အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဖျက် သိမ်းဆိုတဲ့ သတင်းမှား

False ကူးစက်ရောဂါ၊ အစိုးရ လူမှုရေး

“အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီကို ယနေ့ ဖျက်သိမ်း”

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဒု-သမ္မတ (၁) ဦးဆောင်၍ ပြန်လည်ဖွဲ့စည်း”ဆိုပြီးတော့ “People Media”က လူမှုကွန်ယက်မှာမျှဝေလာပါတယ်။

Fb linkArchive link

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဉီးဆောင်တဲ့ကော်မတီကို တကယ်ဖျက်သိမ်းခဲ့ပါသလား

အချက်အလက်စိစစ်ချက်

မတ် ၃၀ ရက်စွဲနဲ့ သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၅၃ /၂၀၂၀ အဖြစ် ယနေ့

မတ် ၃၁ ရက်မှာ ထုတ်ပြန်တဲ့ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖွဲ့စည်းခြင်းအမိန့်ကြော်ငြာစာအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Fb linkArchive link

ဒီအမိန့်ကြော်ငြာရဲ့ နောက်ဆုံးအပိုဒ်မှာ ဇန်နဝါရီ ၃၀ ရက်က အမိန့်ကြော်ငြာစာအမှတ်၊ ၂၃/၂၀၂၀ အရ ဖွဲ့စည်းခဲ့တဲ့  2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို ဖျက်သိမ်းလိုက်တယ်လို့ဖော်ပြထားပါတယ်။ ဒီကော်မတီကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခြင်းမရှိပါဘူး။ 

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ကော်မတီဟာ အမိန့်ကြော်ငြာစာအမှတ် ၄၅/ ၂၀၂၀ နဲ့ မတ်လ ၁၃ ရက်မှာ ထုတ်ပြန်ကြော်ငြာခဲ့တဲ့ Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဖြစ်ပါတယ်။ 

အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Fb linkFb link
Archive linkArchive link

သုံးသပ်ချက်

အထက်ကအချက်အလက်တွေအရ “People Media”မှာ “အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီကို ယနေ့ ဖျက်သိမ်း”ဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။ သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၄၅/ ၂၀၂၀ နဲ့ မတ်လ ၁၃ ရက်မှာ ထုတ်ပြန်ကြော်ငြာခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ကိုဖျက်သိမ်းခြင်းမရှိပါဘူး။

Avatar

Title:အတိုင်ပင်ခံ ဦးဆောင်သည့် COVID-19 အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီဖျက် သိမ်းဆိုတဲ့ သတင်းမှား

Fact Check By: Zaw Wai 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *