Fact Check: ဒေါ်အောင်ဆန်းစုကြည် ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့ သတင်းတု
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၅ ရက်မှာ ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြား၏ ဇူလိုင်လ ၅ ရက်နေ့၊နံနက်၁၁နာရီအထူးသတင်း”ဆိုပြီးတော့ “၅ရက် လုံးထင် မထားဘူးဗျို့ ကွင်းလုံးကျွတ်လွတ်ပေးလိုက်ပြီ ၊ဒေါက်ဖိနပ်လျှောက်သံကြားရပြီ (အမေ )လာပြီ၊ ပန်းတွေခူးထားကြပါ” စသည့်ဖြင့်ရေးသားပြီး “Burmese Television “အမည်နဲ့ ယူကျူ့ချယ်နယ်ကနေ ဖြန့်ဝေထားတာ ဖြစ်ပါတယ်။ အလားတူ တူညီတဲ့မျှဝေမှုကိုလည်း ဒီနေရာ၊ ဒီနေရာ မှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် –Youtube Link ၊ Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို ယနေ့မှာ ကွင်းလုံးကျွတ်လွတ်လာပြီဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ ဒီအပြင် […]
Continue Reading
