ခေါင်းတစ်ခွန်းမပြောဘူး။ ဦးမြင့်နိုင်(UEC ဉက္ကဌ)”ဆိုပြီး မျှဝေထားပါတယ်။  “Canda Siri”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူရဲ့ပို့စ်ကို “Sandar Aung” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။အလားတူပို့စ်ကို “Ko Pyae”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် စက်တင်ဘာ ၁၉ ရက်ကမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်း မီဒီယာတာဝန်ရှိသူတွေနဲ့ အွန်လိုင်းက ဆွေးနွေးမှုအစီတစ်ခုအပြီးမှာ ဒီလိုမျိုး မျှဝေမှုတွေ […]

Continue Reading

ဘွဲ့တံဆိပ်ပြန်ရုပ်သိမ်းခဲ့သည့်ဆရာတော်အဖြစ်ဖော်ပြနေတဲ့ သတင်းမှား

အဆောက်အဦးတစ်ခုရှေ့မှာ ဘုန်းကြီးတစ်ပါး လူတွေကို ဆွမ်းဟင်းခပ်ပေးနေတဲ့ပုံကို အစိုးရရဲ့ ဘွဲ့တံဆိပ် တော်ပြန်လည်ရုပ်သိမ်းခံခဲ့ရသည့် ဆရာတော်အဖြစ်မျှဝေနေတဲ့ သတင်းမှားတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  “Ko Ko Mg”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NLD ကိုမထောက်ခံတဲ့ဆရာတော်၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် ကို သမ္မတဦးဝင်းမြင့်မှပြန်ရုတ်သိမ်း ရုတ်သိမ်းခံရသည့် ဆရာတော်မှ လူထုကိုကူညီရင်ထဲမချိပြီ..” စသည်ဖြင့် ရေးသားပြီး ဆွမ်းဟင်းခပ်ပေးနေတဲ့ ဘုန်းကြီးကိုလည်း  အဂ္ဂမဟာ ပဏ္ဍိ တဘွဲ့တံဆိပ်တော်ပြန်လည်ရုပ်သိမ်းခံရ သည့် ဆရာတော် ဘဒ္ဒန္တဣန္ဒာစာရအဖြစ် အောက်ပါအတိုင်းမျှဝေ ထားရာမှာ လူမှု ကွန်ယက်အသုံးပြုသူ ၁ ထောင်ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။  Fb Link Archive link အလားတူ “နေဝင်းထွန်း”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ “Ko Ko Mg”ပို့အောက်မှာ မှတ်ချက်ရေးသားသူတစ်ချို့က ဒီသတင်းမှားလို့ မှတ်ချက်ပေးနေကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မွန်ပြည်နယ် […]

Continue Reading

ကိုဗစ်နိုင်တင်းကြောင့် ရွေးကောက်ပွဲမလုပ်တော့ဘူးဆိုတဲ့ သတင်းအမှား

လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်နိုင်တင်းရောဂါကြောင့် နိုင်ဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမဲ့ရွေးကောက်ပွဲကို မကျင်းပတော့ဘူးဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန့်နှံ့နေတာတွေ့ရပါတယ်။ အဲ့ဒီပို့စ်မှာ “ကိုမြင့်နိုင်(Covid-19) လုပ်ရက်ကြောင့် ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ပါ လက်ရှိ့ NLD အစိုးရပဲ အုပ်ချုပ်ခွင့် ပြုလိုက်ပီး သဘောတူလား ဘော်ဒါတို့ရေ”လို့ရေးသားထားတာတွေ့ရပါတယ်။ FB Link Archive Link အချက်အလက်စိစစ်ချက် အထက်ပါရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို တာဝန်ယူဦးစီးကျင်ပပေးရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမဲ့နိုင်ဝင်ဘာ ၈ရက် ရွေးကောက်ပွဲကို ရပ်ဆိုင်းတာ၊ ရက်ရွှေ့တာစသဖြင့် တစ်စုံတရာကြေငြာတာမျိုး မရှိသေးပါဘူး။ UEC FB Link UEC Web Link ဒါအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုဖြစ်တဲ့ Chair NLDပေ့ချ်ကနေ “ပြည်သူသို့ […]

Continue Reading

သင်္ဃန်းကျွန်းကတည်းခိုခန်းမှာ လာတည်းတဲ့ စုံတွဲ ၂၀ Lock downကြောင့် ပိတ်မိပြီး အိမ်ထောင်ကျတယ်ဆိုတဲ့ သတင်းအမှား

သင်္ဃန်းကျွန်းကတည်းခိုခန်းတစ်ခုမှာ ကိုဗစ် Positiveလူနာတွေ့တာကြောင့် ခေတ္တလာတည်းတဲ့ စုံတွဲ ၂၀ပါ တည်းခိုခန်းကို Lock downရာမှာပိတ်မိသွားတာကြောင့် အိမ်ထောင်ကျသွားပြီလို့ရေးသားထားတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်စာမျက်နှာမှာ ပြန်နှံ့နေတာတွေ့ရပါတယ်။ “Covid ဖူးစာ”လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီပို့စ်မှာ “သင်္ဃန်းကျွန်းက တည်းခိုခန်းမှာ ခေတ္တ လာတည်းတဲ့ စုံတွဲ ၂၀ တော့ ကိုဗစ်ကျေးဇူးကြောင့် ထောင်ကျပြီ ။ (အိမ်ထောင်)အကြောင်းက တည်းခိုခန်းမှာ P လူနာတွေ့၊ တည်းခိုခန်းကို L.D ချ ။ အိမ်က လူကြီးတွေက အိမ်ပြန် မလာလို့ လိုက်ရှာကြရာမှ တည်းခိုခန်း L.D တွင် မိနေကြောင်း သိရသည့် အတွက် …”လို့ ရေးထားတာတွေ့ရပါတယ်။ ဒီနေရာ  ဒီနေရာ  ဒီနေရာ တွေမှာ ပြန်လည်မျှဝေတာတွေလည်း တွေ့ရပါတယ်။ FB […]

Continue Reading