ကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားတွေ စကားများပြီး ကိုယ်စားလှယ်တွေ အရိုက်ခံရကာ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ဗွီဒီယိုဖိုင်အမှား

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် သရက်ပင်စုကျေးရွာမီးလင်းရေးနဲ့ပတ်သက်ပြီး ဒေသခံရွာသားတွေနဲ့ လွှတ်တော်ကိုယ်စားတွေ အပြန်အလှန်စကားများရာကနေ ရွာသားတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို လိုက်ရိုက်ကြတာကြောင့် ကိုယ်စားလှယ်တွေ ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့ဘွတ်စာမျက်နှာမှာ ပြန်နှံ့ခဲ့ပါတယ်။ “အဲ့မှာဂွမ်းပြီပေါ့ မဲလိုချင်လို့ အနားနီးမှ အပေါ်ယံတွေနှမ်းဖြူးတော့”ဆိုတဲ့ ခေါင်းစဥ◌်နဲ့ “မီးလင်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးက အချွေအရန်တွေနဲ့လာတယ်လို့ဆိုပါတယ်၊ ပြည်သူတွေက ရွေးကောက်ပွဲနီးမှ ဘာမီးလင်းရေးလဲ၊ ကျန်တဲ့အချိန်တွေက ဘယ်ရောက်နေလဲ လို့မေးခွန်းတွေမေးရာကနေ ကိုယ်စား လှယ်တော်ကြီးရဲ့ ဒေသခံကိုယ်စာလှယ်နဲ့ စပြီးပြသနာတတ်တယ်လို့ဆိုပါတယ်၊ အဲ့ဒီမှာရွာသားတွေက ပိုက်ဆံပေးဖို့ဆိုမလာဘူး ၊ ပိုက်ဆံယူဖို့ဆိုလာတယ် ၊ ငါတို့မှာ ပြဲနေအောင်လုပ်ရတယ်ဆိုပြီး အနားရှိတဲ့ ထန်းတုန်းနဲ့ လိုက်ထုကြတာ ကိုယ်စားလှယ်တော်ကြီးရော ကိုယ်စားလှယ်ရဲ့ ကိုယ်စားလှယ်ပါ ပြေးပေါက်တွေ မှားကုန်တယ်လို့သိရပါတယ်”ဆိုပြီး “Nay Thway” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထား အောက်ပါအတိုင်းတွေ့ရပါတယ်။ FB Link Archive […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတာလား-မဟုတ်ပါ

မြန်မာစကားမတတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတယ်ဆိုပြီး နိုင်ငံခြားက လုံခြုံရေးတပ်ဖွဲ့တစ်ခုက သီချင်းဆိုနေဟန် ဗွီဒီယိုပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။ ဒီဗွီဒိုယိုဖိုင်ကို “Pway Li” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေအောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေတဲ့ ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထားတာလေးနားထောင်ကြည့်ပါဗျာ အမေအောင်ဆန်း စုကြည် သမ္မတဖြစ်ပါစေတဲ့ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထား တာလေးနားထောင် ကြည့်ပါဗျာ”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၃ သောင်း ၈ ထောင်ကျော်ရှိပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဗွီဒီယိုကနေ ဓာတ်ပုံအဖြစ်ပြောင်းပေးနိုင်တဲ့ Invid ဆိုတဲ့ ဆော့ဖ်ဝဲလ်အသုံးပြုပြီး ခွဲခြမ်း စိတ်ဖြာ ကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ရလာတဲ့ပုံတွေထဲက ပထမဆုံးပုံကို Yandex မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ အွန်လိုင်းမှာ ၂၀၁၇ ခုနှစ်လောက်ကတည်းက […]

Continue Reading

တောင်ကိုရီးယားမှာ ကြိုတင်မဲရလာဒ်ထွက်ပြီလား

တောင်ကိုရီးယားနိုင်ငံက ကြိုတင်မဲရလာဒ်ဆိုတဲ့ ပို့စ်တစ်ခု လှုမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ “တောင်ကိုရီးယားရဲ့ကြိုတင်မဲ အရေအတွက်ပါတဲ့”ဆိုပြီး “Soe Moe Aung Moe ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပို့စ်ကို screenshot ရိုက်ပြီး “Bunki Latt”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရတယ်။ Fb link Archive link ဒီလိုမျှဝေနတာကို ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့နိုင်ပါတယ်။ တကယ်တော့ ဒီမဲရလာဒ်ဟာ အွန်လိုင်းကနေ စစ်တမ်းကောက်ယူရရှိတဲ့ ရလာဒ်စာရင်းသို့မဟုတ် စိတ်ကူး ပုံဖော်ထားတဲ့ ရလာဒ်သာဖြစ်နိုင်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံအရပ်ရပ်က ပြည်ပရောက်မဲပေးသူတွေဟာ မဲဆန္ဒနယ်အသီးသီးက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်တွေကို မဲပေးရမှာဖြစ်ပြီး ဒီလိုမဲပေးလိုက်တဲ့ ရလာဒ်တွေကို သက်ဆိုင်ရာ နိုင်ငံအသီးသီးက သံရုံး၊ကောင်စစ်ဝန်ရုံးအသီးသီးကနေ ချိတ်ပိတ်ထားတဲ့ စာအိတ်များအတိုင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် […]

Continue Reading

NLD နဲ့ ပြည်ခိုင်ဖြိုးပါတီအပေါ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် မှတ်ချက်ဆိုတဲ့ သတင်းမှားဖြန့်

လူမှုကွန်ယက်အသုံးပြုမှုမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ချီးမွှမ်းလိုက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို ရှုတ်ချဝေဖန် တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ NLD က အင်တာနက်ခေတ်မှာ အားသာချက်တွေရှိနေပြီး ထောက်ခံသူတွေကလည်း အချက်အလက်နဲ့ အကျိုးရှိရှိ အသုံးချနိုင်ပေမဲ့ ပြည်ခိုင်ဖြိုးကတော့ photoshop လုပ်ပြီး သတင်းတုသတင်းမှားဖြန့်တာကလွဲလို့ မလုပ်တတ်တဲ့ အကြောင်း ဦးရဲထွဋ်ကပြောခဲ့တယ်ဆိုပြီးတော့ ရေးသားထားကို အောက်ပါအတိုင်း တွေ့ရပါတယ်။ Link Link Link Archive link Archive link Archive link တကယ်တော့ ဒီလိုမျှဝေနေတဲ့ပို့စ်ဟာ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပြည်ခိုင်ဖြိုးပါတီအကြောင်း သုံးသပ်ပြောထားတယ်ဆိုတဲ့ ပို့စ်ကို ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ဒီသတင်းမှန်သလားမေးလာတာကို အောက်ပါအတိုင်းပြန်လည်ဖြေကြား ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ […]

Continue Reading

ဒါရိုက်တာကိုပေါက် မဲဆွယ်တယ်ဆိုတဲ့ ဓာတ်ပုံသတင်းမှား

NLD ပါတီကို မဲပေးဖို့ ဒါရိုက်တာ ကိုပေါက်က လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ယူဆရတဲ့ ဓာတ်ပုံပို့စ်တစ်ခု လှုမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံမှာ ကိုပေါက်က “မြန်မာပြည် သူခိုးကင်းဖို့ ၂၀၂၀ မှာ NLD ကို မဲပေးစို့”ဆိုတဲ့ စာရွက်တစ်ရွက်ကို ကိုင်ပြီး ဓာတ်ပုံရိုက်ခံနေတဲ့ ပုံဖြစ်ပါတယ်။ “ကိုကို ဖြိုး”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “Mandalay News”၊ “ရမည်းသင်း သတင်းစုံ”စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ “အာ့လို တဲ့ ပြောရဲတဲ့ အနုပညာရှင်ဆို ဘာကားပဲရိုက်ရိုက် အားပေးလိုက်မယ်ကွာ”ဆိုပြီးတော့ မျှဝေထားတာတွေ့ရပါတယ်။ ကိုပေါက် တကယ်ပဲ “မြန်မာပြည် သူခိုးကင်းဖို့ ၂၀၂၀ မှာ NLD ကို မဲပေးစို့”ဆိုတဲ့ စာတမ်းပါ စာရွက်ကို ကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့သလားဆိုတာ စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ကိုပေါက်ရဲ့ […]

Continue Reading

NLD ကို OIC အတွင်းရေးမှူးချုပ်က တရားစွဲဖို့တိုက်တွန်းတယ်ဆိုတဲ့ သတင်း ဗွီဒီယိုဖိုင်တု

အစ္စလာမ္မစ်နိုင်ငံများအဖွဲ့(OIC) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကို ထောက်ပံကြေးများယူထားပြီး ရိုဟင်ဂျာမှာ သူတို့ အလိုကျ မလုပ်ခဲ့တဲ့အတွက် တရားစွဲဆိုဖို့နိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက လက်မှတ်ထိုးတောင်း ဆိုကြဖို့  OIC အဖွဲ့အတွင်းရေးမှူးက တိုက်တွန်းတယ်ဆိုတဲ့ ပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။ ဒီဗွီဒိုယိုဖိုင်ကို “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “ဦးဌေးအောင်ကြီးက အချိန်ကိုက်လှုပ်ရှား တာကိုးဗျ။”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၅ ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။ ၃ မိနစ်နဲ ၁၈ စက္ကန့်ရှည်ကြာတဲ့ ဗွီဒီယိုထဲမှာ OIC အဖွဲ့ရဲ့ လက်မှတ်ထိုးအခမ်းအနားတစ်ခုဖြစ်ဟန်တွေ့ရပြီး “ြသဂုတ် ၁၁ ရက်နေ့ ကွာလာလမ်ပူမြို့ရဲ့ သတင်းအရ မြန်မာနိုင်ငံရဲ့ လက်ရှိအာဏာရ NLD အစိုးရကို တရားစွဲဆိုနိုင်ရေးအတွက် မိမိတို့အဖွဲ့ဝင်နိုင်ငံများအနေဖြင့် OIC အဖွဲ့ချုပ်ထံ လက်မှတ်ရေးထိုး တောင်းဆိုကြဖို့ OIC အတွင်းရေးမှူးချုပ် […]

Continue Reading

ပုဇွန်တောင်မြိုနယ်မဲစာရင်းထဲ အလုပ်သမား ၈၅၀ရဲ့မဲစာရင်းထည့်သွင်းတယ်ဆိုတဲ့ သတင်းအမှား

ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ ပြည်တော်သစ်အိမ်ရာစီမံကိန်းကို ဆောက်လုပ်နေတဲ့ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီက သူ့ရဲ့ဆောက်လုပ်ရေးလုပ်သား ၈၅၀ရဲ့မဲစာရင်းကို ပုဇွန်တောင်မြို့နယ်မဲစာရင်း ထဲထည့်ဖို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကတဆင့်ထည့်သွင်းသွားတယ်ဆိုတဲ့ သတင်းကို Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဩဂုတ်လ ၁၆ရက်နေ့က မျှဝေခဲ့ပါတယ်။ ဒီပို့စ်မှာ “ရွေးကောက်ပွဲကော်မရှင်က ဖုံးဖိထားသော ဆောက်လုပ်ရေးလုပ်သား မဲစာရင်းပြဿနာ နိုင်ငံရေး ပါတီများအတွက် အန္တရာယ်ကြီးမားလာ”ဆိုတဲ့ ခေါင်းစဥ်နဲ့ “လက်ရှိ အာဏာရအစိုးရဟာ မူလပါတီဖြစ်တဲ့ NLD ပါတီကို ၂၀၂၀ ရွေးကောက်ပွဲ မှာ အနိုင်ရစေဖို့အတွက် ဆောက်လုပ်ရေးလုပ်သားတွေနဲ့ မဲစာရင်းကစားတာ လုပ်ဆောင်နေပါတယ်။ ဒါကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်မပြောဘဲ ဖုံးဖိထားပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင်မြို့နယ်မှာ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီဟာ အခုရက်ပိုင်းအတွင်း ပုဇွန်တောင်မြို့နယ်၊ […]

Continue Reading

တရုတ်နိုင်ငံဟီချီမြို့ကလေယာဉ်ကွင်းကို ချင်းပြည်နယ် ဖလန်းမြို့က လေယာဉ်ကွင်း အဖြစ် မျှဝေနေ

ချင်းပြည်နယ်မှာ ဖလမ်းမြို့မှာ မြန်မာနိုင်ငံအတွက် အနောက်ဘက်အကျဆုံးလေယာဉ်ကွင်းကို ယခုအစိုးရ လက်ထက်မှာ ဆောက်လုပ်လျက်ရှိပြီး ယခုနှစ်အတွင်းဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။  ဒီလိုအခြေအနေမျိုးမှာ  တောင်တန်းတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ လေယာဉ်ကွင်းတစ်ခုကို ချင်းပြည်နယ် ဖလမ်းက လေယာဉ်ကွင်းအဖြစ်မျှဝေလျက်ရှိပြီး လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပြီး ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေနေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုပဲ ဝက်ဘ်ဆိုဒ်တွေမှာ ချင်းပြည်နယ် ဖလမ်းလေယာဉ်ကွင်းအဖြစ် ဒီလင့်ခ် ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာပါတဲ့ တောင်တန်းတစ်ခုပေါ်က လေယာဉ်ကွင်းကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရလာတဲ့ ရလာဒ်ထဲကမှ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြား ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာအောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီပုံကို တရုတ်ဘာသာနဲ့ရေးသားထားတဲ့ kknews.cc အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ၂၀၁၆ ဒီဇင်ဘာလ ၆ ရက်က အစောဆုံးအသုံးပြုခဲ့တာတွေ့ရပြီး တရုတ်နိုင်ငံ […]

Continue Reading

Radio Free Myanmar အမှတ်တံဆိပ်ဖြင့် သတင်းတုသတင်းမှားများဆက်တိုက်ဖြန့်ချိ

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို တိုက်ခိုက်တဲ့ သတင်းတွေကို အမှတ်တံဆိပ်တစ်ခု အသုံးပြုပြီး စနစ်တကျဆောင်ရွက်နေတာကို Fact Crescendo Myanmar က သတိပြုမိခဲ့ပါတယ်။  ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာချိန်မှာ NLDနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ခိုက်ဖို့ အတွက် Radio Free Myanmar သို့မဟုတ် လွတ်လပ်သော မြန်မာ့အသံ သို့မဟုတ် RFM လို့ အင်္ဂလိပ်လို အသုံးပြုထားတဲ့ အမှတ်တံဆိပ်ဟာ မကြာခဏဆိုသလိုအသုံးပြုကြတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာလည်း ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ်တွေကနေပြီးတော့ သတင်းတုသတင်းမှားတွေ ဆက်တိုက်တင်ခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Radio Free Myanmar အမှတ်တံဆိပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့မိခင်အဖြစ် သတ်မှတ်တယ်ဆိုတဲ့ အချက်အလက်မှား

ဒေါ်အောင်ဆန်းစုကြည်ကို “ကမ္ဘာ့မိခင်ကြီး” အဖြစ် နိုင်ငံပေါင်း ၄၃ နိုင်ငံက သတ်မှတ်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာဒေါ်အောင်ဆန်းစုကြည်ပုံ ရိုက်နှိပ်ထားတဲ့ ကြေးတံဆိပ်ရိုက်နှိပ်ထားဟန် အမှတ်တံဆိပ်တစ်ခုပါဝင်ပါတယ်။ “အမေစုကို ကမ္ဘာ့မိခင်အဖြစ်သတ်မှတ်ခြင်းကို လက်မှတ်ထိုး အသိမှတ်ပြုလိုက်တဲ့ သတင်းကောင်းပါ”ဆိုပြီးတော့ apannpyaymedia၊ khitalinmedia အမည်နဲ့ဝက်ဘ်ဆိုဒ်တွေမှာ အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ “Daw Mi Mi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူကလည်း မျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ “ကမ္ဘာ့မိခင်”ဆု၊ “world mother award”စသည်ဖြင့် ရှာကြည့်မယ်ဆိုရင် ဒီလိုအမှတ်တံဆိပ်မျိုးနဲ့ ပျံ့နှံ့လျက်ရှိတဲ့အကြောင်းအရာမျိုး မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်သာသာနဲ့ မီဒီယာလုပ်ငန်း အဓိက လုပ်ကိုင်တဲ့ မီဒီယာတစ်ခုခုက ရေးသားချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။  á€’á€Žá€Ąá€™á€žá€á€şá€á€śá€†á€­á€•á€şá€Ÿá€Ź ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးတဲ့ အနုပညာရှင် တစ်ဦးက စိတ်ကူးနဲ့ ရေးဆွဲခဲ့တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဒီအမှတ်တံဆိပ်လိုမျိုးဖန်တီးချက်ကို […]

Continue Reading