Fact Check: စစ်ခေါင်းဆောင်သေမဲ့ရက်ဟောလို့ ကိုရင်လေးကို စစ်တပ်က သေဒဏ်ပေးတဲ့ သတင်းတု
မင်းအောင်လှိုင် သေမဲ့ရက်ဟောလို့ ကိုရင်လေးကို သေဒဏ်ပေးဖို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကြေညာပြီဆိုပြီး ဖေ့စ်ဘွတ်နဲ့ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မင်းအောင်လှိုင် သေမဲ့ရက် ဟောတဲ့ ကိုရင်လေးကို သေဒဏ်ပေးမှာလား ဗိုလ်ချုပ် ဇော်မင်းထွန်း ကြေညာပြီ” အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဗွီဒီယိုထဲမှာ လူမှုကွန် ယက်မှာ ရေပန်းစားနေတဲ့ အရှင်ဥတ္တမသာရဆိုတဲ့ ကိုရင်လေးအကြောင်းကို အွန်လိုင်းအသုံးပြုသူတွေ စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ အခုလိုမျိုးခေါင်းစဉ်တုဖန်တီးထားခြင်းဖြစ်တယ်။ ဒီဗွီဒီယိုထဲမှာပဲ ဒီကိုရင်လေးဟာ စစ်ခေါင်းဆောင်သေမဲ့ရက်ကို အခြားသူတဦးက မြှောက့်ပင့်မေးတာကြောင့် ဟောကြားလိုက်တဲ့အကြောင်း၊ ဒီလိုပြောလိုက်တဲ့အတွက် ကိုရင်လေးအနေနဲ့ အနေကြပ်သွားတဲ့ အကြောင်း။ လူတွေအနေနဲ့ ဒီလိုမလုပ်သင့်တဲ့အကြေင်း စသည်ဖြင့် […]
Continue Reading