Fact Check: ဝန်ထမ်းတွေကို စစ်တပ်က လစာ ၂ ဆတိုးပေးဆိုတဲ့ သတင်းမှား
ဧပြီ ၁ ရက်ကစပြီး ဝန်ထမ်းတွေကို စစ်တပ်က လစာ ၂ ဆတိုးပေးလိုက်ပြီလို့ ဆိုတဲ့ အမိန့်ကြေညာချက်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၁၉ ရက်စွဲနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုး ထုတ်ပြန်တယ်ဆိုတဲ့ ဒီထုတ်ပြန်ချက်ထဲမှာ ခေတ်ကာလနဲ့ မကိုက်ညီတော့တာကြောင့် လစာနှုန်းထားတွေ ပြင်ဆင်သတ်မှတ်လိုက်တယ်လို့လည်း ဖော်ပြထားတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဒီလစာတိုး ထုတ်ပြန်ကြေညာချက်ကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါ။ စစ်တပ်ထိန်းချုပ်မှုအောက်က ပြန်ကြားရေးဌာနနဲ့ မြဝတီသတင်းတွေမှာလည်း ဒီလို […]
Continue Reading