Fact Check: စစ်ပွဲကာလအတွင်းမှာ ရုရှားနဲ့ ယူကရိန်းကချစ်သူ ၂ ဦးချစ်နေပုံလား-မဟုတ်ပါ
စစ်ဖြစ်နေတဲ့ နှစ်နိုင်ငံကြားက ချစ်သူနှစ်ဦးရဲ့ချစ်ခြင်းဆိုပြီးတော့ အပြာနဲ့အဝါစပ်အလံခြုံထားတဲ့ အမျိုးသား ကောင်လေးနဲ့ ဖြူ၊ပြာ၊နီစပ်ကြားအလံခြုံထားတဲ့ကောင်မလေးတစ်တို့ ရင်ချင်းအပ်နေတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ ဖြူ၊ပြာ၊နီစက်ကြားအလံဟာ ရုရှားနိုင်ငံအလံဖြစ်ပြီး အပြာ၊အဝါစပ်အလံဟာ ယူကရိန်နိုင်ငံအလံဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား စစ်ပွဲစတင်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်စပြီး ဒီဓာတ်ပုံပျံ့နှံ့လာတာဖြစ်ပါတယ်။ “နှစ်နိုင်ငံကြား စစ်ဖြစ်နေပေမယ့် မင်းဟာ ငါ့ရဲ့ အချစ်ဆုံးပါပဲ” စသည်ဖြင့် ရေးသားပြီး ဓာတ်ပုံကို အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဓာတ်ပုံကို ပြန်လည်မျှဝေမှု ၁၅၀ ဝန်းကျင်ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ […]
Continue Reading
