Fact Check: ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်း တိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မိုးလေဝသ သတင်းမှား

ဆိုင်ကလုန်းထက် ၃ ဆပိုပြင်းကာ မြို့ ပေါင်း ၉၃ မြို့ကို ဖြတ်သန်းတိုက်ခိုက်ပြီး လူပေါင်း ၉ သန်း သေနိုင်တဲ့ မိုးလေဝသ သတင်းမှားပို့စ်တခု နိုဝင်ဘာ ၁၈ ရက်က ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ဆိုက်ကလုန်းမုန်တိုင်းထက်(၃)ဆပိုပြင်းမည် လူပေါင်း(၉)သန်းသေနိုင်တယ်တဲ့ အခုကြေညာတဲ့မြို့ (၉၃)ခု ချက်ချင်းရှောင်ကြပါ ၁၈/၁၉(၂)ရက်အတွင်းဝင်မည် ပညာရှင် ဦးဝင်းနိုင် အထူးသတိပေးကြေညာပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲတပ် ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: ဗိုလ်နဂါးရဲ့ BRNA က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိဆိုတဲ့ သတင်းမှား 

ဗိုလ်နဂါးရဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်(BRNA)က ပုလဲမြို့ကို သိမ်းပိုက်လိုက်ပြီး တပ်သား ၅၀၀၀ လောက် ဖမ်းဆီးရမိတယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာဟာ ချဲ့ကားရေးသားထားတဲ့ သတင်းမှားတခုသာ ဖြစ်တယ်။ တကယ်တမ်းမှာ ဗိုလ်နဂါးဦးဆောင်တဲ့ BRNA တပ်ဖွဲ့က ပုလဲမြို့ကို အလုံးစုံ ထိန်းချုပ်ခါနီးမှာပဲ ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက် ဖြစ်တယ်။  “ဗိုလ်နဂါးလက်စွမ်းပြနေပြီ ပုလဲမြို့သိမ်းတိုက်ပွဲ တပ်သား ၅၀၀၀ လောက် ဖမ်းခံရပြီ  AA ကလည်း ဝင်တိုက်နေပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khitthit”အမည်နဲ့ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တပ်ကာ ဗွီဒီယိုကို ဖြန့်ချိပါတယ်။ […]

Continue Reading

Fact Check: ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးတဲ့ သတင်းတု 

ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေဘုရားလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးမှုဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါ တယ်။ သတင်းတုတခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ် ချက်ဖြစ်တယ်။  “မြို့လယ်ကောင်မှာ အသေဆိုးနဲ့သေပြီ၊ရုပ်သံ ဝဋ်လည်ပြီ ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ Mi-27 ရဟတ်ယာဉ်ပြုတ်ကျလို့ ဆူးလေလမ်းမပေါ်မှာ ပွဲချင်းပြီးသေဆုံး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “ရန်ကုန်ဝန်ကြီးချုပ်နဲ့အဖွဲ့ ဆူးလေဘုရားလမ်းမှာ ရဟတ်ယာဉ်ကျသေဆုံးမှု”ဆိုတဲ့ အကြောင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ သတင်းဖော်ပြချက် မတွေ့ရပါဘူး။ တကယ်တမ်းမှာ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းတု ဗွီဒီယိုတွေ ဖြန့်ချိနေတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ တကယ်တမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်က ပြန်လာတဲ့ စစ်တပ်ရဟတ်ယာဉ် ငဖဲမြို့နယ်ဘက်မှာ […]

Continue Reading

Fact Check: အမ်းမှာ AA က စစ်ကောင်စီရဟတ်ယာဉ်ပစ်ချခဲ့တဲ့ ဗွီဒီယိုလား-မဟုတ်ပါ 

ရခိုင်ပြည်နယ် အမ်းမြို့မှာ ရခိုင်တပ်တော်(AA)က စစ်ရဟတ်ယာဉ်တစီး ပစ်ချမှုဆိုတဲ့ ဗွီဒီယိုဖိုင် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါ တယ်။ AA ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းထဲမှာပဲ အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်မှုဖြစ်စဉ်မှာ ရဟတ်ယာဉ် တစီးပစ်ချခဲ့တယ်ဆိုပြီးတော့ သတင်းထွက်ပေါ်အပြီးမှာ အခုလို ပျံ့နှံ့လာတာဖြစ်တယ်။   တကယ်တမ်းမှာ ဒီဗွီဒီယိုဟာ ပင်လည်ဘူးမြို့မှာ စစ်ရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရစဉ်က ဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ကင်ခံလိုက် ရပီး ၊ ရခိုင်ပြည် အမ်းမြို့ လို့ပြောပါတယ် ကွက်တိပဲ ဘယ်နှစ်ဦးလဲ များမယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါမြင်ကွင်းတချို့ကို ဓာတ်ပုံအဖြစ်ပြောင်းလဲပြီး Google […]

Continue Reading

Fact Check: AA က ရေတပ်ပိုင်ဆိုင်နေပြီဆိုတဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံ

ရခိုင်တပ်တော်(AA)က ပင်လယ်ပြင် ကင်းလှည့်ရေယာဉ်တွေ ပိုင်ဆိုင်နေပြီလို့ ဆိုထားပြီး ရခိုင်တပ်တော် အလံနဲ့ ကင်းလှည့်ရေယာဉ်တစီးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ တပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ မူလ အီရန်ကမ်းစောင့်တပ်အလံကို ပြုပြင်ထားတဲ့ ဓာတ်ပုံပို့စ်တခုဖြစ်တာတွေ့ရတယ်။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ရခိုင်တပ်တော် နေဗီးအသုံးပြုနေပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရမှာ ဒီဓာတ်ပုံဟာ အရှေ့အလယ်ပိုင်းက အီရန်နိုင်ငံအကြောင်းဖော်ပြတဲ့ သတင်းတွေမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက အသုံးပြုထား တာတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းက အမေရိကန်အသံ(Voice of America)ကဖော်ပြခဲ့တဲ့ သတင်းတွေမှာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆို ချက် စစ်တပ်လက်ခံတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုချက် မြန်မာစစ်တပ်လက်ခံလိုက်တယ်လို့ ဆိုပြီး ဗွီဒီယိုကို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “ဒေါ်စု အရေးပေါ်သတင်း အမေစု ပြန်လွတ်ဖို့ တောင်းဆိုပြီ ၊ ပုပ်ရဟန်းမင်းကြီး တောင်းဆိုချက်အကြမ်းက် စစ်ကောင်စီလက်ခံ” မူရင်းလင်ခ့် – Yotube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်း‌ ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။  Also read – ဘာသာကြီးတစ်ခုတည်းကြီးစိုးမှုမ​စေရှိစေရေး ဒေါ်အောင်ဆန်းစုကြည်လျှောက်ထား ဆိုတဲ့ သတင်းမှား အခုလည်း […]

Continue Reading

Fact Check: အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားဆိုတဲ့ သတင်းတု

အင်းစိန်ထောင်ကို PDF သိမ်းပိုက်လိုက်ပြီး ရန်ကုန်မြို့ဝက်ကိုလည်း စီးနင်းထားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့နဲ့ စာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “အကျဉ်းသား ၂ သိန်းလွတ်ပြီ အင်းစိန်ထောင်သိမ်းခံလိုက်ရပြီ ရန်ကုန်မြို့တစ်ဝက်နီးပါး သိမ်းခံလိုက်ရပြီ” မူရင်းလင်ခ့် – Yotube link | Archive link အလားတူစွာပဲ ဒီချန်နယ်က အင်းစိန်မြို့ကို PDF ဝင်စီးပြီး ရန်ကုန်တမြို့လုံးတိုက်ပွဲပြင်ထန်းနေတယ်လို့ ဇူလိုင် ၂၂ ရက်မှာ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ထိုင်းဘာသာစကားနဲ့“สล็อต_น้าลิง”လို့အမည်ပေးထားတဲ့ ယူကျူ့ချန်နယ်ဟာ စလော့ဂိမ်းကြော်ငြာတွေနဲ့ သတင်း‌ ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေကို ဖြန့်ဝေနေတဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: မန္တလေးမြို့တွင်းကို KIA နဲ့ PDF ဝင်စီးတိုက်ခိုက်ရာ စစ်တပ်က ရာနဲ့ချီ သေဆုံးဆိုတဲ့ သတင်းတု

မန္တလေးမြို့တွင်းကို KIA နဲ့ PDF ဝင်စီးတိုက်ခိုက်ရာ စစ်တပ်က ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ သတင်းတု ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “မန္တလေးမြို့ မီးတောက်ပြီ နာရီဝက်အတွင်း စကစတပ်တွေ ရာနဲ့ချီ ကျဆုံး မန္တလေးမြို့တွင်း KIA,PDFတပ်မှ ဝင်စီး၊စစ်ခွေး ရာနဲ့ချီ ကျဆုံး၊ ပြည်သူတွေ အကုန်ထွက်ပြေးတိမ်းရှောင်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေနေတဲ့ “Share Local Media”ဟာ အခုလိုပဲ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ဖော်ပြီး သတင်းခေါင်းစဉ်တုတပ်ကာ […]

Continue Reading

Fact Check: ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲတိုက်ခိုက်ခံရဆိုတဲ့ သတင်းတု

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မန္တလေးနန်းတွင်းမှာ ဗုံးကြဲခံရပြီး သေမသေ မသိရသေး ဘူးဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းတုတခု သာဖြစ်တယ်။  အောက်ပါစခရင်ရှော့နဲ့ စာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်တယ်။  “ဗိုလ်ချုပ်စိုးဝင်း ဇာတ်သိမ်းပြီဟေ့ ဒု-စစ်ခေါင်းဆောင်စိုးဝင်း မန္တလေးနန်းတွင်မှာဗုံးကြဲခံရ သေမသေမသိရသေး(ပွဲဆူပြီဟေ့)” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြတာ၊ ဖေ့စ်ဘွတ် အသုံးပြုသူတွေ မျှဝေတဲ့  အတွေးအမြင်တွေကို ပြန်လည်ဖြန့်ချိတာ တွေလုပ်ရာမှာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။  ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo […]

Continue Reading

Fact Check: သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေ မှတ်တမ်းဓာတ်ပုံလား-မဟုတ်ပါ

သံတွဲလေဆိပ်ရှေ့မှာ AA တပ်ဖွဲ့ဝင်တွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရပါတယ်။ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတပုံဖြစ်တာ တွေ့ရတယ်။ အောက်ကတော့ ပျံ့နှံ့နေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ တူညီတဲ့ရေးသား မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “သာလီစွနဲ့ 🦅ဂါရဝပါ သံတွဲလေဆိပ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို ပုံရှာနည်း၊ အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟောင်းတွေ ကို အသုံးပြုပြီး ပြန်လည်ဖန်တီးထားတာတွေ့ရပါတယ်။ ဓာတ်ပုံရဲ့ နောက်ခံကို  သတင်းဌာနတွေက ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အသုံးပြုခဲ့တာတွေ့ရပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) ဒီအပြင် အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေ အလံကိုင်ပြီး မှတ်တမ်းရိုက်ထားတဲ့ ဓာတ်ပုံဟာ မတ် ၈ […]

Continue Reading