Fact Check: ဒေါ်အောင်ဆန်းစုကြည် – သေဆုံးပြီလား၊ ကျန်းမာသလား၊ လူမြင်ကွင်းထွက်လာသလား

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးကတည်း နေပြည်တော်မှာ စစ်တပ်က လျှို့ဝှက်ချုပ်နှောင်ထားခဲ့ပြီး လူမြင်ကွင်းကနေ ပျောက်ဆုံးနေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန့်မှန်းပြောဆိုမှုတွေ၊ ပြန်လည်လွှတ်မြောက်လာပြီဆိုတဲ့ သတင်းမှားဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပါတယ်။ (ဒီလင့်ခ်မှာကြည့်ပါ) အာဏာသိမ်းအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က လူမြင်ကွင်းကနေ ဖယ်ကျဉ်ထားပေမဲ့ လူထုအကြား သြဇာကြီးမားတဲ့ ခေါင်းဆောင်ဖြစ်လို့ သူ့အကြောင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းပါတယ်။  ဒီအတွက်လည်း သတင်းတုဖြန့်ဝေသူတွေအတွက် မကြာခဏရွေးချယ်စရာ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ Original link | Archive link ဒီချန်နယ်ကပဲ ဒေါ်အောင်ဆန်းစုကြည် သေဆုံးပြီလို့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြန့်ဝေခဲ့ပါသေးတယ်။  Original link | Archive link အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: ကျောက်ဖြူတိုက်ပွဲမှာ လေယာဉ် ၂ စီး AA ပစ်ချဆိုတဲ့ သတင်းတု

ကျောက်ဖြူတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က  မြန်မာစစ်တပ် လေယာဉ် ၂ စီးပစ်ချလိုက်တယ်ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “လေယာဉ်(၂)စီး အေအေ ထပ်မံ ပစ်ချ အထိနာနေတဲ့ ကျောက်ဖြူတိုက်ပွဲ စစ်ကူလာတဲ့ လေယာဉ်(၂)စီး အေအေ ပစ်ချ၊ လေယာဉ်မှူးအလောင်း(၂)ဦးလုံး အလောင်း‌ပျောက်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar […]

Continue Reading

Fact Check: ဒေါ်စုကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်‌ဇော်မင်းထွန်း အသတ်ခံရဆိုတဲ့ သတင်းတု

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ခွေးနဲ့နှိုင်းတဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း အဲဒီပွဲက အပြန်မှာပဲ အသတ်ခံရတယ်ဆိုပြီး ဗွီဒီယိုကို  ယူကျူ့ ချန်နယ်တခုက ဖြန့်ဝေထားရာ  ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ရဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ဖြန့်‌ဝေပြီး ၂၄ နာရီအတွင်းမှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၃ သိန်းကျော်ရရှိထားတယ်။ “ဗိုလ်ချုပ် ဇော်ပင်းထွန်း အသတ်ခံရ  ဒေါ်စု ကို ခွေးနဲ့ နှိုင်းခဲ့တဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း  သတင်းစာ ရှင်းလင်းပွဲက အပြန်လမ်းမှာ အသတ်ခံရ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: မန္တလေးငလျင်ကြီး ထပ်လှုပ်ပြီး အသေအပျောက်များတဲ့ သတင်းတု

မန္တလေးမှာ အဓိက ငလျင်ကြီးတခု ထပ်လှုပ်ပြီး လူအသေအ‌‌‌‌ပျောက် များတယ်ဆိုပြီး  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတွေသာဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “8.6 ငလျင်ကြီး နမခ လှုပ်ခတ် Breaking news ဟေ့ အသေများပြီ စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်း ဌါနချုပ်တည့်တည့် ငလျင်လှုပ်နေ ၂မိနစ်လောက် ကြာပြီး အသေအပျောက်ရမ်းများ တပ်မှာ အကုန်အော်နေငိုနေကြ” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Mandalay Khithit”နဲ့ “မန္တလေးခေတ်သစ်”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတယ်။ ဒီချန်နယ်တွေနဲ့ […]

Continue Reading

Fact Check: ကျောက်ဖြူမြို့တိုက်ပွဲမှာ AA က စစ်သင်္ဘောကို  အမြောက်နဲ့ထုတဲ့ ဗွီဒီယိုသတင်းမှား

ကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ အာရက္ခတပ်တော်(AA)က စစ်သင်္ဘောကို  အမြောက်နဲ့ထုတဲ့ ဗွီဒီယိုလို့ ဆိုပြီး စစ်သင်္ဘောတစင်း ကုန်ပတ်နဲ့ ကိုယ်ထည်မှာ လက်နက်နဲ့ ထိခိုက်ပျက်စီးထားတဲ့ ဗွီဒီယိုတွေ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းမှားသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။  “အေအေ က ကျောက်ဖြူမြို့ သိမ်းပွဲ အောင်မြင်လာပြီ သဘ်ောတွေကို အမြောက်နဲ့ထု” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါ မြင်ကွင်းကို  Google Lens အသုံးပြုပြီး ပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့ ၉ နှစ်ဝန်းကျင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဗွီဒီယိုဖြစ်တာတွေ့ရတယ်။ “AiirSource Military”အမည်နဲ့ ယူကျူ့ချန်နယ်က ၂၀၁၆ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လွတ်လာတဲ့ သတင်းတု 

ဒေါ်‌အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြစ်တာတွေ့ရတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  “လူထုခေါင်းဆောင် ထွက်လာပြီ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့် ကို အပြင်ထုတ်ပြီ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီ ၈နာရီအတွင်း ထူးမယ်” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို […]

Continue Reading

Fact Check: ရွှေတိဂုံဘုရားက ရွှေတန် ၄၀ ဒေါ်အောင်ဆန်းစုကြည် ယူသွားတယ်ဆိုတဲ့ သတင်းတု

ရွှေတိဂုံဘုရားက ရွှေတန် ၄၀ ဒေါ်အောင်ဆန်းစုကြည် ယူသွားတယ်လို့ဆိုထားတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။  “‌ရွှေတိဂုံဘုရားရွှေ  တန်(40)ကို  ဒေါ်စုယူသွားကြောင်း  သူရအောင်ကို ဖေါ်ပြီ” Original link | Archive link အချက်အလက်စိစစ်ချက် ရွေးကောက်ပွဲ မသမာမှုကြောင့် အာဏာသိမ်းတယ်လို့ အကြောင်းပြပြီး စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီးနောက် ရွေးကောက်ပွဲနဲ့ မသက်ဆိုင်တဲ့ အမှုပေါင်းများစွာနဲ့ စွပ်စွဲဖမ်းဆီး ထောင်ချထားပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက […]

Continue Reading

Fact Check: ကုလသမဂ္ဂ တခါးပိတ်အစည်းအဝေးမှာ မြန်မာစစ်တပ်ခေါင်းဆောင်ကို သတ်ဖြတ်ဖို့ အတည်ပြုဆိုတဲ့ သတင်းတု

ကုလသမဂ္ဂမှာ တခါးပိတ်အစည်းအဝေးလုပ်ပြီး မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အသေဖမ်းဆီးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု သာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဇင်ဘာ ၇ ရက်မှာ ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းကျော်ရရှိထားတယ်။ “ကုလတခါးပိတ် အမိန့်ကြေညာ မင်းအောင်လှိုင်ကို အသေပစ်ခတ်ရန် အမိန့်ချ အမေရိကန် တပ်က ပစ်ခတ်ရန် ကုလ စတင်တာဝန်ပေးအပ် ဒေါ်လာသန်း ပေါင်းကုန်ကျ၁၂၀ ထုတ်ပေးမည် ”(မူရင်းအရေးအသား) Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာတွေ့ရတယ်။  […]

Continue Reading

Fact Check: TNLA နဲ့ MNDAA ခေါင်းဆောင်တွေက  NUG ကို ဝေဖန်ချက်တွေလား-မဟုတ်ပါ 

TNLA အထွေထွေအတွင်း‌ရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်၊ MNDAA ခေါင်းဆောင် ဖုန်တာရွှင်တို့က NUG အပေါ် ဝေဖန်ချက်ဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ TNLA ကလည်း ဗိုလ်ချုပ်တာဘုန်းကျော်က ဒီလိုပြောကြားချက် မရှိကြောင်း  တရားဝင် ငြင်းဆိုထားတယ်။  ၂၀၂၇ စစ်ဆင်ရေးနဲ့ မြန်မာအာဏာသိမ်းစစ်တပ်ဆီကနေ နယ်မြေအများအပြား သိမ်းယူနိုင်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် သိမ်းပိုက်နယ်မြေအချို့ကို ပြန်ပေးအပ်ကာ ငြိမ်းချမ်းရေးရယူခဲ့ရပြီး‌နောက် ဒီ ၂ ဖွဲ့ဟာ မြန်မာလူထုရဲ့ ဝေဖန်မှုကို ခံနေရချိန်လည်းဖြစ်တယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ “ဘယ် NUG လော်ဘီ မီဒီယာမှမတင်ပြရဲသော အမှန်တရားများ”ဆိုပြီး “star news”အမည်နဲ့‌ […]

Continue Reading

Fact Check: စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်းနေသလား- မဟုတ်ပါ 

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းသွားရောက်စစ်ဆေးဖို့နဲ့ ဆန္ဒမဲပေးကြဖို့ အရှင်ဆန္ဒာဓိက တိုက်တွန်းမှုလို့ ဆိုလိုထားတဲ့ ဗွီဒီယို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။  နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုရေးသားချက်ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ပြောကြားချက်ဖြစ်တာတွေ့ရတယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “နိုင်ငံသားတစ်ယောက်ဖြစ်နေပြီးတော့ မဲစာရင်း သွားမကြည့်ဘူး။ မဲမပေးဘူးဆိုရင် အဲဒါ “အကုသိုလ်”ပဲ။ မဲစာရင်းသွားကြည့်ပြီး မဲသွားပေးရင်တော့ “ကုသိုလ်” ပါပဲ” မူရင်းလင်ခ့် – Original link | Archive link တူညီစွာပဲ တစ်တော့(tiktok)မှာလည်း အခုလို မျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်ပါ။ အချက်အလက်စိစစ်ချက် အောက်တိုဘာ ၂၈ ရက်မှာ စတင် ပျံ့နှံ့ခဲ့တဲ့ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဗွီဒီယိုမှာ နေ့စွဲအဖြစ် ၂၀၂၅ […]

Continue Reading