Fact Check: နေပြည်တော်မှာ အာဏာသိမ်းမှုတကယ်ဖြစ်ခဲ့သလား- မဟုတ်ပါ
နေပြည်တော်မှာ လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တန်ပြန်အာဏာသိမ်းမှု ဖြစ်ခဲ့တယ်ဆိုပြီး ကောလာဟလ သတင်းပျံ့နှံ့ခဲ့ပြီးနောက်မှာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုဖြန့်ချိလေ့ရှိတဲ့ ယူကျူ့ချန်တွေက ထပ်မံချဲ့ကားဖြန့်ဝေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုဖြန့်ဝေရာမှာ မူလပြောဆိုချက်ဖြစ်တဲ့ စစ်ခေါင်းဆောင် လက်အောက်ခံ ဗိုလ်ချုပ်ကြီး ၃ ဦးက အာဏာသိမ်းမှုအဖြစ် ကနေ အာဏာသိမ်းမှုကို အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အတည်ပြုလိုက်တယ်ဆိုသည်အထိ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုတွေ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။ ဩဂုတ် ၁၄ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုတွေထဲက တခုကို အောက်မှာကြည့်ပါ။ ဒီချန်နယ်မှာပဲ အခြားသော အလားတူတဲ့ရေးသားမျှဝေမှုဆက်တိုက်ဖြန့်ချိခဲ့ပြီး ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။ “မအလကြင်စိုး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဦးသန်းရွှေနဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီး အတည်ပြုကြေငြာ”(မူလအရေးအသား) မူရင်းလင်ခ့် – […]
Continue Reading