COVID-19 လူနာနဲ့ထိတွေ့ခဲ့တဲ့ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ၁၄ ရက် self-quarantine လုပ်နေရဆိုတဲ့ သတင်းမှား

COVID-19 လူနာနဲ့ထိတွေ့ခဲ့တဲ့ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ၁၄ ရက်သီးခြားစောင့်ကြည့်နေရ ဆိုတဲ့သတင်းတစ်ခုကို “Aung Naing Htwe” အမည်နဲ့အကောင့်က ရေးသားထားပါတယ်။ “ဒေါ်စု ၁၄ ရက် Quarantine ဝင်နေပါတယ်လို့ ဆုတောင်းဖို့ သတင်းမှန်ပေးလည်း ငှက်တွေက ဆဲနေကြတယ်ဆိုတာ မြင်တဲ့ အတိုင်းပဲ..ထွီး”ဆိုပြီး အကောင့်မှာထပ်မံ ရေးသားထားပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာ မည်သည့် Quarantine မှလုပ်ဆောင်ရခြင်း မရှိဘဲ ကျန်းမာရေး အထူးကောင်းမွန်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မတ် ၃၁ ရက် မွန်းလွဲပိုင်းမှာ မီဒီယာတွေကို ပြောကြားခဲ့တာအောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ “”နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ ကျန်းမာရေး […]

Continue Reading

အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဖျက် သိမ်းဆိုတဲ့ သတင်းမှား

“အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီကို ယနေ့ ဖျက်သိမ်း” Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဒု-သမ္မတ (၁) ဦးဆောင်၍ ပြန်လည်ဖွဲ့စည်း”ဆိုပြီးတော့ “People Media”က လူမှုကွန်ယက်မှာမျှဝေလာပါတယ်။ Fb link Archive link နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဉီးဆောင်တဲ့ကော်မတီကို တကယ်ဖျက်သိမ်းခဲ့ပါသလား အချက်အလက်စိစစ်ချက် မတ် ၃၀ ရက်စွဲနဲ့ သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၅၃ /၂၀၂၀ အဖြစ် ယနေ့ မတ် ၃၁ ရက်မှာ ထုတ်ပြန်တဲ့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖွဲ့စည်းခြင်းအမိန့်ကြော်ငြာစာအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ Fb link Archive link ဒီအမိန့်ကြော်ငြာရဲ့ […]

Continue Reading

ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူရှင်တွေကို ပုံဖျက်ထားတဲ့ သတင်းမှား

“အတိုင်ပင်ခံနှင့် ကိုယ်ပျောက်ကြီးစာရင်းမတွေ့ရသေးဘူး ဘယ်တော့လဲ”ဆိုပြီးတော့ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူရှင်တွေစာရင်းတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ အလှူရှင်တွေထဲမှာ အရင်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတ(ငြိမ်း)ဉီးသိန်းစိန်စတဲ့ ပုဂ္ဂိုလ်တွေပါဝင်တာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂ ရက်အတွင်းမှာ ဒီပို့စ်ကို လူမှုကွန်ယက်သုံးစွဲသူ ၂ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။ Fb link Archive link တကယ်ပဲ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ လှူဒါန်းခဲ့ပါသလား။ အချက်အလက်စိစစ်ချက် ဒီမျှဝေထားတဲ့ ဓာတ်ပုံကို ကြည့်မယ်ဆိုရင် အလှူငွေစာရင်းရဲ့ အပေါ်ဆုံးပိုင်းမှာ နောက်ခံအရောင်အနည်း ငယ်ဖြူနေတာတွေ့ရပါတယ်။ အလှူငွေစာရင်းတွေကို အစိုးရပိုင်သတင်းစာတွေမှာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ မတ် ၂၆ ရက်နေ့ထုတ် ကြေမုံသတင်းစာ စာမျက်နှာ ၃ ပါပုံနဲ့ယှဉ်ကြည့်နိုင်ပါတယ်။ စာမျက်နှာသုံးမှာ အခုပုံကို တွေ့ရမှာဖြစ်ပါတယ်။ The Mirror မတ် ၂၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၁ […]

Continue Reading

Ygn ..48hrs အတွင်း LOCK DOWN ချပါမယ်ဆိုတဲ့ သတင်းမှား

မတ် ၂၉ ရက်အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်တဲ့ covid-19 အတည်ပြုလူနာ ၈ ဉီးမှာ ၅ ဉီးဟာ ရန်ကုန်မှာဖြစ်ပါတယ်။ ပြည်တွင်းပထမဆုံး ကူးစက်လူနာအဖြစ် ဧည့်လမ်းညွှန်အမျိုးသမီးဖြစ်သူ လူနာအမှတ်(၈)ကလည်း ရန်ကုန်ကဖြစ်နေချိန်မှာ “Ygn ..48hrs အတွင်း LOCK DOWN ချပါမယ် Comfrim ဖြစ် ပါပြီ..မကြာခင် တရားဝင် ကြေငြာတော့မယ် …Crd# ကပ် ဆိုးဘေးဆိုးမှ ကင်းဝေးကြပါစေ…”ဆိုပြီးတော့ May Thazin Soe အမည်နဲ့အကောင့်က ရေးသားထားတာတွေ့ရပါတယ်။ Aung Kyaw Oo အမည်နဲ့အကောင့်ကလည်း “Current Affiars”အမည်နဲ့ ဖေစ့်ဘွတ်အုပ်စုထဲမှာ မျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link […]

Continue Reading