Fact Check: ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်/ကျဉ်းတွေကို လွှတ်ပေးဆိုတဲ့ သတင်းတု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်သေဆုံး ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇၃၀၀ ကျော်ကို စစ်ခေါင်းဆောင်က လွှတ်ပေး လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တွေမှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်မှာ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဒီလို ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကိုကြည့်ပါ။ အလားတူတဲ့ပြောဆိုမှုတွေပါဝင်တဲ့ ဖြန့်ဝေမှုတွေကို  ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရတယ်။ “သူ့ကြောင့် Dr.ဇော်မြင့်မောင် သေခဲ့ရလို့  ပြည်သူတွေ စိတ်နှလုံးအေးချမ်းဖို့ အမေစုနဲ့အတူ နိုင်ကျဉ်း (၇၃၀၀)ဦးလွတ်ငြိမ်းခွင့်ပေးပြီဟု မအလကြေညာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒေါက်တာဇော်မြင့်မောင်သေဆုံးပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ သတင်းဖော်ပြချက်မတွေ့ရှိပါဘူး။ ဗွီဒီယိုကို […]

Continue Reading

Fact Check: စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ပြောတဲ့ သတင်းတု

စစ်ကောင်စီက အာဏာပြန်လွှဲဖို့ ကြေညာတယ်ဆိုတဲ့ ဗွီဒီယိုတွေ “Local Celegram”အမည်နဲ့ ယူကျူ့ ချန်နယ်က ဆက်တိုက်ဖြန့်ဝေနေတာဟာ သတင်းတုတွေ သာဖြစ်တယ်။  ဒီယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်စခရင်ရှော့ဓာတ်ပုံနဲ့ ဗွီဒီယိုအစမှာပြသတဲ့ စာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “ယနေ့ အာဆီယံအစည်းအဝေးပွဲမှာ ထူးပြီဟေ့ အာဏာပြန်လွဲတော့မည်ဟု ကြေညာ ကမ္ဘာ့နိုင်ငံအားလုံး အံ့ဩထိတ်လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူတဲ့ မျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့နိုင်တယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု ဒါမှမဟုတ် သတင်းခေါင်းစဉ်လွဲ ဒါမှမဟုတ် လုပ်ကြံသတင်းတွေနဲ့ ရောနှော ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo […]

Continue Reading

Fact Check: စစ်ကောင်စီလေယာဉ် SU 30 ၅ စီး ပစ်ချခံတဲ့ သတင်းတု

စစ်ကောင်စီ SU 30 တိုက်လေယာဉ် ၅ စီးပစ်ချခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုဖြစ်ဝေနေခြင်းဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်အစမှာပြသတဲ့ ရုပ်ကတ်ပါ စာသား ကောက်နုတ်ချက်ဖြစ်တယ်။  “တိုက်လေယာဉ် ၅စီး ပစ်ချ ပြည်သူနဲ့စစ်ရှောင်စခန်းတွေကိုဗုံးကျဲနေတဲ့ စစ်ကောင်စီလေယာဉ် SU 30 ၅စီး ယနေ့ပစ်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖော်ပြထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ဝေနေတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ ဒီရက်ပိုင်းထဲမှာ သတင်းမီဒီယာတွေက စစ်ကောင်စီ တိုက်လေယာဉ်‌တွေ ပစ်ချခံရတဲ့အကြောင်း ဖော်ပြချက်မတွေ့ရပါဘူး။ Also read – […]

Continue Reading

Fact Check: စစ်မှုထမ်းကိစ္စ ပြေတီဦးထောက်ခံတဲ့ သတင်းတု

တနိုင်ငံလုံး စစ်မှုထမ်းရမယ့်ကိစ္စကို ကျေနယ်မိတယ်လို့ သရုပ်ဆောင်ပြေတီဦးက ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတခုဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ပါတယ်။  “နိုင်ငံတော်က လုပ်သင့်လုပ်ထိုက်တာ လုပ်တာပါပဲ ကောင်းပါတယ် ကျေနပ်မိပါတယ် ဆိုတဲ့ ပြေတီဦး #celebrity #ပြေတီဦး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ စစ်မှုထမ်းကိစ္စ ပြေတီဦးက အခုလိုပြောတယ်ဆိုတဲ့ အထောက်အထား အခြား ယုံကြည်ရလောက်တဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ အခုလို ရေးသားဖြန့်ချိနေတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ အညှီအ‌ဟောက်တွေနဲ့ လူတွေကို စိတ်ခံစားမှုမြင့်စေတဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး ဖြန့်ချိနေတဲ့ စာမျက်နှာတခုဖြစ်တာတွေ့ရပါတယ်။  မြန်မာနိင်ငံက သရုပ်ဆောင်တွေ သေပြီ၊ အဖမ်းခံရပြီစတဲ့ […]

Continue Reading

Fact Check: စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး မိသားစုလိုက်ပါလာတဲ့လေယာဉ် ပစ်ချခံရတဲ့ သတင်းတု

စစ်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်း‌ဒွေး မိသားစုလိုက်ပါလာတဲ့လေယာဉ် နေပြည်တော်မှာ ပစ်ချခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျု့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။  Also read – Fact Check: ပြည်ပထွက်ပြေးဖို့လုပ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ လေယာဉ်ပေါ်အတက် မိုင်းခွဲခံရဆိုတဲ့ သတင်းတု ပျံ့နှံ့မှုအားကောင်းနေတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော် ရှိထားတယ်။ “အထူးလေယာဉ်ပစ်ချခံရ အောင်လင်း‌ဒွေမိသားစုလိုက်ပါလာသည့်အထူးလေယာဉ်  နေပြည်တော်မှာယနေ့နေလည်အချိန်ပစ်ချခံလိုက်ရ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ […]

Continue Reading

Fact Check: အာဏာသိမ်းစစ်တပ်ကို အမေရိကန် စစ်ကြေညာမှု သတင်းတု

မြန်မာအာဏာသိမ်းစစ်တပ်ကို အမေရိကန်က စစ်ကြေညာမှု သတင်းတုဗွီဒီယိုတွေ ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံဖြစ်တယ်။ အလားတူတဲ့ဖြန့်ဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရတယ်။  “အမေရိကန် က စစ်ရေးနဲ့စကားပြောပြီ ဒေါ်စု ချက်ချင်းလွှတ်ရမည် နိုင်ငံတော် သမ္မတနဲ့ အတိုင်ပင်ခံ မလွှတ်ရင် ယူကရိန်းလိုမျိုး NUG ကို တရားဝင်လက်နက် တပ်ဆင်‌ပေးမည်” မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ပြောဆိုချက်မှာလည်း ဒီလိုပါပဲ။ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေမှုမှာတော့ မြန်မာစစ်တပ်ကို အမြစ်ဖြတ်ဖို့ လက်နက်နဲ့တိုက်ခိုက်မှရမယ်လို့ အမေရိကန်က တရားဝင်စစ်ကြေညာလိုက်ပြီလို့ ရေးသားထားရာ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရရှိထားပါတယ်။ ဒီနေရာမှာ ကြည့်ပါ။ “စစ်တပ်ကို အမြစ်ဖြတ်ဖို့ ဆုံးဖြတ်ပြီ […]

Continue Reading

Fact Check: NUG က မန္တလေးကို သိမ်းပိုက်ပြီဆိုတဲ့ သတင်းတု

မန္တလေးမြို့ကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)သိမ်းပိုက်လိုက်ပြီလို့ ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု တခုသာဖြစ်တယ်။ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်း နေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၂ သိန်းကျော်ရရှိထားတယ်။ အလားတူတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့နိုင်တယ်။  Also Read – Fact Check: မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့အဖမ်းခံရဆိုတဲ့ သတင်းတု “မန္တလေးမြို့ကို NUG သမ္မတ ဝင်ရောက် စစ်ကောင်စီတပ်တွေ အကုန်ထွက်ပြေး စစ်ဗိုလ်ချုပ်တွေ အိမ် ချိတ်ပိတ် ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင်ဦးစီး ပြီး တိုက်နေပြီ” မူရင်းလင်ခ့် – Youtube link | […]

Continue Reading

Fact Check: TNLA ကိုအပစ်ရပ်ဖို့ မပြောဘူးလို့ တရုတ်ငြင်းဆိုပြီး မြန်မာပြည်သူတွေ ကို တောင်းပန်လိုက်သလား- မဟုတ်ပါ

TNLA ကိုအပစ်ရပ်ဖို့ မပြောဘူးလို့ တရုတ်ငြင်းဆိုပြီး မြန်မာပြည်သူတွေ ကို တောင်းပန်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု တခုသာဖြစ်တယ်။  “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်း နေတဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။ “မြန်မာပြည်သူကို တရုတ်တောင်းပန်ပြီ TNLA ကို အပစ်ရပ်ဖို့ တရုတ်က မပြောခဲ့ဘူးလို့ အတိအလင်း ကြေညာလိုက်ပြီ/ ဘောမတွေငိုလို့ရပြီ” ( မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “မန္တေလေးခေတ်သစ်”အမည်နဲ့ […]

Continue Reading

Fact Check: တော်လှန်ရေးအင်အားစုတွေရဲ့ ဘဏ်အကောင့်တွေကို တရုတ် အစိုးရ ပိတ်သိမ်းတဲ့ သတင်းတု

တရုတ်မှာ တော်လှန်ရေးအင်အားစုတွေအပ်ထားတဲ့ငွေတွေကို တရုတ် အစိုးရ ပိတ်သိမ်းလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဒီလိုဖြန့်ဝေနေတဲ့အထဲမှာ မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ NUG၊ MNDAA၊ KIA၊ AA၊ TNLA တို့ရဲ့ တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်အကောင့်တွေကို တရုတ်အစိုးရက ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုထားပါတယ်။ သတင်းတု တခု သာဖြစ်တယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ ဘဏ္ဏာရေးဌာနကလည်း ဒီသတင်းဟာ မဟုတ်မမှန်လို့ တုန့်ပြန်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ “ကြားဖြတ်သတင်း MNDAA အပ်ထားသော တရုတ်အမျိုးသားများဘဏ်(CNB)နှင့် ယူနန်အစိုးရဘဏ်(YGB)မှ ယွမ် ၇.၈ဘီလီယံ  TNLA အပ်ထားသော ယူနစ်အစိုးရဘဏ်(YGB)မှ ၅ဘီလီယံ  AA အပ်ထားသော တရုတ်အစုစပ်ဘဏ်(CCB)မှ ၅.၈ ဘီလီယံ  […]

Continue Reading

Fact Check: စစ်တပ်အမာခံ ပေါက်ကိုယ်တော် အလင်းဝင်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို မကြိုက်လို့ ပေါက်ကိုယ်တော် အလင်းဝင်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။  “ပေါက်ကိုယ်တော်အလင်းဝင်ပီ မင်းအောင်လှိုင်၏လုပ်ရပ်များကိုမကြိုက် တော့သဖြင့်ပေါက်ကိုယ်တော်ပုံကန်ပီဟေ့ ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Myawaddy News” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည်ကူးယူ ဖော်ပြ ရာမှာ သတင်းခေါင်းစဉ်တုတပ်ကာ လုပ်ကြံရေးသားကာ ဖြန့်ဝေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ […]

Continue Reading