Fact Check: ‌သေခါနီးဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု

သူမရဲ့နောက်ဆုံးနေ့ရက်တွေ ရောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်က လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရှိထားတယ်။  “သေခါနီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာသက်ပန်လွတ်ငြိမ်းခွင့်ပေးတော့မည်ဟု  တရုတ်ပြန် မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် ထောင်က ပြန်လွှတ်တော့မယ်ဆိုပြီး အလားတူတဲ့ရေးသား မျှဝေမှုကို အခြားသော ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ကြည်ရှု့မှုပေါင်း ၄၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးတဲ့ သတင်းတု

တောင်ငူအကျဉ်းထောင်မှာ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားတာသတင်းတု တခုသာဖြစ်တယ်။  “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်မှာ ဖြန့်ဝေထားတဲ့  ဗွီဒီယိုပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။   “တောင်ငူအကျည်းထောင်မှာ ပွဲဆူပြီ သမ္မတဦးဝင်းမြင့်ကို သေဒဏ်ပေးလိုက်လို့တဲ့  ပြည်သူတွေအလောင်းပြန်တောင်းတာမရဘူး”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက်မရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်း ခေါင်းစဉ်တုတွေ တပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ အကြောင်းအရာတွေဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြနေခြင်းဖြစ်တာတွေ့ရတယ်။ Also Read […]

Continue Reading

Fact Check: မြန်မာပြည်အောက်ပိုင်းက လူ ၁ ဒသမ ၃ သန်း ရေဘေးခံစားရမယ်လို့ မိုးလေဝသပညာရှင် ခန့်မှန်းတဲ့ သတင်းတု 

မြန်မာနိုင်ငံအောက်ပိုင်းက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ လူ ၁ ဒသမ ၃ သန်းအထိ ထိခိုက်ခံစားရနိုင်တဲ့ ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ စက်တင်ဘာ ၁၄ ရက်ကစပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့လျှက်ရှိတာဟာ သတင်းတု သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းခဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “မြန်မာနိုင်ငံ လူဉီးရေ ၁.၃ သန်းနီးပါး ရေဘေးကြုံတွေ့ရမယ့် အခြေအနေ (ရေထပ်ကြီးနိုင်တဲ့ ဒေသများ စာရင်း) သတိပေးနှိုးဆော်ချက်…😔 ဧရာဝတီတိုင်းအတွင်းမှ ဓနုဖြူ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကြံခင်း၊ ကျောင်းကုန်း၊ လေးမျက်နှာ၊ မြန်အောင်၊ ညောင်တုန်း၊ ပန်းတနော်၊ […]

Continue Reading

Fact Check: ရေကြီးရေလျှံမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် လွတ်မြောက်လာဆိုတဲ့ သတင်းတု 

နေပြည်တော်နဲ့ တောင်ငူထောင်မှာ ရေကြီးရေလျှံကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုလိုထားတဲ့ သတင်းတု  ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဆက်တိုက် ဖြန့်ချိလာတာတွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီအပြင် ‌ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် ‌ရေဘေးသင့်ဒေသတွေကို သွားရောက်မှုဆိုပြီးတော့လည်း ဖြန့်ဝေခဲ့ပါသေးတယ်။  “ဝမ်းသာလိုက်တာ နေပြည်တော်တခုလုံးရေကြီးနေတဲ့အချိန်မှာ  လူယုံတစ်ဦးက အမေစု ကို အကျဉ်းထောင်မှ ကယ်ထုတ်လိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link ဒီယူကျူ့ချန်နယ်မှာပဲ တောင်ငူတမြို့လုံးရေကြီးနေချိန် သမ္မတ ဦးဝင်းမြင့်ကို လူယုံတဦးက ကယ်ထုတ် လာတယ်ဆိုတဲ့ အလားတူပြောဆိုဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ “တောင်ငူတမြို့လုံးရေမြုပ်နေတဲ့အချိန်မှာ သမ္မတဦးဝင်းမြင့်ကို လူယုံတဦးက ကယ်ထုတ် ဝမ်းသာလွန်းလို့မျက်ရည်ပါကျတယ်” အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ […]

Continue Reading

Fact Check: လေကြောင်းတိုက်ခိုက်မှုတွေအစား လက်ဝှေ့ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ မြန်မာစစ်တပ်ကို ဘရော်နီကာ စိန်ခေါ်မှုဓာတ်ပုံလား – မဟုတ်ပါ

လေကြောင်းတိုက်ခိုက်မှုတွေအစား လက်ဝှေ့ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ မြန်မာစစ်တပ်ကို ကယန်းလက်ဝှေ့မယ် ဘရော်နီကာ စိန်ခေါ်ထားတယ်ဆိုတဲ့ ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ လက်နက်အားကိုးနဲ့ မမိုက်ဘဲ လက်ဝှေ့ကြိုးဝိုင်းမှာ ထိုးသတ်ဖို့ စစ်တပ်ကို စိန်ခေါ်ခဲ့တဲ့ မူလဓာတ်ပုံကို ပြုပြင်ထား ခြင်းဖြစ်တယ်။ “အမည်မသိ ရှေ့စာဆို”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့  ဖေ့စ်ဘွတ်ပို့စ်ပါ စာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “အားပေးရကြိုးနပ်တဲ့ Idoi” (မူရင်းအရေးအသား)လို့ ရေးသားပြီး ဓာတ်ပုံထဲမှာတော့ ဘရော်နီကာက “လေယာဉ်နဲ့မတိုက်နဲ့ သွေးရှိရင် ကြိုးဝိုင်းပေါ်တက်ခဲ့”လို့ ရေးသားထားတဲ့ အဖြူရောင်ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link […]

Continue Reading

Fact Check: ရခိုင်ပြည်နယ် မောင်ရွှေလေးရေတပ်စခန်းကို AA တိုက်ခိုက်မှု ဓာတ်ပုံလား- မဟုတ်ပါ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော်(AA) က တိုက်ခိုက်စဉ်မှာ နစ်မြုပ်ခဲ့တဲ့ မြန်မာရေတပ်သင်္ဘောဓာတ်ပုံလို့ဆိုလို ထားတဲ့ ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ တာတွေ့ရပါတယ်။ မှားယွင်းပြောဆိုမှုတခုသာဖြစ်တယ်။ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “ဟယ်… မောင်ရွှေလေး ရေကူးနေကြပြီ”( မူရင်းအရေးအသား) မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ရခိုင်ပြည်နယ် သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ မောင်ရွှေလေး ရေတပ်စခန်းကို AA က လအနည်းငယ်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၆ ရက်မှာ ဒီစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကြေညာပါတယ်။ မူလထုတ်ပြန်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ […]

Continue Reading

Fact Check: မြန်မာပြည်တွင်းရေး မစွက်ဖက်ဖို့ တရုတ်ကို အမေရိကန် သမ္မတ ပြင်းပြင်း ထန်ထန်သတိပေးဆိုတဲ့ သတင်းတု

မြန်မာပြည်တွင်းရေး မစွက်ဖက်ဖို့ တရုတ်ကို အမေရိကန် သမ္မတ ပြင်းပြင်း ထန်ထန်သတိပေးတယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုမှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖြန့်ဝေထားတဲ့ ဗွီဒီယိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ပွဲ ရပ်ရန် ပြောတဲ့တရုတ် ပြဿနာတက်ပြီ နိုင်ငံကြီးတွေက တရုတ်ကို ပေါ်တင် သတိပေးလာပြီ မြန်မာ့အရေး ဝင်ရောက်စွပ်ဖက်မှု ကန်သမ္မတ ပြင်းထန် ဝေဖန်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါ။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “မန္တေလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် အခုလိုပဲ ခေါင်းစဉ်လွဲ သို့မဟုတ် လုပ်ကြံ သတင်းခေါင်းစဉ်တုတွေတပ်ပြီး ဆက်တိုက်ဖြန့်ဝေနေတာတွေ့ရပါတယ်။ တကယ်တမ်း ဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားနေရတဲ့ […]

Continue Reading

Fact Check: မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့အဖမ်းခံရဆိုတဲ့ သတင်းတု

မိုးကုတ်မြို့အနီးမှာ NUG သမ္မတနဲ့အဖွဲ့ကို အရှင်ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကြေညာတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေတယ်။ သတင်းတုသတင်းမှားတခုဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပိုစခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့  “မိုးကုတ်မြို့အနီး NUG သမ္မတနဲ့အဖွဲ့ကို အရှင်ဖမ်းဆီးရမိကြောင်း စစ်ကောင်စီကြေညာ ငိုချင်တယ်၊ NUG သမ္မတ သနားပါတယ်ဟာ ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ NUG ခေါင်းဆောင်တွေထဲက တယောက်ယောက်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရတယ်ဆိုတဲ့ ဒီသတင်းဖော်ပြချက်မရှိပါ။ စစ်တပ်ထိန်းချုပ်ထားတဲ့ မြဝတီသတင်းနဲ့ ပြန်ကြားရေးဌာနတွေမှာလည်း ဒီလိုထုတ်လွှင့်ချက်မတွေ့ရပါဘူး။ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ […]

Continue Reading

Fact Check: စစ်တပ်နဲ့ နီးစပ်တဲ့ သီတဂူဘုန်းကြီးနဲ့ ဝစီပိတ်ဘုန်းကြီး သေဆုံးမှု သတင်းတု

စစ်တပ်နဲ့ နီးစပ်တဲ့ သီတဂူဘုန်ကြီးနဲ့ ဝစီပိတ်ဘုန်းကြီး တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရ သေဆုံးမှုလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခွေး ၁၈၀နဲ့ လုံခြုံရေး ပေးထားတဲ့ သီတဂူ  ဘုန်းကြီးကျောင်းကို ဗုံး ၁၆ လုံးကြဲ ဘုန်းကြီး ခြေတဖက် ပြန်သွားလို့ စစ်ရဟတ်ယာဉ်နဲ့ လာခေါ်သွား”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အလားတူစွာပဲ ဒီယူကျူ့ချန်နယ်က စစ်ခေါင်းဆောင်ကိုးကွယ်တဲ့ ဝစီပိတ်ဆရာတော်ကားကို လက်အောက်ခံ စစ်သားတွေက ပစ်ခတ်လို့ ဝစီပတ်ဘုန်ကြီးသေဆုံးခဲ့တယ်ဆိုပြီးတော့လည်း ဖြန့်ဝေခဲ့ပါသေးတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက်  သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ […]

Continue Reading

Fact Check: ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရပြီး ဘဏ်မှငွေထုတ်ယူခွင့်ပိတ်ပင်ကာ ငွေမည်းအဖြစ်ကြေညာဆိုတဲ့ သတင်းတု

ဗဟိုဘဏ်ဥက္ကဌဖမ်းဆီးခံရပြီး ဘဏ်မှငွေထုတ်ယူခွင့်ပိတ်ပင်ကာ ငွေမည်းအဖြစ်ကြေညာမယ်ဆိုတဲ့ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။  “ဗဟိုဘဏ်ဥက္ကဌ ဆွဲစိခံရ ပြည်သူများကိုဘဏ်မှငွေ‌ကြေးထုတ်ယူခွင့်ပိတ်ပင်ပြီ ငွေစက္ကူများကို ငွေမဲအဖြစ်စတင်ကြေငြာမည်”(မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့  မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ချိ ထားတဲ့ “Khit Thit News”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာကြည့်ပါ။  တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇူလိုင် ၄ ရက်မှာဖော်ပြခဲ့တဲ့ “ပုဂ္ဂလိကဘဏ်များတွင် အများပြည်သူများ၏ […]

Continue Reading