သံပုရာရည်ကိုရေနွေးနဲ့ဖျော်သောက်တာ ကင်ဆာကို ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား မရှိပါ

သကြားလုံးဝ မစားပါဘဲ သံပုရာသီးကို ရေနွေးနဲ့ဖျော်ပြီးတော့ သောက်မယ်ဆိုရင် ကင်ဆာဆဲတွေအလိုလို သေသွားမယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီပို်စ်ဟာ ၂၀၁၈ ခုနှစ်လောက်ကတည်းက ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး လက်ရှိအချိန် အထိလည်း မျှဝေနေကြဆဲဖြစ်ပြီး ဒီပို့စ်တစ်ခုထဲကိုပဲ လူမှုကွန်ယက်သုံးစွဲ နှစ်သောင်းနီးပါက ပြန်လည်မျှ ဝေခဲ့ကြပြီးဖြစ်ပါတယ်။ “ကင်ဆာကြောင့်မသေနိုင်ကြတော့ပါဘူး” ဒေါက်တာ HEAYTHY LIFE က ပြောတယ် ကိုယ့်ကိုကိုယ်သာ သေချာဂရုစိုက်ပေးနိုင်ရင် ဘယ်သူမှ ကင်ဆာကြောင့်သေစရာမလိုတော့ပါဘူးတဲ့ ပထမအဆင့်က သကြားလုံးဝ မစားပါနဲ့ ရှောင်ပါ အဲဒါကင်ဆာဆဲလ်က အလိုလိုသေသွားပါလိမ့်မယ် ဒုတိယအဆင့်က အစာမစားခင်မှာ သံပုရာတစ်လုံးကို ရေနွေးနဲ့ Blend လုပ်ပြီးသောက်ပါ( ၁)လ ကနေ သုံးလခန့် သောက်ပေးပါ Maryland College of Medicine ရဲ့ Research […]

Continue Reading

သရုပ်ဆောင်စမိုင်းရဲ့မွေးနေ့ကံစမ်းမဲစာရင်းမှာပါဖို့ ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ ပို့စ်ကို မျှဝေစရာ မလိုပါ

သရုပ်ဆောင် စမိုင်းက မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲဖောက်ပေးမှာဖြစ်လို့ ဂရု ၅ ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့နေ တာတွေ့ရပါတယ်။  “May Yati”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက “မွေးနေ့မှာ အွန်လိုင်းကနေပြီး ငွေကျပ်(၃၆)သိန်းဖိုး ကံစမ်းမဲ ဖောက်ပေးမယ်ဆိုတဲ့ စမိုင်း ဂရု၅ခုရှဲပြီး ဖုန်းနံပါတ်ရေးခဲ့ပါ”စသည်ဖြင့်ရေးသားပြီး “ဖုန်းဖြင့် ငွေလက်ခံမည့် သူများစာရင်း”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားပါတယ်။  Fb link Archive link သရုပ်ဆောင်စမိုင်းဟာ သူမမွေးနေ့ပါတီမှာ အွန်လိုင်းကနေပြီးတော့ မဲဖောက်ပေးမယ့်အစီအစဉ်ရှိ တာတွေ့ ရပါတယ်။ သို့သော်လည်း အခုလို့ ပို့စ်ကို ဖေ့စ်ဘွတ်အုပ်စု ၅ ခုမှာ မျှဝေခိုင်းပြီး ဖုန်းနံပါတ်ရေးခိုင်းသလားကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် သရုပ်ဆောင်စမိုင်းရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ “စမိုင္းလ္ Smile”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ […]

Continue Reading

ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်း ကြံ့ခိုင်ရေးပါတီကို ဒေါ်အောင်ဆန်းစုကြည်သတိပေးဆိုတဲ့သတင်းမှား

ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူကတွေက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Aung San Suu Kyi (State Counsellor)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။ Fb link Archive link Archived အချက်အလက်စိစစ်ချက် “ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက“ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီ”လို့ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်မှာပါတဲ့ လင့်ခ်ကို ဖွင့်ကြည်တဲ့အခါမှာ The Voice က အယ်ဒီတာအာဘော်ဖြစ်နေတာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က သတိပေးတယ်လို့ ရေးသားထားခြင်းမရှိတာတွေ့ရပါတယ်။ ဒီလိုပဲ “လိုရင်းပြောရမည်ဆိုပါက ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် ခံယူချက်ဖြင့် ညစ်ပတ်သော တိုက်ကွက်များကို အသုံးမပြုဘဲ ပါဝါနိုင်ငံရေးကိစ္စကို လူကြီးလူကောင်းဆန်စွာ၊ သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းအားဖြင့် ခေတ်သစ်မြန်မာ့ သမိုင်းတွင် လူထု၏ အစဉ်အယုံအကြည်ရှိထိုက်သူ စံပြပုဂ္ဂိုလ်များအဖြစ် နာမည်ကောင်းကျန်ရစ်အောင် ပြုမူဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း ​ကြံခိုင်ရေး ( ခေါ် ) ပြည်ခိုင်ဖြိုးပါတီအားမေတ္တာရပ်ခံလိုပါသည်။”လို့ […]

Continue Reading

မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး ရုတ်တရက် သေဆုံးမှုဟာ ဒဏ်ရာ ဒဏ်ချက် ကြောင့်ဆိုတဲ့ အထောက်အထားမရှိပါ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ဆရာဝန် ဒေါက်တာနေလင်းထွေး ရုတ်တရက် သေဆုံးမှုဟာ မြန်မာတပ်မတော်မှ ဖမ်းဆီးစစ်ဆေးမှုအပြီးရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။  ‎”ဆရာဝန်လောကကိုခြိမ်းခြောက်လာနေသောမြန်မာ့တပ်မတော်နှင့်မြန်မာ့အစိုးရ” ဆိုပြီးတော့ Freedom for Burma အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ မေ ၁၆ ရက်နေ့က အောက်ပါအတိုင်းဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဆေးရုံမှ ဒေါက်တာ (နေလင်းထွန်း)အား စစ်ပွဲအတွင်း ရွာကိုပစ်ခံရလို့ ဒဏ်ရာရသည့် ရခိုင်ပြည်သူ များအား ဆေးကုပေးတယ်ဟုဆိုကာ မြန်မာတပ်မတော်မှ ဖမ်းစီးထားစဉ် နောက်နေ့မနက် သေဆုံးခဲ့တယ် ဆိုပြီးတော့ အောက်ပါအတိုင်းရေးသားဖော်ပြထားပါတယ်။ ဆက်လက်ပြီး နားနှစ်ဖက်သွေး ယိုထွက်ဒဏ်ရာ၊ ဦးခေါင်းသွေးယိုစိမ့်ဒဏ်ရာ၊ ကိုယ်တစ်ကိုယ်လုံး မဲညိုပုပ်လျက် အလီးအပေါ့များထွက်ကျ လျက်သားသေဆုံးခဲ့ တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

မေ ၁၆ ရက် သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ မှတ်ပုံတင်ရှိတဲ့သူတိုင်း ကျပ် ၄၀၀၀၀ ထောက်ပံ့မယ်လို့ ပြောကြားခဲ့ခြင်းမရှိပါ

“မှတ်ပုံတင်ရှိတဲ့ မြန်မာနိုင်ငံသားတိုင်းကို ၄၀၀၀၀ကျပ်ပေးအပ်မည်”ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့ naythimyanmar.com နဲ့ lugyinnews.com ကသတင်းဖော်ပြချက် အပြည့်အစုံမှာ အော်ပါအတိုင်းဖြစ်ပါတယ်။ “အခြေခံလူတန်းစားများအတွက် အစိုးရ၏ ဒုတိယအကြိမ် ထောက်ပံ့မည့်အစီအစဉ်ကို လာမည့် သီတင်းပတ်သုံး ပတ်ခန့်အတွင်း ပေးအပ်ရန် စီစဉ်နေကြောင်းနိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြား လိုက်ပါတယ်။ယခုအကြောင်းကိုတော့ သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲကို မေလ ၁၆ ရက် တွင် အွန် လိုင်းမှ တစ်ဆင့်ပြုလုပ်ချိန်က ဒီအစီအစဉ်ကိုကြေညာခြင်းဖြစ်ပြီးပထမအကြိမ်ကဲ့သို့ အခြေခံလူတန်းစား များကို စားသောက်ကုန် ငါးမျိုး ပေးအပ်မည်မဟုတ်ဘဲ ငွေသားကျပ်ငွေ ပေးအပ်မည်ဟုဆိုပါတယ်။ ဒီလိုငွေကြေး ထောက်ပံ့တဲ့အခါမှာလည်း Online Payment (အွန်လိုင်းငွေပေးချေခြင်း) နဲ့။ ဥပမာအားဖြင့် Wave Money တို့၊ KBZ […]

Continue Reading

ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက် အထား မရှိသေးပါ

ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Netguide Journal အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ ဒီပို့စ်ကလင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် အောက်ပါအတိုင်းရေးသားထားပါတယ်။ ခေါင်းစဉ်မှာ “ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်ကြောင်း သိပ္ပံပညာရှင်းများ တွေ့ရှိ”လို့ ရေးသားထားပေမဲ့ COVID-19 ကိုကာကွယ်ကုသနိုင်သလားဆိုတာ သုတေသနတွေ ထပ်မံပြုလုပ်ရဉီးမယ်လို့လည်း ရေးသားထားပါတယ်။ Fb link Archive link COVID-19 ကပ်ရောဂါကို ကုသနိုင်မယ့်၊ ကာကွယ်နိုင်မယ့် ဆေးဝါး တစ်ချို့ဟာ လူနဲ့ စမ်းသပ်မှုအဆင့်မှာ ရလာဒ်ကောင်းတစ်ချို့ရှိထားပြီးဖြစ်ပေမဲ့ စမ်းသပ်ဆဲအဆင့်မှာပဲရှိနေသေးတာတွေ့ရပါတယ်။ ဆေးခြောက်က COVID-19 ကို ကုသနိုင်သလား ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေး သလို ထောက်ခံချက်ပေးထားတဲ့ဆေးဝါးလည်းမရှိသေးဘူးလို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ […]

Continue Reading

ပိုဗီဒုန်း အိုင်အိုဒင်း(Povidone-Iodine)ဟာ COVID-19 ကို ကုသနိုင်၊ ကာကွယ်နိုင်တယ် ဆိုတဲ့ အထောက်အထားခိုင်ခိုင်မာမာမရှိသေးပါ

“Corona virus ကို Betadine နဲ့ ကာကွယ်ပါ”ဆိုပြီးတော့ ကြော်ငြာတစ်ခုကို “Betadine Myanmar”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။ “လေ့လာတွေ့ရှိချက်များအရ Betadine တွင် ပါဝင်သော ပိုဗီဒုန်း အိုင်အိုဒင်း သည် SARS-CoV and MERS-CoV ကဲ့သို့ Corona virus ကို ပိုးသတ်အာနိသင် ထိရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။ ယခုဖြစ်ပေါ်နေသော COVID-19 သည် SARS-CoV နှင့် ဇီဝအမျိုးအစား ၇၀% တူကြောင်း လေ့လာတွေ့ရှိချက်များအရ သိရှိရပါသည်”ဆိုပြီး လည်ချောင်းဖျန်းဆေးရည်၊အာလုပ်ကျင်းဆေးရည်နဲ့ လက်ဆေး ဆေးရည်တွေကိုကြော်ငြာထား တာတွေ့ ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူတွေကြားမှာရေပန်းစားနေတဲ့ ကောလာဟလတွေကို ရှင်းလင်းထုတ်ပြန်ထား တဲ့အထဲမှာ ခံတွင်းသန့်ဆေးရည်တွေလည်း ပါဝင်တာတွေ့ရပါတယ်။ […]

Continue Reading

COVID-19 ရောဂါနဲ့ဗိုက်တာမင်ဒီအကြောင်းလေ့လာမှုတွေရှိပေမဲ့ ကုသနိုင် ကာကွယ်နိုင်တဲ့အထောက်အထားမရှိပါ

ကိုရိုနာဗိုင်းရပ်စ်ဟာ ပျောက်ကွယ်သွားမှာမဟုတ်သလို လူတိုင်းကူးစက်ခံရမှာသေချာကြောင်းနဲ့ ဗိုက်တာမင်ဒီနေ့စဉ်သောက်သုံးမှုအနည်းအများပေါ်မူတည်ပြီးတော့ သေလူ၊ရှင်လူခွဲလို့ရတယ်ဆိုပြီးတော့ “Kelvin Albert Power”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကရေးသားထားပါတယ်။ COVID-19 ကာလမှ အနည်းဆုံးတစ်နေ့ (10,000 IU)နေ့စဉ်သောက်ဖို့နဲ့ ဗိုက်တာမင်ဒီကို အမြောက်အများလို့ အန္တရာယ်မရှိဘူးလို့ ရေးသားထားတာ တွေ့ရကို အောက်ပါအတိုင်းတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် အောက်စဖို့ဒ်တက္ကသိုလ်က Joseph Lee၊ Oliver van Hecke၊ Nia Roberts တို့ပူးတွဲပြုလုပ်တဲ့ “Vitamin D: A rapid review of the evidence for treatment or prevention in COVID-19”ဆိုတဲ့ သုတေသနမှာ ဗိုက်တာမင်ဒီချို့တဲ့သူတွေအတွက် ဗိုက်တာမင်ဒီဖြည့်စွက်သောက်သုံးတာဟာ အခြားသော အသက်ရှုလမ်း ကြောင်းဆိုင်ရာ ပြဿနာတွေကို ကာကွယ်နိုင်တယ်ဆိုတဲ့အထောက်အထားရှိပေမဲ့ […]

Continue Reading

၂၀၁၁ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဆူနာမီကို သူတို့အိမ်တွေအတွက် ဆုတောင်ပေးပါဉီးဆိုပြီး ထုတ်လွှင့်နေတဲ့ Facebook Live အကြောင်း

ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ “ဂျပန်နိုင်ငံမှာ tsunami ၊ သူတို့အိမ်ကို ဆုတောင်းပေးကြပါ ။ ဘုရားရေ!! “လို့ မြန်မာလို ပြန်ဆိုနိုင်တဲ့ “Tsunami in Japan, pray Them Home. OMG!!”ဆိုပြီး မူရင်းအင်္ဂလိပ်လိုရေးသားပြီး မျှဝေထားတဲ့  ဂျပန်နိုင်ငံက ဆူနာမီ Facebook live ဗွီဒီယိုကို ပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။ “Debimlivinglifemoore”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက Facebook live ဗွီဒီယိုကို ထုတ်လွှင့်ခဲ့ရာမှာ “Moe Htet”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “သတင္းစုံ(NEWS)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေ ထားပါတယ်။အလားတူပဲ “Aungsan Aungsan”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မျမန္မာ့ သတင္းစံု” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link “Debimlivinglifemoore” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ၇ နာရီခွဲကျော်ကြာမြင့်တဲ့ […]

Continue Reading

Mask အဟောင်းတွေကို ဈေးကွက်ထဲသို့ရောင်းဝယ်နေမှုအထူးသတိပြုပါဆိုတဲ့ ပို့စ်မှာ ပါတဲ့ ဓာတ်ပုံတွေက မြန်မာနိုင်ငံက မဟုတ်ပါ

“ယခုဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါပိုးပြန့်ပွားနေမှု့ကို အကြောင်းခံပြီး မြန်မာနိုင်ငံရှိ ပြည်သူများကို လိမ်ညာရောင်းနေကြသည့် Mask များသည် အများပြည်သူများ ဝယ်ယူတပ်ဆင်ထားပြီးသော Mask အဟောင်းများကို ပြန်လည်ကောက်ယူကာ လျှော်ဖွတ်၍ အသစ်ပုံစံအတိုင်း ပြုလုပ်ပြီး ဈေးကွက်ထဲသို့ ဈေးပေါပေါဖြစ် ဖြန့်ချီးရောင်းဝယ်နေတာတွေ ရှိနေပါတယ်။ ၎င်းပြန့်ချီးရောင်းဝယ်နေသော Mask အဟောင်း များသည် အများပြည်သူများထံ ပြန်လည်းရောက်ရှိကာ COVID-19 ရောဂါပိုးမကူးဆက် နိုင်ရန်အတွက်၎င်း ၊ မျက်နှာပေါ်သို့ ကာကွယ်ထိန်းချုပ်ရန်အတွက်၎င်း ၊  တပ်ဆင်ရာတွင် ပုံပါအတိုင်း မျက်နှာပေါ်ရှိ အရည်ပြားများ ပျက်စီးဆုံးရှုးမှုနဲ့ တွေ့ကြုံရပါသည်”ဆိုတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။  “ပန်းနုရောင်ကောင်မလေး ပန်းနုရောင်ကောင်မလေး”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မြန်မာသတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲကို “မေ သူ”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူရဲ့ပို့စ်ကို ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။ ဒီပို့စ်ကို “မေ သူ”က “ဝူဟန်/ကိုရိုနာဗိုင်းရပ်စ်COVID-19 […]

Continue Reading