
ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ရုရှားဟာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုသတင်းဟာ လူမှုကွန်ယက် အသုံးပြုသူများအကြား ရေပန်းစားတဲ့ခေါင်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အင်းအားမမျှပေမဲ့ ယူကရိန်းသမ္မတကိုယ်တိုင် ရှေ့တန်းကနေ ခုခံကာကွယ်နေတယ်လို့ ချီးကျူးရေးသားထားတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။
သို့သော် ဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်အတွင်းက ယူကရိန်းသမ္မတ ၂၀၂၁ ခုနှစ်ဧပြီလအတွင်းက စစ်အခြေစိုက် စခန်းတွေကို သွားရောက်လည်ပတ်တုန်းက ဓာတ်ပုံဖြစ်ပါတယ်။
“ဒါကတော့ ယူကရိန်းသမ္မတပါ။ အခုတော့ ရှေ့တန်းမှာ စစ်သည်တွေနဲ့အတူ တွေ့မြင်ရပုံဖြစ်ပါတယ်။ သူဟာ အခုထိ ယူကရိန်းကို စွန့်ခွာထွက်ပြေးသွားခြင်း မရှိသေးပါဘူး။ ယူကရိန်းစစ်တပ်ဟာ ရုရှားထက် အများကြီး အင်အားနည်းပေမယ့် မျှော်မှန်းထားတာထက် ပိုပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီနေ့က အဆိုးဆုံးတိုက်ပွဲကြီးတွေ ဖြစ်လာမယ့်နေ့လို့လဲ ကမ္ဘာက ခန့်မှန်းထားကြပါတယ်။ မြို့တော်ကို ရေရှည်ထိန်းထားဖို့ မလွယ်ပါဘူး။
God bless you.”စသည်ဖြင့်ရေးသားပြီး “Omicron”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေ ထားတာတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး(Volodymyr Zelenksy)ဟာ ရုရှားခွဲထွက်တွေ ထိန်းချုပ်ထားတဲ့ဒေသတွေကို ပြီးခဲ့တဲ့နှစ်အတွင်းမကြာခဏ သွားရောက် လည်ပတ်ခဲ့တာတွေ့ရပါတယ်။ စစ်အခြေစိုက်စခန်းတွေကို သွားရောက်လည်ပတ်ရာမှာ သူဟာ စစ်ဝတ်စုံဝတ်ဆင် လေ့ရှိတာတွေ့ရပါတယ်။ ဒီဝက်ဘ်ဆိုဒ်မှာ သူ့ရဲ့ အလုပ်သဘောသွားရောက်လည်ပတ်မှုတွေအဖြစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က နောက်ဆုံးထုတ်ပြန်ထားတာတွေ့ ရပါတယ်။
နိုင်ငံရဲ့ အစိတ်အပိုင်းအများအပြား ရုရှားလက်အောက်ကျရှုံးခဲ့ရပြီးဖြစ်သလို ရုရှတပ်တွေဟာ မြို့တော်ကိယက်ဗ် (Kyiv)အထိ ရောက်ရှိလာနေပါတယ်။ ဒီလိုအခြေအနေမှာဗိုလိုဒီမာ ဇီလန်စကီးက သူ့အနေနဲ့ ဘယ်မှ မထွက်ခွာ ဘဲ ကိယက်ဗ်၌သာဆက်ရှိနေမှာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်ပဲမှာပြောပါတယ်။
ထို့အပြင် အရင် ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကို(Petro Poroshenko)ကလည်း ရိုင်ဖယ်တစ်လက်နဲ့ မြို့တော်ကိယက်ဗ်မှာ လမ်းပေါ်ထွက်လာတဲ့ ဗွီဒီယိုကိုတွေ့ရပါတယ်။
သို့သော်လည်း ယခုပျံ့နှံ့လျက်ရှိတဲ့ ယူကရိန်းသမ္မတစစ်ဝတ်စုံအပြည့်အစုံနဲ့ ဝတ်ထားတဲ့ပုံတွေဟာ အခုလက်ရှိ ပုံတွေ မဟုတ်ဘဲ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်စွဲနဲ့ ဂျာမန်သတင်းဌာနတစ်ခုက ရေးသားထားတဲ့ ဒီသတင်းမှာ ဒီဓာတ်ပုံကိုတွေ့ရပါတယ်။

မူရင်းလင်ခ့် – Welt | Archive link
အခြားသောစစ်ဝတ်စုံနဲ့ဓာတ်ပုံကို Coffeeordie အမည်နဲ့ဝက်ဘ်ဆိုဒ်က သတင်းတစ်ပုဒ်မှာ တွေ့ရပြီး ဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်က Donbas ရှေ့တန်းစခန်းမှာရိုက်ကူးထားတာဖြစ်ပါတယ်။

မူရင်းလင်ခ့် – Coffeeordie | Archive link
နောက်ထပ်ဓာတ်ပုံတစ်ပုံကိုလည်း ဒီလင့်ခ်မှာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီ ၈ ရက်က Donbas ရှေ့တန်းစခန်း ကိုသွားရောက်စဉ်က ဓာတ်ပုံဖြစ်ပါတယ်။
သုံးသပ်ချက်
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ စစ်အခြေစိုက်စခန်းတွေကို စစ်ဝတ်စုံဝတ်ပြီး မကြာခဏသွား ရောက်လည်ပတ်တာတွေ့ရပါတယ်။ သို့သော်လည်း အခုပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံတွေဟာ ယခုရက်ပိုင်း ရုရှားကျူးကျော်တိုက်ခိုက်မှုအတွင်းဖြစ်စဉ်အတွင်းက အဖြစ်အပျက်နဲ့သက်ဆိုင်ခြင်းတော့မရှိပါဘူး။

Title:Fact Check: ရုရှားကျူးကျော်မှုကို ယူကရိန်းသမ္မတကိုယ်တိုင် စစ်ထွက်တိုက်နေတဲ့ ဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Missing Context