Fact Check: မဲစာရင်းအမှားများ UEC နဲ့သာသက်ဆိုင်လို့ ဒေါက်တာ မျိုးညွှန် ပြောတဲ့ သတင်းတု
မဲစာရင်းအမှားများဟာ ရွေးကောက်ပွဲကော်မရှင်နှင့်သာသက်ဆိုင်တယ်လို့ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD) ပါတီက ဒေါက်တာမျိုးညွှန့်ကပြောတယ်လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြသူတွေကြား ပျံ့နှံ့နေခဲ့တာတွေ့ရပါတယ်။ ဒေါက်တာမျိုးညွှန့်ရဲ့အင်တာဗျူးနေသည့် ဓာတ်ပုံနှင့် တကွဖော်ပြထားတဲ့ ဒီပို့စ်မှာ ဒေါက်တာမျိုးညွှန့်က မဲစာရင်း အမှားတွေထုတ်ပြန်နေလဲအပိုပဲ၊ သူတို့လုပ်ထားတာမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့သာသက်ဆိုင် ပြောကြားထားပါတယ်။ သို့သော်လည်း သတင်းစာမှာရေသားဖော်ပြဟန်နဲ့ ပြောဆိုရေးသားချက်တွေဟာ အတုအပဖန်တီးခြင်းဖြစ်တာ Fact Crescendo အနေနဲ့ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာရေးသားမျှဝေမှုတွေကို ဒီနေရာ မှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီလိုမျှဝေထားတဲ့ သတင်းစာအပိုင်းအစဟာ ဘယ်သတင်းဌာနဆိုတာဖော်ပြထားခြင်းမရှိပါဘူး။ သို့သော်လည်း ဒေါက်တာမျိုးညွှန့်နဲ့ အင်တာဗျူးနေဟန်နဲ့ ဓာတ်ပုံကို ၂၀၁၈ ခုနှစ် […]
Continue Reading