Fact Check: မုဒုံမှာ ဆန္ဒပြရင်းဖမ်းဆီးခံရသူများကို ထားဝယ်က သေဒဏ်ပေးခံရသူများအဖြစ်မျှဝေ

ကြမ်းပြင်မှာ လူရွယ်အမျိုးသမီး၊အမျိုးသား ၇ ယောက်ကထိုင်လျက် ရှေ့မှာဖုန်းတစ်လုံးစီချထားတဲ့ ဓာတ်ပုံတစ်ပုံနှင့်အတူ ထားဝယ်မြို့က ဖမ်းဆီးခံထားရပြီး သေဒဏ်ပေးရတဲ့ကလေးတွေလို့ရေးသားပြီး မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံဟာ မတ် ၂၇ ရက်က မုဒုံမှာ ဆန္ဒပြသူတွေကို ဖြိုခွဲမှုအပြီး ဖမ်းဆီးခံရသူတွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “၁ရက်ပဲကျန်ပါတော့တယ် 😭😭😭 Death Sentence (သေဒဏ်) တဲ့ …. 🤬🤬🤬 အယူခံဝင်ခွင့်မရှိဘဲ 15 ရက်ဘဲ အချိန်ရတယ် သူတို့အသက်ရှင်ဖို့ ကျေးဇူးပြုပြီး ဝိုင်းတင်ပေးကြပါဦး🙏😥 #ထားဝယ်မြို့ မှဖမ်းဆီးခံ ကလေးများအားလုံးကို သေဒဏ်ပေးခြင်းအား လုံးဝ ကန့်ကွက်ပါသည်။ #ပြည်သူများ #WhatsHappeningInMyanmar #SaveMyammar #crd”လို့ရေးသားပြီး “ဗီလိန်”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက ဧပြီ ၃ ရက်မှာ မျှဝေထားရာမှာ […]

Continue Reading

Fact Check: မန္တလေးမှာ မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးမှုဓာတ်ပုံ ဟောင်းကို ယနေ့အဖြစ်အပျက်အဖြစ်မျှဝေ

ဓာတ်ပုံ ၂ ပုံနှင့်အတူ ဧပြီ ၂ ရက်နေ့က မန္တလေးမှာ မိန်းကလေးတစ်ယောက်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။  ရဲဝတ်စုံနဲ့အမျိုးသားများက မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ယူဆရတဲ့ ဓာတ်ပုံ ၂ ပုံနှင့် အတူမျှဝေထားတာဖြစ်ပါတယ်။  သို့သော်လည်း ဓာတ်ပုံမှတ်တမ်းတွေကို ပြန်လည်ရှာဖွေကြည့်ရာမှာ ရဲတပ်ဖွဲ့ဝင်အမျိုးသားတွေက အမျိုးသမီး တစ်ယောက်ကို မန္တလေးမှာဖမ်းဆီးခဲ့တဲ့ အဖြစ်အပျက်ဟာ ဖေဖော်ဝါရီ ၉ ရက် ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ “မန်းလေးမှာ ယနေ့ မိန်းကလေးတစ်ယောက်ကိုကြိုးကွင်းစွပ်ပီးခေါ်သွားတာ 2.04.2021 crd 😭😭😭😭😭  ကူရှယ်ပေးကြပါအုံး”လို့ရေးသားပြီး “K Khing”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၈ ထောင်ကျော်ရှိပါတယ်။ […]

Continue Reading

Fact Check: ရခိုင်နဲ့ ကရင်ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်စဉ်ကပုံဟောင်းများကို ကရင်ပြည်နယ်မှာ လေကြောင်းက တိုက်ခိုက်ခံရပုံများအဖြစ်မျှဝေ

ကောင်းကင်မှာ တိုက်လေယာဉ်များ ပျံ့သန်းနေပုံ၊ သက်ကယ်အိမ်အချို့ မီးလောင်နေတဲ့ပုံတွေနဲ့အတူ  ကရင်ပြည်နယ်မှာ မတ် ၃၀ ရက်ဖြစ်စဉ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေနေပါတယ်။  ကရင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကတစ်ဆင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတာတွေ့ရပါတယ်။  သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၂၀ အတွင်း ရခိုင်ပြည်နယ်မှာ ကျေးရွာတွေမီးရှို့ခံရမှုနဲ့ ၂၀၁၃ ခုနှစ် မတ်လ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း မီးလောင်မှုဓာတ်ပုံဖြစ်ပါ တယ်။ “ကရင်ပြည်နယ်-မတ်လ ၃၀😢😢😢😢😢 ”လို့ရေးသားပြီး “Khun Thein Naing”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ၂၄ နာရီအတွင်း ပြန်လည်မျှဝေမှု ၁သောင်းကျော်ရှိပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: အာဖဂနစ္စတန်မှာ ရဟတ်ယာဉ်ပျက်ကျမှုကို KNU က ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်ပုံဆိုတဲ့ သတင်းမှား

စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်ပျက်ကျမှု ဓာတ်ပုံ ၂ ပုံနှင့်တကွ ကရင်အမျိုးသားအစည်းအရုံး(KNU)က ရဟတ် ယာဉ်တစ်စီးကိုပစ်ချလိုက်တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ဂဏန်းက ပြန်လည်မျှဝေနေပါတယ်။ ရဟတ်ယာဉ်ပျက်ကျမှုမှာ လေယာဉ်မှူးအပါအဝင် ၉ ဦးဖမ်းဆီးရခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ သို့သော်လည်း သတင်းဟာ မှားယွင်းပြီး ဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာက အာဖဂနစ္စတန်မှာ ရဟတ် ယာဉ်တစ်စီးပျက်ကျစဉ်က ဓာတ်ပုံတွေဖြစ်ပါတယ်။ “သတင်းမှန်👏👏 KNU တပ်မဟာ ၅ နယ်မြေအားစစ်ကောင်စီ အကြမ်ဖက်သူပုန်မှ ရဟတ်ယာဉ် ဖြင့်တိုက်ခိုက်ရာKNU မှ ပြန်လည်ပစ်ခတ်ရာမှလေယာဉ် ပျက်ကျ ထပ်မံ၍  လေယာဉ်မှူးအပါဝင် ၉ ဦးဖမ်းဆီးရမိ”လို့ရေးသားပြီး “Khin Hnin Se Nyo”အမည်နဲ့ဖေစ့်ဘွတ် အသုံးပြု သူက မျှဝေထားရာမှာ ၁၂ နာရီအတွင်း ပြန်လည်မျှဝေမှု ၂ ထောင် […]

Continue Reading

Fact Check: ဖေဖော်ဝါရီ ၂၆ ရက်က ဆန္ဒပြဓာတ်ပုံတွေကို လက်ရှိအဖြစ်အပျက် အဖြစ်ပြန်လည်မျှဝေ

အဖြူရောင်လွှမ်းမိုးသောဝတ်စုံများနဲ့ လူအများအပြားတန်းစီလမ်းလျှောက်နေတဲ့ဓာတ်ပုံ ၃ ပုံနှင့်တကွ ယနေ့ မတ် ၂၅ ရက်မှာ အင်ဂျင်နီယာတွေ စုပေါင်းဆန္ဒပြပုံအဖြစ်ဖေ့စ်ဘွတ်အသုံးပြုထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။ စစ်တပ်ကအာဏာရယူအပြီးမှာ နိုင်ငံအဝှမ်းမှာနေ့စဉ် ဆန္ဒပြလျက်ရှိပါတယ်။ သို့သော်လည်း မတ် ၂၅ ရက် အင်ဂျင်နီယာ စုပေါင်းသပိတ်စစ်ကြောင်းအဖြစ်ဖော်ပြနေတဲ့ဓာတ်ပုံတွေဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေပြီး  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။  “ယနေ့ ရန်ကုန်  (march -25) အင်ဂျင်နီယာ စုပေါင်း အင်အားစစ်ကြောင်း လူပင်လယ်ကြီး ချီတတ်လာကြပြီ  ____________________________________ ဝင်ဖတ်ရုံဆို သင်ပဲသိမယ်  ပြန်ရှယ်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ #WhatsHappeningInMyanmar #SACTerroristGroup #SupportCDM #SupportCRPH #JusticeForMyanmar #Mar25Coup #GenerationZ #နွေဦး ”လို့ […]

Continue Reading

Fact Check: လျို့ဝှက်ကုတ် *#*#4636#*#* က အင်တာနက်ပိတ်ခြင်း၊ဖွင့်ခြင်းနဲ့ မဆိုင်ပါ

ဖုန်းလိုင်း၊ အင်တာနက်လိုင်းပိတ်ထားချိန်မှာလည်း *#*#4636#*#* ခေါ်ဆိုပြီး အင်တာနက်ကို အသုံးပြုလို့ရတယ် လို့ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှ ဝေနေပါတယ်။ သို့သော်လည်း ဒီသင်္ကေတနဲ့ ဂဏန်းတွဲဟာ ဖုန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာ စစ်ဆေးနိုင်တဲ့ လျို့ဝှက်ကုတ် ဖြစ်ပြီး အင်တာနက်ပိတ်ခြင်း၊ ဖွင့်ခြင်းနှင့်သက်ဆိုင်ခြင်းမရှိသလို အင်တာနက်ဝန်ဆောင်မှုပေးတဲ့ သူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ အင်တာနက်သုံးစွဲနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။  ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ  “ဖုန်းလိုင်းများ အင်တာနက်လိုင်းများပိတ်လဲ ပူစရာမလိုပါ!  (၁) ဒေတာပိတ်ပါ၊ ဝိုင်ဖိုင်ပိတ်ပါ ၊ Airpalne mode အွန်လိုက်ပါ (*#*#4636#*#*) ကိုနှိပ်ပါ Phone Information1 ကိုဝင်ပါ Mobile radio power ကိုအွန်ပါ Enable DSDS ကို အွန်ပါ (အွန်ပြီးဖြစ်နေရင်လဲ ဒီအတိုင်းထားပါ) အောက်ဆုံးက More […]

Continue Reading

Fact Check: လှိုင်သာယာမှာ ၂ နှစ်သားအရွယ် က ေလးငယ်ကို စစ်တပ်ကရိုက်နှက်ပုံလား-မဟုတ်ပါ

ကလေးငယ်ဦးခေါင်းမှာ ပေါက်ကွဲဒဏ်ရာ၊ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ဓာတ်ပုံတွေနှင့်အတူ  လှိုင်သာယာစက်မှု ဇုန်အနီးမှာ ၂ နှစ်သားကလေးငယ်တစ်ဦးကို စစ်သားနဲ့ ရဲများက ရိုက်နှက်ခဲ့တယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှ ဝေနေပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ ၂၀၁၈ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးပုံတွေဖြစ်တာတွေ့ရပါတယ်။ “16.3.2021 ရက် အင်္ဂါနေ့ ညနေ ၄နာရီလောက်က လှိုင်သာယာ စက်မှုန့်ဇုန်အနီး ၂နှစ်သား ကလေးငယ်တစ်ဦး အိမ်ထဲတွင် ကစားနေရာ စစ်သားနဲ့ ရဲများက အိမ်တံခါးကို ချိုးဖျက်ပြီး ကလေးငယ်ကို ရိုက်နက်ခဲ့တယ်လို့ မိခင်ဖြစ်သူ မသန်းသန်းထွန်းကပြောပါတယ်။ အဆိုပါ ကလေးငယ်ရဲ့ ဦးခေါင်းတွင် စစ်သားနဲ့ ရဲများရဲ့ ရိုက်နက် မှုကြောင့် ပြင်းထန်သော ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပါတယ်။”လို့ “Yamin”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူ ကမျှဝေထားရာမှာ ဒီပို့စ်ကို […]

Continue Reading

Fact Check: ဖားကန့် မြေပြိုမှုဖြစ်စဉ်က ဓာတ်ပုံကို လှိုင်သာယာမှာ ဆန္ဒပြရင်း ကျဆုံးခဲ့ရသူများအဖြစ်ဖော်ပြ

အလောင်းတွေတန်းစီထားတဲ့ ဓာတ်ပုံနှင့်အတူ လှိုင်သာယာမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေလို့ ရေးသားမျှဝေ ထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေခဲ့ကြပါတယ်။ သို့သော်လည်း ပို့စ်ပါ ဓာတ်ပုံတွေဟာ လှိုင်သာယာက အဖြစ်အပျက်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ်အတွင်း ဖားကန့် မြေပြိုမှုဖြစ်စဉ်က ဓာတ်ပုံတွေဖြစ်ပါတယ်။ လှိုင်သာယာမှာ စစ်တပ်က လမ်းပေါ်ရှိနေသူတွေကို ပြင်းပြင်းထန်ထန်ဖြိုခွင်းခဲ့တာကြောင့် မတ် ၁၄ ရက် (တနင်္ဂနွေနေ့) တရက်ထဲမှာပဲ အနည်းဆုံး လူ ၅၁ ယောက်သေဆုံးခဲ့ရပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ လှိုင်သာယာက သူရဲကောင်းတွေ ကျဆုံးပုံအဖြစ် ဖော်ပြထားတဲ့ပို့စ်ကိုအောက်ပါအတိုင်း တွေ့ရပါတယ်။ “လိူင်သာယာ သူရဲကောင်းတွေ အားလုံးအေးချမ်းတဲ့ ဘုံဘဝမှာ နားခိုနိုင်ကြပါစေ”လို့ ရေးသားပြီး “Khine Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ၁ ရက်အတွင်း ဖေ့စ်ဘွတ်အသုံးပြုသူ ၂ […]

Continue Reading

Fact Check: ဒီပုံတွေက KIA နဲ့ တပ်မတော်အကြားတိုက်ပွဲဖြစ်ပွားပုံမဟုတ်ပါ

ကချင်လွတ်မြောက်ရေးလက်နက်ကိုင်(Kachin Independence Army)က စစ်ကားတစ်စီးကို ဖောက်ခွဲပြီး စစ်သားသုံးယောက်နဲ့ လက်နက်ခဲယမ်းတွေဖမ်းမိတယ်လို့ ရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားပါတယ်။  သို့သော်လည်း ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဓာတ်ပုံတွေဖြစ်ပါတယ်။ လူမှုကွန်ယက် အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်ပြီး  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ “8. 3. 2021 ရက်နေ့ ( 10..30..အချိန်မန်းလေးမူဆယ်လမ်းကြောင်းတွင်  အသင့်စောင့်နေသော KIA. မှ မအလ ကားတစ်စီးနဲ့လော်ဘီသုံးယောက်လက်နှက်ခဲရမ်းများနင့်အတူသိမ်းဆဲလိုက်ကြောင်းသရပါသည် ”လို့ ရေးသားထားတဲ့ပို့စ်ကို “Min Min Oo”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီစွာရေးသားထားပြီး ပျံ့နှံမှုအား ကောင်းခဲ့တဲ့ပို့တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google […]

Continue Reading

Fact Check: ဒီပုံတွေက လက်ရှိ ရထားသံလမ်းမိုင်းခွဲခံရခြင်းနှင့်သက်ဆိုင်မှုမရှိပါ

ပျက်ဆီးနေသော ရထားသံလမ်း၊ တိမ်းမှောက်နေသော ရထားတွဲနှင့်အတူ ကချင်မှာ လက်ရှိဖြစ်သွားတဲ့ အဖြစ်အ ပျက်အဖြစ်ရေးသားမျှဝေထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှ ဝေနေပါတယ်။ သို့သော်လည်း ဒီဓာတ်ပုံတွေဟာ ၂၀၁၆ ခုနှစ် ရထားစက်ခေါင်းတွဲလမ်းချော်တိမ်းမှောက်မှုနဲ့ ၂၀၁၈ ခုနှစ်အတွင်း ရထားလမ်းပိုင်း မှိုင်းခွဲခံရမှုဖြစ်စဉ်တွေက ပုံဖြစ်ပါတယ်။ တူညီစွာ ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းရှိ မဲဇာဘူတာမရောက်ခင် ၆ မိုင်ခန့် အကွာ သဲချောင်းရွာအနီးရှိ သဲချောင်းတံတားမှာ မတ် ၁၂ ရက် မှိုင်းခွဲဖျက်ဆီးခံရတဲ့ သတင်းကို ဒီလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ ဒီဖြစ်စဉ် ကြောင့် ရထားတိမ်းမှောက်ခဲ့တယ်ဆိုတဲ့ […]

Continue Reading