တောင်ကိုရီးယားမှာ ကြိုတင်မဲရလာဒ်ထွက်ပြီလား

တောင်ကိုရီးယားနိုင်ငံက ကြိုတင်မဲရလာဒ်ဆိုတဲ့ ပို့စ်တစ်ခု လှုမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံပို့စ်မှာ “တောင်ကိုရီးယားရဲ့ကြိုတင်မဲ အရေအတွက်ပါတဲ့”ဆိုပြီး “Soe Moe Aung Moe ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပို့စ်ကို screenshot ရိုက်ပြီး “Bunki Latt”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရတယ်။ Fb link Archive link ဒီလိုမျှဝေနတာကို ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့နိုင်ပါတယ်။ တကယ်တော့ ဒီမဲရလာဒ်ဟာ အွန်လိုင်းကနေ စစ်တမ်းကောက်ယူရရှိတဲ့ ရလာဒ်စာရင်းသို့မဟုတ် စိတ်ကူး ပုံဖော်ထားတဲ့ ရလာဒ်သာဖြစ်နိုင်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံအရပ်ရပ်က ပြည်ပရောက်မဲပေးသူတွေဟာ မဲဆန္ဒနယ်အသီးသီးက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်တွေကို မဲပေးရမှာဖြစ်ပြီး ဒီလိုမဲပေးလိုက်တဲ့ ရလာဒ်တွေကို သက်ဆိုင်ရာ နိုင်ငံအသီးသီးက သံရုံး၊ကောင်စစ်ဝန်ရုံးအသီးသီးကနေ ချိတ်ပိတ်ထားတဲ့ စာအိတ်များအတိုင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် […]

Continue Reading

NLD နဲ့ ပြည်ခိုင်ဖြိုးပါတီအပေါ် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် မှတ်ချက်ဆိုတဲ့ သတင်းမှားဖြန့်

လူမှုကွန်ယက်အသုံးပြုမှုမှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ချီးမွှမ်းလိုက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကို ရှုတ်ချဝေဖန် တယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ NLD က အင်တာနက်ခေတ်မှာ အားသာချက်တွေရှိနေပြီး ထောက်ခံသူတွေကလည်း အချက်အလက်နဲ့ အကျိုးရှိရှိ အသုံးချနိုင်ပေမဲ့ ပြည်ခိုင်ဖြိုးကတော့ photoshop လုပ်ပြီး သတင်းတုသတင်းမှားဖြန့်တာကလွဲလို့ မလုပ်တတ်တဲ့ အကြောင်း ဦးရဲထွဋ်ကပြောခဲ့တယ်ဆိုပြီးတော့ ရေးသားထားကို အောက်ပါအတိုင်း တွေ့ရပါတယ်။ Link Link Link Archive link Archive link Archive link တကယ်တော့ ဒီလိုမျှဝေနေတဲ့ပို့စ်ဟာ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပြည်ခိုင်ဖြိုးပါတီအကြောင်း သုံးသပ်ပြောထားတယ်ဆိုတဲ့ ပို့စ်ကို ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ဒီသတင်းမှန်သလားမေးလာတာကို အောက်ပါအတိုင်းပြန်လည်ဖြေကြား ထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ […]

Continue Reading

ဒါရိုက်တာကိုပေါက် မဲဆွယ်တယ်ဆိုတဲ့ ဓာတ်ပုံသတင်းမှား

NLD ပါတီကို မဲပေးဖို့ ဒါရိုက်တာ ကိုပေါက်က လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ယူဆရတဲ့ ဓာတ်ပုံပို့စ်တစ်ခု လှုမှုကွန်ယက် အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံမှာ ကိုပေါက်က “မြန်မာပြည် သူခိုးကင်းဖို့ ၂၀၂၀ မှာ NLD ကို မဲပေးစို့”ဆိုတဲ့ စာရွက်တစ်ရွက်ကို ကိုင်ပြီး ဓာတ်ပုံရိုက်ခံနေတဲ့ ပုံဖြစ်ပါတယ်။ “ကိုကို ဖြိုး”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “Mandalay News”၊ “ရမည်းသင်း သတင်းစုံ”စတဲ့ဖေ့စ်ဘွတ်အုပ်စုတွေမှာ “အာ့လို တဲ့ ပြောရဲတဲ့ အနုပညာရှင်ဆို ဘာကားပဲရိုက်ရိုက် အားပေးလိုက်မယ်ကွာ”ဆိုပြီးတော့ မျှဝေထားတာတွေ့ရပါတယ်။ ကိုပေါက် တကယ်ပဲ “မြန်မာပြည် သူခိုးကင်းဖို့ ၂၀၂၀ မှာ NLD ကို မဲပေးစို့”ဆိုတဲ့ စာတမ်းပါ စာရွက်ကို ကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့သလားဆိုတာ စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ကိုပေါက်ရဲ့ […]

Continue Reading

ပုဇွန်တောင်မြိုနယ်မဲစာရင်းထဲ အလုပ်သမား ၈၅၀ရဲ့မဲစာရင်းထည့်သွင်းတယ်ဆိုတဲ့ သတင်းအမှား

ပုဇွန်တောင်မြို့နယ်မှာရှိတဲ့ ပြည်တော်သစ်အိမ်ရာစီမံကိန်းကို ဆောက်လုပ်နေတဲ့ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီက သူ့ရဲ့ဆောက်လုပ်ရေးလုပ်သား ၈၅၀ရဲ့မဲစာရင်းကို ပုဇွန်တောင်မြို့နယ်မဲစာရင်း ထဲထည့်ဖို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကတဆင့်ထည့်သွင်းသွားတယ်ဆိုတဲ့ သတင်းကို Myanmar Hard Talk ဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ဩဂုတ်လ ၁၆ရက်နေ့က မျှဝေခဲ့ပါတယ်။ ဒီပို့စ်မှာ “ရွေးကောက်ပွဲကော်မရှင်က ဖုံးဖိထားသော ဆောက်လုပ်ရေးလုပ်သား မဲစာရင်းပြဿနာ နိုင်ငံရေး ပါတီများအတွက် အန္တရာယ်ကြီးမားလာ”ဆိုတဲ့ ခေါင်းစဥ်နဲ့ “လက်ရှိ အာဏာရအစိုးရဟာ မူလပါတီဖြစ်တဲ့ NLD ပါတီကို ၂၀၂၀ ရွေးကောက်ပွဲ မှာ အနိုင်ရစေဖို့အတွက် ဆောက်လုပ်ရေးလုပ်သားတွေနဲ့ မဲစာရင်းကစားတာ လုပ်ဆောင်နေပါတယ်။ ဒါကို ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်မပြောဘဲ ဖုံးဖိထားပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင်မြို့နယ်မှာ Modern Key Technique ဆောက်လုပ်ရေးကုမ္ပဏီဟာ အခုရက်ပိုင်းအတွင်း ပုဇွန်တောင်မြို့နယ်၊ […]

Continue Reading

Radio Free Myanmar အမှတ်တံဆိပ်ဖြင့် သတင်းတုသတင်းမှားများဆက်တိုက်ဖြန့်ချိ

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို တိုက်ခိုက်တဲ့ သတင်းတွေကို အမှတ်တံဆိပ်တစ်ခု အသုံးပြုပြီး စနစ်တကျဆောင်ရွက်နေတာကို Fact Crescendo Myanmar က သတိပြုမိခဲ့ပါတယ်။  ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးအရတိုက်ခိုက်မှုတွေတွေ၊ စွပ်စွဲပစ်တင်မှုတွေ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ သတင်းတု၊ သတင်းမှာတွေ ဖြန့်ဝေမှုများပြားလာချိန်မှာ NLDနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို တိုက်ခိုက်ဖို့ အတွက် Radio Free Myanmar သို့မဟုတ် လွတ်လပ်သော မြန်မာ့အသံ သို့မဟုတ် RFM လို့ အင်္ဂလိပ်လို အသုံးပြုထားတဲ့ အမှတ်တံဆိပ်ဟာ မကြာခဏဆိုသလိုအသုံးပြုကြတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာလည်း ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ် ဒီလင့်ခ်တွေကနေပြီးတော့ သတင်းတုသတင်းမှားတွေ ဆက်တိုက်တင်ခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Radio Free Myanmar အမှတ်တံဆိပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် […]

Continue Reading

အမှားပြင်ဆင်ချက်- အမရပူရက ယှဉ်ပြိုင်မယ့် USDP ကိုယ်စားလှယ်လောင်း အဖြစ်ဖော်ပြနေတဲ့သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နဲ့ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကနေ ဦးဇော်ထက်အောင်အား ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် မျှဝေနေတဲ့ပို့စ်ကို သတင်းမှားအဖြစ် Fact Crescendo Myanmar က ြသဂုတ် ၁၄ရက်တွင် မှားယွင်းဖော်ပြခဲ့ပါသည်။ အဆိုပါ ပို့စ်ဖော်ပြချက်မှာ မှန်ကန်သည်ကိုတွေ့ရှိရပါသည်။  ပို့စ်တွင်“ဒေါတ်ဇော်ပြိုင်မဲ့ မဲဆန္ဒနယ်မှာ ကြက်ဥသယ်ကို ဝင်ပြိုင်ခိုင်းမဲ့အစ ကား သိန်းထွန်းဦး တို့ နန္ဒာလှမြင့်တို့ သန်းဌေးတို့ လာပြိုင်ကြလေ။ ရှုံးမဲ့နေရာတွေကို ဘာမဟုတ်တဲ့ကောင်တွေနဲ့ထည့်ပြိုင်နေရ အောင် ပြည်ခိုင်းဖြိုး ဟာ ကိုယ်စားလှယ် လောင်းသိပ်ရှားနေပုံပဲ။ နိုင်ငံရေးသိက္ခာ မှာတန်းညှိမပြိုင်နိုင်တဲ့ပြည်ခိုင်ဖြိုးက ကျွန်တော်တို့ အစိုးရ ပြန်ဖြစ်ခဲ့ရင်တဲ့လားးသေခြာတယ် တစညပါတီလို မကြာခင် ပြည်ခိုင်ဖြိုးဟာ ဇာတ်သိမ်းရ တော့မယ်”လို့ ရေးသားထားပြီး “Red Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါ အတိုင်းမျှဝေထားပါတယ်။ ထိုနည်းတူစွာပဲ “Kaung Zaw”၊ […]

Continue Reading

နိုင်ငံတကာက စီမံကိန်းပုံတွေကို ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့မြင်ကွင်း အဖြစ်ဖော်ပြနေ

ပိုက်လိုင်းပုံ၊ သစ်ပင်ငုတ်တိုတွေနဲ့ ပုံ၊ သစ်ခွဲသားတွေပုံထားတဲ့ ပုံတွေကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ခဲ့တဲ့ မြင်ကွင်းတွေအဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ဦးသိန်းစိန် ရေးဆွဲခဲ့သောကမ္ဘာကျော် ပန်းချီကားများ”ဆိုပြီးတော့ “Kyawlay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာပါတယ်။ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှာ “Ven Vi MaLa” အမည်နဲ့ဖေ့စ်ဘွတ်အသုံး ပြုသူမျှဝေထားတဲ့ပို့စ်ကို ပြန်လည်မျှဝေထားခြင်းဖြစ်ပါတယ်။  ဒီပို့စ်မှာဓာတ်ပုံ ၆ ပုံပါဝင်ပြီး ပုံ၃ ပုံဟာ ဖားကန့်ဒေသကျောက်မျက်တူးဖော်ရေးနဲ့ သက်ဆိုင်ပေမဲ့ ကျန် ၃ ပုံဟာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံတကာက ပုံတွေဖြစ်တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပထမဆုံး ပိုက်လိုင်းပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီဓာတ်ပုံဟာ အာဖရိကနိုင်ငံတွေဖြစ်တဲ့ ကင်မရွန်းကနေ ချက်ဒ်ကို ရေနံတင်ပို့ဖို့အတွက် […]

Continue Reading

ပြည်ခိုင်ဖြိုး အာဏာရရင် အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်းမယ်ဆိုတဲ့ သတင်းတု

 ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မယ်လို့ ဦးသန်းဌေးပြောတယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။  ဒီ ဓာတ်ပုံပို့စ်မှာ “ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မည်ဟု ဦးသန်းဌေးပြော”လို့ ခေါင်းစဉ်တပ်ထားပြီး Golden Hands ဂျာနယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဉက္ကဌ ဦးသန်းဌေးနှင့်အင်တာဗျူး တစ်ခုမှာပြောကြားခဲ့ ဟန်ဖြစ်တာတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီမို ဖိုက်တာ၊ Zaw Tun စတဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြင်ထားတဲ့ ဒီသတင်းတုဟာ ဖေဖော်ဝါရီလထဲကတည်းက စတင်ပျံ့နှံ့ လျက်ရှိတာတွေ့ရပါတယ်။ ဒီအင်တာဗျူးရဲ့မူရင်းခေါင်းစီးဟာ “ဘယ်လောက်ပဲတိုင်တိုင် ဥပေက္ခာပြုထားတော့ မပြေးသော်လည်း ကန်ရာရှိ […]

Continue Reading

NLD အလံနဲ့ခွဲမရအောင်တူတဲ့ ပါတီအလံတွေအဖြစ်ဖော်ပြနေတဲ့သတင်းမှား

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အလံနဲ့ခွဲမရအောင်တူနေတဲ့ အလံ တွေနဲ့ အခြားပါတီတွေရှိတယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။  ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ခွပ်ဒေါင်းအလံနဲ့ ကြယ်တစ်လုံးပါတာခြင်းတူတဲ့ အလံ ၄ မျိုးကို နံပါတ်စဉ်တပ် ဖော်ပြထား ပြီး “ရွေးကောက်ပွဲအတွက် အတော်လေးသတိထားရမယ်ကိစ္စပါ ၁ နဲ့ ၄ က အတော်လေးဆင်တူတယ် တော်တန် ယုံလူအဖို့ NLD တံဆိပ်နဲ့ မှားနိုင်ပါတယ်… NLD ရဲ့ အမှတ်တံဆိပ်က နံပတ် ၁ ဖြစ်ပါတယ် အလွယ်တကူ ခွဲခြား သိနိုင်အောင် မှတ်သားထားဖို့က…NLD ရဲ့အမှတ်တံဆိပ်မှာ ခွပ်ဒေါင်းရဲ့နှုတ်သီးဟာ ကြယ်ထောင့်ချွန် ၂ ခု ကြားမှာရှိပါတယ်… ကြယ်ရဲ့ ညာဘက်အောက်ထောင့် အပြင်စွန်းနားမှာ နှုတ်သီးရှိနေရင် NLD မဟုတ်ပါဘူး… အဲ့ဒါလေးကို ဂရုပြုမှတ်သားထားကြပါ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည်က ယုန်လေး MTV အပေါ်မှာ မှတ်ချက်ပေးခဲ့သလား-မဟုတ်ပါ

COVID-19 ကာလ စည်းကမ်းသက်မှတ်ချက်ကို ချိုးဖော်ပြီး အငြင်းပွားဖွယ် MTV ဖန်တီးခဲ့လို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးက အဆိုတော် ယုံလေးကို အနုပညာလှုပ်ရှားခွင့် ၁ နှစ် ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ MTV နဲ့ပတ်သက်ပြီး ယုန်လေးကို ချီးကျူးလိုက်ပြီး အပြစ်မမြင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ “ယုန်လေးရဲ့ MTVကိစ္စကိုဒေါ်အောင်ဆန်းစုကြည်ကဒဲ့ပြောလာပြီနော်”ဆို ဒီလင့်ခ် ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပါတယ်။  အခြားသော ဖေ့စ်ဘွတ်အုပ်စုနဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေမှာလည်း ပျံ့နှံခဲ့တဲ့ ပို့စ်တွေထဲက တစ်ချို့ကိုအောက်ပါအတိုင်း တွေ့ရပါ တယ်။  တကယ်တော့ ဒီလိုမျှဝေနေတဲ့ပို့စ်ဟာ သတင်းတုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ရွေးကောက်ပွဲအတွက် စည်းရုံးမှုတွေလုပ်ဖို့ ဖွင့်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင်ဖေ့စ်ဘွတ် စာမျက်နှာနဲ့ COVID-19 ကာလ လူထုနဲ့ထိတွေ့ဖို့ ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာလည်းဒီလို […]

Continue Reading