Fact Check: ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ရောင်းဖို့ကြိုးစားတဲ့ ဦးအောင်ဆန်းဦး ပစ်သတ်ခံရလို့ သေဆုံးတဲ့ သတင်းတု

ရန်ကုန်က ခြံအမှတ် ၅၄ နေအိမ်ကို ရောင်းတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကို ဦးအောင်ဆန်းဦးကို ပစ်ခတ်ခံရလို့ သေဆုံးသွားပြီလို့ဆိုထားတဲ့  ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ခြံအမှတ်(၅၄)နေအိမ်ရောင်းတဲ့ အောင်ဆန်းဦး ပစ်သတ်ခံရပြီး သေဆုံး စစ်တပ်က လုပ်ကြံပြီး PDF တွေကိုထိုးချ/ လောဘကြီး လို့  သေရပြီဟာ။ အမေစုကိုပဲသနားတယ်။” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံးတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်ပြီး အကျဉ်းသား ၉၀ သေဆုံးတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုသာဖြစ်တယ်။  အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုက ရယူထား ခြင်းဖြစ်တယ်။  မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်မီးလောင်တာဖြစ်စေ ဒီလို အကျဉ်းထောင် မီးလောင်လို့  အကျဉ်းသား ၉၀ သေဆုံးတယ်ဆိုတာဖြစ်စေ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ သတင်းခေါင်း စဉ် တုတပ်ဗွီဒီယိုတွေ ဒါမှမဟုတ် လုံးဝလုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့နေရာတခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး […]

Continue Reading

Fact Check: လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

လေတပ်အရာရှိ ၅ ဦး လေယာဉ်နဲ့အတူ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ထံ အလင်းဝင်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ နားလည်းမှုလွဲစေနိုင်တဲ့ ဗွီဒီယိုဖြစ်ပြီး သတင်းဟောင်းတပုဒ်ကို ချဲ့ကားရေးသားထားခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပါ မြင်ကွင်းနဲ့  ပြောဆိုချက် စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။  “လေယာဉ်ပါယူပြီး လေတပ်အရာရှိ(၅)ဦး ထွက်ပြေးပြီး NUGထံ အလင်းဝင် မင်းအောင်လှိုင် ကို ပြန်သတ်မည်ဟုပြော” မူရင်းလင်ခ့် – Original link | Archive link အချက်အလက်စိစစ်ချက် ဒီရက်ပိုင်းထဲမှာ အာဏာသိမ်းစစ်တပ်လက်အောက်ခံလေတပ်က အရာရှိတွေ NUG ဆီကို ထွက်ပြေးခိုလှုံလာ တယ်ဆိုတဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ လုပ်ကြံရေးသားချက်တွေ ဒါမှမဟုတ် သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီး သတင်းတွေကို […]

Continue Reading

Fact Check: ရန်ကုန်မြို့ ဝင်စီးခံရပြီး ရန်ကုန်မြို့လယ်မှာ သေကုန်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ဝင်စီးခံလိုက်ရပြီး ရန်ကုန်မြို့လယ်မှာ သေကုန်ပြီလို့ဆိုလိုထားတဲ့ ဗွီဒီယို Local Celegram အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ စာသားကောက်နှုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီမှာလည်း တွေ့ရတယ်။ ဆူးလေဘုရားလမ်းမှာ မီးလောင်‌ပေါက်ကွဲမှုကြီးတွေနဲ့ အတူ အောက်ပါအတိုင်းရေးသားထားပါတယ်။ “ရန်ကုန် မြို့လယ်မှာ သေကုန်ပြီ လုံးဝ အပြင်မထွက်ကြပါနဲ့ ရန်ကုန်မြို့ ဝင်စီး ခံလိုက်ရပြီ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီအကြောင်းကို  သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖြစ်စေ၊ တခြားယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ ဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်‌ရောက် အရေးယူမယ်လို့  ဦးရည်မွန်ပြောတဲ့ သတင်းတု

ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်‌ရောက် အရေးယူမယ်လို့  အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့အကြောင်း ဖေ့စ်ဘွတ်မှာ ပို့စ်တခု ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့  ဓာတ်ပုံပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဓာတ်ပုံနဲ့အတူ ဓာတ်ပုံပို့စ်တခုအဖြစ် မျှဝေထားတာဖြစ်တယ်။ “တော်လှန်ရေးရန်ပုံငွေ ရှာဖွေရေးနဲ့ ပတ်သက်ပြီး မအိပန်ဆယ်လိုနဲ့ ထောက်ပို့တပ်သားများကို ဝေဖန်‌ရေးသား တိုက်ခိုက်နေသည့် မည်သူကိုမဆို အကြမ်းဖက်စစ်ကောင်စီကို အားပေးရာရောက်သဖြင့် ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ရှိပါတယ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီလိုပြောဆိုချက်ကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မတွေ့ရပါဘူး။ ဒီလိုပဲ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဖေ့စ်ဘွတ်မှာလည်း မတွေ့ရပါဘူး။ ဒီလိုဖော်ပြထားတဲ့ ပို့စ်ပိုင်ရှင်ရဲ့ […]

Continue Reading

Fact Check: မြန်မာ့အရေးဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် နေပြည်တော်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ သတင်းတု

မြန်မာ့အရေးဖြေရှင်းဖို့ ဒေါ်နယ်ထရမ့် နေပြည်တော်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်လို့ဆိုပြီး ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “မြန်မာ့အရေးဖြေရှင်းဖို့ နေပြည်တော်အထိ  အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ရောက်ချ ချက်ချင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ ပြသတဲ့ မြန်မာ့အရေးဖြေရှင်းဖို့ နေပြည်တော်အထိ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီမယ်လို့ ဆိုထားသလို ဗွီဒီယိုထဲမှာလည်း ဒီလိုပြောဆိုခဲ့ပါသေး တယ်။ ဒါပေမဲ့ ဒီအကြောင်းအရာကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ […]

Continue Reading

Fact Check: ရုရှားကာကွယ်ရေးဝန်ကြီးဟောင်ဆာဂေးရွှေဂူက ရှမ်းနီသွေးတဝက်ပါ တယ်ဆိုတဲ့ သတင်းမှား

ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရွှေဂူ(Sergei Shoigu)ဟာ မြန်မာနိုင်ငံသား ရှမ်းနီတိုင်းရင်းသား ဖခင်က မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံမှာ နေထိုင်သူဖြစ်တယ်လို့ဆိုပြီး ပို့စ်တွေ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှု အားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ‌ရေးသားဖြန့်ဝေမှု တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “မြန်မာ့တပ်မတော်ကို ရုရှားကကူညီနေရသည့် အဓိက  အကြောင်းရင်း (သို့) ရှမ်းနီသွေး တဝက်ပါသူ  ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွှေကူ ———————————————- ရုရှား ယူကရိန်းစစ်ပွဲအတွင်း မီဒီယာတွေမှာ အမြဲမြင် တွေ့နေရတဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဟာ မျက်လုံးလည်းမပြာ ဆံပင်လဲ မဝါသလို လူဖြူတွေလို အသားအရည်မျိုးလည်းရှိမနေတာ ထူးခြားမှုလို့မြင်တွေ့ရမှာပါ. ဒါ့အပြင် ရုရှားအမျိုးသားတွေလိုထွားကျိုင်းတောင့် တင်းတဲ့ ခန္ဓာကိုယ်မရှိဘဲ […]

Continue Reading

Fact Check: PDF တွေ အမြန်လမ်းကို သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်-မန္တလေး အမြန်လမ်းကို PDF သိမ်းလိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထား ခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ “ရန်ကုန် ၊ မန္တလေး အမြန်လမ်းကို PDF သိမ်းလိုက်ပြီ စစ်သားတွေ အကုန်ထွက်ပြေးပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “AK CHANNEL NEW”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာလုပ်ပါတယ်။  အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ မြန်မာနောင်းသတင်းဌာနက ဖော်ပြခဲ့တဲ့ “ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီ  […]

Continue Reading

Fact Check: ရုရှားသွားစဉ် စစ်ခေါင်းဆောင် လေယာဉ်ပျက်ကျ သေဆုံးတဲ့ သတင်းတု

ရုရှားနိုင်ငံကို သွားရောက်စဉ် မြန်မာစစ်ခေါင်းဆောင်ရဲ့ လေယာဉ်ပျက်ကျ သေဆုံးမှုလို့ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ ‌ရေးသားဖြန့်ဝေမှု တွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “မင်းအောင်လှိုင် ရဲ့ ရုရှားခရီးစဉ် လေယာဉ်ပျက်ကျလို့ သေပြီ သတင်းဌာနအားလုံးအတည်ပြုပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဒီလိုပြောဆိုထားတဲ့ ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကိုကြည့်မယ်ဆိုရင် လုပ်ကြံရေးသား ဖြန့်ဝေတာတွေ လုပ်တာ၊ ဒါမှမဟုတ် သတင်းမီဒီယာတချို့က သတင်းတွေကို  သတင်းခေါင်းစဉ် တုတပ်ဖြန့်ချိတွေလုပ်ပါတယ်။ အခုလည်း “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်က ဖော်ပြထားတဲ့ ဗွီဒီယိုထဲပါ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ပြန်လွှတ်ပေးလိုက်ပြီဆိုပြီးတော့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။   “ဦးသန်းရွှေ က ဒေါ်စုကို လွတ်ငြိမ်းပေးပြီ ဘယ်သူအရှိန်အဝါကြီးလဲ အကဲစမ်းနေကြပြီ တရားသူကြီးချုပ်ကို တိုက်ရိုက်ညွန်ကြားပြီး အမိန့်ပေး မင်းအောင်လှိုင်က ပေါက်ကွဲပြီး နေပြည်တော်ကို ပစ်မိန့်ချ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ငြိမ်းခွင့်ပေးတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ […]

Continue Reading