Fact Check: ဧပြီ ၂၁ ရက်မှာ မြန်မာနိုင်ငံအပါအဝင် အာရှ ၅ နိုင်ငံအထိ ခံစားရမယ့် ငလျင်ကြီးထပ်လှုပ်မယ်ဆိုတဲ့ သတင်းမှား

ဧပြီ ၂၁ ရက်မှာ မြန်မာနိုင်ငံအပါအဝင် အာရှ ၅ နိုင်ငံအထိ ခံစားရမယ့် ငလျင်ကြီး ထပ်မံလှုပ်ခတ်မယ်လို့ပြော ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာ ကြည့်ရှူ့မှု များပြားလျှက်ရှိပါတယ်။  တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်တယ်။ ငလျင် ဘယ်အချိန်လှုပ်မယ်ဆိုတာ တိတိကျကျခန့်မှန်းနိုင်တဲ့ အထောက်အထားမရှိပါဘူး။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ ဒီဗွီဒီယိုထဲမှာ ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက် ၁၂ နာရီ ၂၁ မိနစ်မှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ မလေးရှား ၅ နိုင်ငံလုံး ခံစားရမယ့် ငလျင်ကြီးလှုပ်မယ်လို့ ပြောဆိုထားပါတယ်။ မူရင်းလင်ခ့် – Facebook link  | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: စစ်ကိုင်းငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် စစ်ခေါင်းဆောင် တိုက်ခိုက်ခံရလို့ သေဆုံးဆိုတဲ့ သတင်းတု

စစ်ကိုင်းမြို့ကို  ငလျင်အခြေအနေသွားရောက်ကြည့်ရှု့စဉ် စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုက်ခိုက်ခံရပြီး သေမသေ မသိရသေးဘူးလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှားတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုနဲ့  ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “မင်းအောင်လှိုင် ပစ်ခတ်ခံရ စစ်ခေါင်းဆောင် စစ်ကိုင်းခရီးစဉ် ပစ်ခတ်ခံရ၊ သေမသေ မသိရသေး လမ်းသွားလမ်းလာအားလုံးကိုဖမ်းဆီးနေ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လူမှုကွန်ယက်အသုံးပြုသူတွေ မျှဝေထားတဲ့ အတွေးအမြင် တွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ လုပ်ပါတယ်။ ဒီချန်နယ်ဟာ […]

Continue Reading

Fact Check: ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်သေဆုံးဆိုတဲ့ သတင်းတု 

ငလျင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်ခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ စစ်တပ်က ဖမ်းဆီးထောင်ချထားတဲ့ ခေါင်း‌ဆောင်နှစ်ဦးရဲ့ အခြေအနေကိုလည်း လူထုက စိုးရိမ်နေချိန်ဖြစ်တယ်.  ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “၆ ရက်နေ့ တနိုင်ငံလုံးကပြည်သူတွေ ငိုရတဲ့နေ့ဗျို့ ငလျင်ကြောင့် အမေစုနဲ့သမ္မတ အသက်ပေးရပြီ ဗိုလ်ချုပ်ဇော်မင်းထွန်း အကုန်ဖွင့်ချ” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local […]

Continue Reading

Fact Check: မုန်တိုင်းကြီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်မှာဖို့ရှိလား- မဟုတ်ပါ

အလွန်အားပြင်းတဲ့ မုန်တိုင်းကြီး ရခိုင်ကမ်းလွန်ကို ဝင်ရောက်မှာဖို့ရှိလို့ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ ဂွနဲ့ သံတွဲမြို့က လူတွေ အလျင်အမြန်ပြောင်းရွှေ့ကြဖို့လိုတယ်ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေ တာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်က မုန်တိုင်း သတိပေးချက်ကို ပြန်လည်မျှဝေနေခြင်းဖြစ်တယ်။ လတ်တလော မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်မယ့် သတိပေး ထုတ်ပြန်ချက် မရှိပါဘူး။ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ ကလူတွေ အမြန်ပြောင်းရွေ့ကြပါ❗❗❗❗❗ ဂြိုလ်တုကပြတဲ့ ပုံအတိုင်းဆို မုန်တိုင်းအရွယ်အစားက တအားကိုကြီးပြီး တော်တော်လေးကိုကျယ်ပါတယ်  ❌❌❌❌ ဖွဲ့စည်း နေတဲ့ တိမ်စုကြီးကလဲ အရွယ်အစားအားနဲ့ နိုင်းယှဉ်ရင် မြန်မာနိုင်ငံ […]

Continue Reading

Fact Check: ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးအောက်မှာ ပိတ်မိနေတဲ့ ကလေးငယ်လား-မဟုတ်ပါ

ရစ်ချ်တာစကေး ၇.၇ စစ်ကိုင်းငလျင်လှုပ်အပြီး ကလေးငယ်တဦး ပြိုကျပျက်စီးသွားတဲ့ အဆောက်အဦးတခု အောက်မှာ ပိမိနေတဲ့ ကလေးငယ်လေးအဖြစ် ဓာတ်ပုံတပုံ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ဓာတ်ပုံဟာ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ပို့စ်စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အသက်လုနေတဲ့ ကလေးလေး မိဘတွေတော့ ရင်ကွဲပါပြီ အားတင်ထားကလေး💔😢 ဘေးကင်းစွာ ထုတ်နိုင်ကြပါစေ 🙏🏻 #myanmar #myanmarearthquake #ငလျင် #မြန်မာ #crdphoto” မူရင်းလင်ခ့် – Original link […]

Continue Reading

Fact Check: ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုပျံ့နှံ့

ငလျင်လှုပ်အပြီး မြန်မာနိုင်ငံအခြေအနေအဖြစ် ထီးတော်မဲ့ ဘုရား ၂ ဆူကြားက အပျက်အစီးများနဲ့ ဖုံးလွှမ်းနေတဲ့ လမ်း ၂ ခုကြားက အဆောက်အဦးတွေကို အမြင့်တနေရာက ရိုက်ကူးထားတဲ့ ဗွီဒီယို တခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။  AI အသုံးပြုဖန်တီးထားတဲ့ ဗွီဒီယိုတခု ဖြစ်ပြီး နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။  မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ဗွီဒီယိုဟာ ပျံ့နှံ့လာတာဖြစ်တယ်။ မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်းမှာ ဖေ့စ်ဘွတ်၊ x နဲ့ […]

Continue Reading

Fact Check: ငလျင်ဘေးအကူအညီပေးတဲ့ ယာဉ်တွေကို PDF တွေက တိုက်ခိုက်တယ်လို့ သတင်းမှားတွေ စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားက ဆက်တိုက်ဖြန့်ချိ

ငလျင်ဘေးအကူအညီပေးနေတဲ့ သူတွေကို ပစ်မှတ်ထားပြီး PDF တွေက တိုက်ခိုက်နေတယ်လို့ဆိုပြီး စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားတခုဖြစ်တဲ့ “မှိုင်းဝေ”အမည်နဲ့ တယ်လီဂရမ်အသုံးပြုသူက ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။    မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့မယ်လို့ ခန့်မှန်းရပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက PDF တွေအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ၂ ပတ်ကြာ ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပြီးနောက် အခုလို ဖြန့်ဝေမှုတွေထွက်ပေါ်လာတာဖြစ်တယ်။ တယ်လီဂရမ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာကြည့်ပါ။  “မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားတဲ့ ယာဥ်တန်း မြင်းမူနားမှာ အကြမ်းဖက် pdfများမှ ချောင်းမြောင်းတိုက်ခိုက်  မှိုင်းဝေ” […]

Continue Reading

Fact Check: ကိုဗစ်ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ ပိုများလား- မဟုတ်ပါ

ကိုဗစ်-၁၉(Covid-19)ကာကွယ်ဆေးထိုးထားသူတွေဟာ ကိုဗစ်ကြောင့် သေဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဝန်ခံလိုက်တယ်လို့ဆိုပြီး ပြောဆိုချက်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။   ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီလိုပြောဆိုခဲ့တဲ့ ဆရာဝန်ဆိုသူ ဓာတ်ပုံပါဝင်ပြီး ပြောဆိုချက်အတိုင်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြချက်ပါတဲ့ စခရင်ရှော့ဓာတ်ပုံတခုကိုလည်း ပို့စ်တင်သူ ၄င်းပို့စ်ရဲ့အောက်က မှတ်ချက်နေရာမှာ ဖော်ပြထားတာတွေ့ရပါ တယ်။  “Covid 19 ဆေးထိုးထားသူတွေဟာ ေ-သဆုံးနိုင်ခြေ ပိုများကြောင်း ကနေဒါနိုင်ငံသား ဆရာဝန်က ဝန်ခံ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တမ်း စခရင်ရှော့ပို့စ်ပါပြောဆိုချက်ဟာ အခုရက်ပိုင်းမှပဲ ပြောကြားခဲ့သ‌ယောင်နဲ့ “BREAKING NEWS:”လို့ ခေါင်းစဉ်တပ်ထားပေမဲ့ […]

Continue Reading

Fact Check: စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်မှု ဗိုလ်လောင်း ၇၀၀ သေဆုံးဆိုတဲ့ ချဲ့ကားထားတဲ့ သတင်းမှား

မန္တလေးတိုင်း ပြင်ဦးလွင်က စစ်တက္ကသိုလ် ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀၀ နဲ့ တိုက်ခိုက်ခံရပြီး ဗိုလ်လောင်း ၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းမှား ဖြန့်ဝေနေခြင်းဖြစ်တာတွေ့ရတယ်။  ဇန်နဝါရီ ၁၄ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။  “မန္တလေး ပြင်ဦးလွင်က စစ်တက္ကသိုလ် (၁၀၇ မမ) ရှော့တိုက်ဒုံး (၁၀၀)လုံးနဲ့ တိုက်ခိုက်ခံရ ဗိုလ်လောင်း (၇၀၀)ကျော် ပွဲချင်းပြီးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုများ ဆက်တိုက်ဖြန့်ဝေနေ

ယခုရက်ပိုင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တော့မည်၊ ပြန်လွှတ်လိုက်ပြီဆိုတဲ့ သတင်းတုတွေ ဆက်တိုက်ဖြန့်ဝေနေပြီး ပျံ့နှံ့မှုလည်း အားကောင်းနေတာတွေ့ရပါတယ်။  ဒီဇင်ဘာ ၃၁ ရက်မှာ စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဖေ့စ်ဘွတ်ပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။ လွတ်လပ်ရေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုတဲ့ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အနေနဲ့ လူထုခေါင်းဆောင် ဒေါ်စုကို လွတ်ပေးပြီဟု အမိန့်စာနဲ့အတူ မအလ ထုတ်ပြန်ကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလို ဗွီဒီယိုတွေကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာတွေက သတင်းတွေကို ကူးယူ‌‌ဖော်ပြပြီး သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိလေ့ရှိတဲ့ ချန်နယ်တွေဖြစ်တာတွေ့ရပါတယ်။ […]

Continue Reading