Fact Check: မုံရွာမှာ USDP ဥက္ကဌ ဦးခင်ရီ ပစ်ခတ်ရှင်းလင်းခံရဆိုတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာက အစည်းအဝေးခန်းမရှေ့မှာပဲ အနီးကပ် ပစ်ခတ်ရှင်းလင်းခံရတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံနှံ့မှုအားကောင်းခဲ့ပါတယ်။  သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဦးခင်ရီ ပစ်သတ်ခံရခြင်းမရှိပါဘူး။  အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုအစမှာပြတဲ့ Thumbnail ဓာတ်ပုံထဲမှာ ပြည်ထောစုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာမြို့က အစည်းအဝေးခန်း မရှေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ရေးသားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုခေါင်းစီးစာသားနဲ့ ဗွီဒီယိုအစမှာပြတဲ့ Thumbnail ဓာတ်ပုံထဲမှာ ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုရေး ပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာက အစည်းအဝေးခန်းမရှေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ရေးသားထားပေမဲ့ […]

Continue Reading

Fact Check: မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးလက်နက်ချပြီး အာဏာပြန်မလွှဲမချင်း ဖျက်သိမ်းကာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧပြီ ၂၄ ရက်မှာပဲ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရေစကြိုမြို့နယ် ရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထားဝယ်-ရေးလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲတပ်မျှဝေနေခြင်း ဖြစ်ပါတယ်။  ဧပြီလ ၂၃ ရက်က ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး […]

Continue Reading

Fact Check:  ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့ စစ်တပ်က ကုလအတွင်းရေး မှူးကို လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲပေးမယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို မြန်မာ စစ်တပ်က လက်မှတ်ထိုးပေးလိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုဖြစ်တယ်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းရဲ့  မြန်မာစစ်တပ်အကြီးအကဲနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပေမဲ့ တစ်စုံတစ်ရာ ရလာဒ်ထွက်‌ပေါ်ခြင်းမရှိပါဘူး။ ‌အောက်ပါစခရင်ရှော့ကတော့  ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ “UN အတွင်း‌ရေးမှူးချုပ်ကို ဒေါ်စုကိုအာဏာလွှဲဖို့ မအလ လက်မှတ်ထိုးပေးလိုက်ပြီ”လို့လည်း ဗွီဒီယိုထဲမှာရေးသားထားသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘန်ကီမွန်း လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စာရေးသားနေတဲ့ ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။ ဗွီဒီယို‌ခေါင်းစီးစာသား မှာလည်း “UNကို မအလ ကတိပေး လက်မှတ်ထိုးပြီ။ အမေစူကို အာဏာလွှဲမယ်” (မူရင်းအရေးအသား) လို့ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ […]

Continue Reading

Fact Check:  ထိုင်းနယ်စပ်ကို မြန်မာဘက်က ဗုံးမှားကြဲလို့ လူ ၂၀၀ ဦးသေဆုံးတဲ့ သတင်းတုသတင်းမှား 

ထိုင်းနယ်စပ်ကို မြန်မာဘက်က ဗုံးမှားကြဲလို့ လူ ၂၀၀ ဦးသေဆုံးခဲ့ပြီးနောက် ထိုင်းဘက် လက်တုန့်ပြန်မယ်လို့ ကြောညာဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတု သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဧပြီ ၂၁ ရက်နေ့က မြန်မာစစ်တပ်က ထိုင်းနယ်စပ်ကို ဗုံးမှားကြဲမိကြောင်းနဲ့ ထိုင်းလေတပ်ချုပ်က ချက်ချင်းတုန့်ပြန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link နောက်ထပ် ရေးသားဖြန့်ဝေမှုတစ်ခုမှာတော့ ထိုင်းဘက် ဗုံးမှားကြဲမိလို့ လူ ၂၀၀ သေဆုံးပြီး ထိုင်းက သွေးကြွေး ပြန်တောင်းမယ်လို့ ချက်ချင်းကြေညာတယ်လို့လည်း ဗွီဒီယိုထဲမှာရေးသားထားပါတယ်။ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ ဗွီဒီယိုတွေကို ထပ်မံလေ့လာကြည့်ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ပဲခူးတိုင်း၊ ပြည်ခရိုင်က PDF တွေနဲ့ပတ်သက်တဲ့ […]

Continue Reading

Fact Check:  တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းမယ်ဆိုတဲ့ သတင်းတု

တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းဖို့အမိန့်ချလိုက်လို့ ပြည်သူတွေ ပျော်ရွှင်နေကြတယ် လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းခေါင်းစဉ်တုတစ်ခုဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်အကြား မြန်မာအရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်မရှိတာတွေ့ရပါတယ်။  ‌အောက်ပါဓာတ်ပုံကတော့ မြန်မာအရေးတရုတ်နဲ့အမေရိကန်ပူးတွဲအမိန့်ချလို့ တစ်နိုင်ငံလုံးထခုန်နေကြပြီလို့ ရေးသားမျှဝေထားတဲ့ ပျံ့နှံ့မှုကောင်းနေတဲ့ ဗွီဒီယိုပို့စ်ကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ “မောင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကဖော်ပြခဲ့တဲ့ “မြန်မာ့အရေးကို တရုတ်က အမေရိကန်နဲ့ ပူးပေါင်းဖြေရှင်းသွားမှာ သေချာရဲ့လား”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။ ဆောင်းပါးထဲမှာတော့ အ‌မေရိကန်အနေနဲ့ မြန်မာအရေးမှာ တရုတ်နဲ့ပူးပေါင်းဖြေရှင်း လိုတယ်ဆိုပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံခြင်းကနေ အကျိုးအမြတ်တွေရနေတဲ့ တရုတ်က […]

Continue Reading

Fact Check:  ရန်ကုန်မြို့တော်မဏ္ဍပ်စာသားကိုပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံ

ရန်ကုန်မြို့တော်မဏ္ဍပ်မှာ “မဟာသင်္ကြန်”အစား”မသာသင်္ကြန်”လို့ “ဟ”နဲ့ “သ”နဲ့ စာလုံးမှားရေးထားတယ် ဆိုပြီး ဓာတ်ပုံတစ်ပုံဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ အများအပြားက ဒီဓာတ်ပုံဟာ သရော်ထားတဲ့ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတစ်ပုံအဖြစ် နားလည်ကြပေမဲ့ အချို့အတွက်နားလည်မှုလွဲစေ နိုင်တာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မူလဓာတ်ပုံကို ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ သင်္ကြန်အကြိုနေ့တင်ကထားတာတွေ့ရပါတယ်။ စာသားကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “သင်္ကြန်အကြိုနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့မြို့တော်ခန်းမရှေ့ နဲ့ ပြည်သူ့ရင်ပြင်က မြင်ကွင်းတွေကိုတွေ့ရတာပါ။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ လိုမြို့ကြီးတွေမှာ ရေကစားသူ နည်းပါးခဲ့တဲ့ သင်္ကြန်အကြိုနေ့မှာ အများစုကတော့ လုံခြုံရေးစိုးရိမ်လို့ ရေမကစားကြတာလည်းရှိပါတယ်။ ဒါ့အပြင် […]

Continue Reading

Fact Check:  မြန်မာသင်္ကြန်ကို ဖျက်သိမ်းမယ်လို့ ဦးကိုနီပြောခဲ့တဲ့သတင်းတု

မြန်မာရိုးရာသင်္ကြန်ကို ဖျက်သိမ်းရမယ်လို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ NLD ပါတီဝင် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကိုနီက ပြောကြားခဲ့တယ်ဆိုတဲ့  ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေပါတယ်။ တကယ်တော့ လုပ်ကြံသတင်းတု ဖြန့်ချိနေခြင်းဖြစ်ပါတယ်။  သင်္ကြန်ပွဲတော်ဟာ မြန်မာနိုင်ငံတဝှမ်းမှာ လူထုပါဝင်ဆင်နွှဲမှုအများဆုံး ပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ လူမှုဘဝ ပုံမှန်အခြေအနေကို အဖြစ်ပုံဖော်လိုတာကြောင့် သင်္ကြန်ပွဲကို ဦးဆောင်ကျင်းပနေပေမဲ့ လူထုက ပါဝင်ဆင်နွှဲမှုမရှိပါဘူး။  တော်လှန်ရေးအင်အားစုတွေကလည်း စစ်တပ်က ဦးဆောင်ကျင်းပနေတဲ့ သင်္ကြန်ကို ငြင်းဆန်ကျဖို့ တိုက်တွန်းနေပါတယ်။  ဒီလိုအခြေအနေမှာ “ဖေဇော် ဂျီ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာ တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၀၂၁ […]

Continue Reading

Fact Check: ရန်ကုန် ဗဟိုမဏ္ဍပ်မှာဗုံးပေါက်လို့ ပြည်သူ ၂၀၀ သေတဲ့ သတင်းတု

မြန်မာ့နှစ်ကူးသကြန်အကြိုနေ့(၁၃)ရက်နေ့က ရန်ကုန် ဗဟိုမဏ္ဍပ်မှာ ဗုံးပေါက်လို့ ပြည်သူ (၂၀၀ ) သေဆုံးခဲ့ရတယ်လို့ဆိုတဲ သတင်းတု ဗွီဒီယိုပို့စ်တစ်ခုဟာ  ယူကျု့ချန်နယ်မှာ ပျံ့နှံ့မှု့အားကောင်း ခဲ့ပါတယ်။  ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ်ဗုံးပေါက်လို့ ပြည်သူ (၂၀၀ )သေကုန်ပြီ NUG အရေးပေါ်ကြေညာ”  ဆိုပြီး ရေးသားထားပြီး “Real News Myanmwr” အမည်နဲ့ ယူကျု့စာမျက်မှာ မျှဝေထားပါတယ်။ အဆိုပါ ယူကျု့စာမျက်နှာကို ဝင်ရောက်ကြည့်ရှု့မှုပေါင်း တစ်ထောင်ကျော် ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရန်ကုန်သင်္ကြန်အကြိုနေ့ […]

Continue Reading

Fact Check: မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရဆိုတဲ့ သတင်းတု

စစ်အာဏာသိမ်းဆန့်ကျင်ရေးသမားတစ်ဖြစ်လဲ သရုပ်ဆောင်မင်းမော်ကွန်းရဲ့ ခြိမ်းခြောက်မှုကြောင့် စစ်တပ်က လုပ်ဖို့လျာထားတဲ့ အကယ်ဒမီပေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုသာဖြစ်ပါတယ်။  အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖြန့်ဝေမှုတစ်ခုရဲ့ ပုံဖြစ်ပါတယ်။  “မင်းမော်ကွန်းသတိပေးလိုက်လို့အကယ်ဒမီဆုပေးပွဲဖျက်သိမ်းလိုက်ရ”လို့ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ကြည့်ရှူ့မှုပေါင်း ၇ သိန်းကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ စစ်တပ်ထောက်ခံတဲ့ သတင်းသမားတစ်ယောက်က နေပြည်တော်မှာလုပ်မယ့် အကယ်ဒမီပေးပွဲကို မတက်ရောက်တဲ့အနုပညာရှင်တွေဟာ စစ်တပ်ကို တော်လှန်ပုန်ကန်မှုမြောက်ကြောင်းခြိမ်းခြောက်ပြောဆိုနေတဲ့ ဗွီဒီယိုတစ်ခုဖြစ်တာတွေ့ရပါတယ်။ စစ်တပ်က မေလထဲမှာ ရုပ်ရှင် အကယ်ဒမီပေးပွဲကို နေပြည်တော်မှာ လုပ်ဖို့ပြင်ဆင်နေပါတယ်။ ရုပ်ရှင်သရုပ်ဆောင်ကနေ တော်လှန်ရေးသမားဖြစ်လာသူ မင်းမော်ကွန်းက နေပြည်တော်မှာလုပ်မယ့်ပွဲ […]

Continue Reading

Fact Check: အမေရိကန်သံရုံးကို စီးနင်းခံရတယ်ဆိုတဲ့သတင်းတု

အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုပဲဖြစ်ပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ခေတ်သစ်သတင်းဌာနကနေ ဒီသတင်းကို ကြေညာခဲ့တာဖြစ်ပြီး အခြားသောသံရုံတွေကိုလည်း လိုက်သိမ်းနေပြီလို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ပို့စ်စာသားနဲ့ ဗွီဒီယိုအစမှာ အမေရိကန်သံရုံးဝင်စီးခံရပြီး အခြားသောသံရုံတွေကိုလည်း မြန်မာစစ်တပ်က လိုက်သိမ်းနေပြီလို့ ခေတ်သစ်သတင်းဌာနက ကြေညာတယ်လို့ဆိုထားပေမဲ့ ဒီသတင်းကို‌ဖော်ပြခဲ့ တာမျိုးမရှိတာ တွေ့ရပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ ခေတ်သစ်သတင်းဌာနက ဗွီဒီယို အစီအစဉ်တင်ဆက်မှုကို ဒီနေရာမှာတွေ့နိုင်ပါတယ်။ ထို့အပြင် အခုလို သံရုံးဝင်စီးခံရတယ်ဆိုတဲ့ ဗွီဒီယိုပါအသံဖိုင်မှာတော့ စစ်တပ်ထောက်ခံသူ မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံးမှုနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ မုံရွာခရိုင် […]

Continue Reading