Fact Check: တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာတဲ့ သတင်းတု 

တနိုင်ငံလုံး ထိုးစစ်ရပ်ပြီး တပ်ပြန်ဆုတ်မည်ဟု မြန်မာစစ်တပ်ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၃၀ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပါ စာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာ ကြည့်ပါ။ “ထိုးစစ်အားလုံးရပ်ပြီး တပ်ဆုတ်ပြီ တစ်နိုင်ငံလုံး ထိုးစစ်ရပ်မည်ဟု မင်းအောင်လှိုင်ကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိနေတဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ခဲ့တာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။  Also […]

Continue Reading

Fact Check:  NLD ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးကို စစ်တပ်က ညတွင်းချင်း သေဒဏ်ပေးတဲ့ သတင်းတု

စစ်တပ်က NLD ‌ခေါင်းဆောင် ၃ ဦးကိုဖမ်းပြီး ညတွင်းချင်း သေဒဏ်ပေးလိုက်ပြီလို့ဆိုလိုထားတဲ့  ဗွီဒီယိုယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၂၂ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “စစ်တပ်ကNLD ခေါင်းဆောင်(၃)ဦးဖမ်းပြီး  ညက သေဒဏ်ပေးလိုက်ပြီတဲ့ဗျာ/လွန်သွားပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit thit channel”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ရုရှားကို ထွက်‌ပြေးပြီဆိုတဲ့ သတင်းတု

ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။  သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  ဒီဇင်ဘာ ၁၃ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။ “၁၃ရက်နေ့ စစ်အရာရှိတွေပြေးကုန်ပြီ (၇၂)နာရီအတွင်း တပ်ချုပ်ကိုဖမ်းရန် ကုလထုတ်တဲ့အမိန့်ကြောင့် မအလ ရရှားတန်းပြေးပြီး/မဲလုံးအတည်ပြု” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် အခု ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ ကုလသမဂ္ဂက ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို ထွက်ပြေးပြီလို့ဆိုထားပေမဲ့ ဒီအကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ရာဇသံပေးတဲ့ သတင်းတု

၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်ပြီး လွှတ်မပေးပါက ဖမ်းထားတဲ့ စစ်သုံပန်းတွေကို အကုန်လည်လှီးသတ်မယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၆ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “(၃)ရက်အတွင်း အမေစုကို ပြန်မလွှတ်ပေးပါက  ဖမ်းထားတဲ့ တိုင်းမှူးနဲ့စစ်ခွေး(၂၀၀၀)ကျော် အကုန်လည်လှီးသတ်ပစ်မည်ဟု AA ဒဲ့ပြော” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေနဲ့ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ […]

Continue Reading

Fact Check: Pizza Hut က မွေးနေ့လက်ဆောင်ပေးနေတယ်ဆိုတာ လိမ်လည်လှည့်စားမှု သာဖြစ်တယ်

Pizza Hut ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ‘Happy Birthday’ မက်ဆေ့ချ် ပေးပို့ထားသူတွေဟာ ဘယ်ပီဇာဆိုင်မှာ မဆို အခမဲ့ပီဇာပုံးသုံးပုံးကို ရယူနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု Pizza Hut Fans အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီပြောဆိုချက်ဟာ လိမ်လည်လှည့်စားမှုသာဖြစ်တယ်။  ဖေ့စ်ဘွတ်ပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ရေးသားဖြန့်ဝေမှု ကို ဒီနေရာမှာလည်းတွေ့ရတယ်။ “@Pizza ၏မွေးနေ့ကို ဂုဏ်ပြုရန်အတွက် ယခင်က ‘Happy Birthday’ မက်ဆေ့ချ်များ ပေးပို့ထားသူများထံသို့ ဘောက်ချာများ ပေးပို့ထားပါသည်။ အောက်တိုဘာ ၁။ ကူပွန်တစ်ခုစီကို မည်သည့်ပီဇာစားသောက်ဆိုင်တွင်မဆို အခမဲ့ပီဇာပုံးသုံးပုံးကို ရယူနိုင်ပါသည်။ 🎁 မှတ်ချက်- 10 မှ 12 ယောက်ကို ကျပန်းရွေးချယ်ပြီး သီးသန့်မက်ဆေ့ချ်မှတစ်ဆင့် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆို ချက် စစ်တပ်လက်ခံတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုချက် မြန်မာစစ်တပ်လက်ခံလိုက်တယ်လို့ ဆိုပြီး ဗွီဒီယိုကို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “ဒေါ်စု အရေးပေါ်သတင်း အမေစု ပြန်လွတ်ဖို့ တောင်းဆိုပြီ ၊ ပုပ်ရဟန်းမင်းကြီး တောင်းဆိုချက်အကြမ်းက် စစ်ကောင်စီလက်ခံ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်း‌ ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။  Also read – ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမ​စေရှိစေရေး ဒေါ်အောင်ဆန်းစုကြည်လျှောက်ထား ဆိုတဲ့ သတင်းမှား အခုလည်း […]

Continue Reading

Fact Check: တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးတဲ့ သတင်းတု

တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာသတင်းတု တခုသာဖြစ်တယ်။  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တောင်ငူအကျည်းထောင်မှာ ပွဲဆူပြီ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်လို့တဲ့  ပြည်သူတွေအလောင်းပြန်တောင်းတာမရဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။ Also Read […]

Continue Reading

Fact Check: ရခိုင်ပြည်နယ် မောင်ရွှေလေးရေတပ်စခန်းကို AA တိုက်ခိုက်မှု ဓာတ်ပုံလား- မဟုတ်ပါ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က တိုက်ခိုက်စဉ်မှာ နစ်မြုပ်ခဲ့တဲ့ မြန်မာရေတပ်သင်္ဘောဓာတ်ပုံလို့ဆိုလို ထားတဲ့ ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ဟယ်… မောင်ရွှေလေး ရေကူးနေကြပြီ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်စခန်းကို AA က လအနည်းငယ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်မှာ ဒီစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကြေညာပါတယ်။ မူလထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ […]

Continue Reading

Fact Check: NUG ကို အစိုးရအဖြစ် ကုလကြေညာဆိုတဲ့ သတင်းတု

NUG ကို အစိုးရအဖြစ် ကုလသမဂ္ဂက အတည်ပြုကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ “NUG ကိုအစိုးရအဖြစ်တင်မြှောက်လိုက်ပြီ NUGသာမြန်မာအစိုးရအဖြစ်ကုလကြေငြာလိုက်ပြီ အာဏာလုစစ်ကောင်စီငါးပါးမှောက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကိုပြန်လည် ဖော်ပြရာမှာ အခုလိုပဲ သတင်းခေါင်းစဉ်တုတပ်ကာဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myammar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင်ခ့်မှာကြည့်ပါ။ NUG ကို အစိုးရအဖြစ် ကုလသမဂ္ဂက အတည်ပြုကြေညာလိုက်တယ်ဆိုတဲ့ […]

Continue Reading

Fact Check: ရခိုင်ကို ဗုံးကြဲမယ့် လေယာဉ်မှူးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲရိုက်ထားတဲ့ ဓာတ်ပုံဆိုတဲ့ သတင်းမှား

၂၀၁၈ ခုနှစ်အတွင်းက ရခိုင်ကို ဗုံးကြဲမယ့် လေယာဉ်မှူးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲရိုက်ထားတဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုတခုဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ် ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “(2018 အမှတ်တရများ) ရခိုင်ကိုဗုံးသွားကြဲခါနီး တိုက်လေယဉ်မူးများကို အားပေးချီးကျူးစကားပြောရင်း အမှတ်တရပေါ့” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ စခရင်ရှော့ဓာတ်ပုံထဲကနဲ့ တူညီတဲ့ အခြားသော ဓာတ်ပုံတွေမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်စွဲပါဝင်ပြီး ယင်းအချိန်က အဓိကပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။  သတင်းမှား ပျံ့နှံ့ခဲ့တဲ့ […]

Continue Reading