Fact Check: အလောင်းတော်ကဿဖ ဂူနံရံရှိ ရွှေတွေကို PDF အဖွဲ့က ခွာယူသွားတယ် ဆိုတဲ့ သတင်းမှား

မုံရွာမြို့နယ် အလောင်းတော်ကဿဖ လှိုဏ်ဂူတော်အား pdf များဖျက်ဆီးပြီး ဂူနံရံရှိ ရွှေများအားခွာယူသွား တယ်လို့ဆိုထားတဲ့ ပြောဆိုချက်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ဖြန့်ဝေချက်တခုသာဖြစ်ပြီး ရွှေခွာယူသွားတယ်ဆိုတာမဟုတ်ကြောင်း အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ PDF အဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ ပေါက်ဖော်အမည်နဲ့ ဝက်ဘ်ဆိုဒ် ကလည်း တရုတ်ဘာသာနဲ့ ရေးသာဖြန့်ဝေထားတာလည်းတွေ့ရတယ်။ “(မုံရွာမြို့နယ် အလောင်းတော်ကဿဖ လှိုဏ်ဂူတော်အား pdf များဖျက်ဆီးပြီး ဂူနံရံရှိ ရွှေများအားခွာယူသွား 😪)” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဒီသတင်းဟာ မမှန်ကန်ကြောင်းနဲ့ ဒေသခံပြည်သူတွေဆိုရင် ဒီဖြစ်ရပ် […]

Continue Reading

Fact Check: MIG-29 တိုက်လေယာဉ် ၄ စီးပစ်ချခံရတဲ့ သတင်းတု

 MIG-29 တိုက်လေယာဉ် ၄ စီးပစ်ချခံရလို့ စစ်ခေါင်းဆောင် ဒေါသထွက်ပြီး ပေါက်ကွဲပြီး လေယာဉ်မှူးတွေကို ပါးရိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု တပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ သိန်းကျော်ရှိထားတယ်။  “MIG-29 တိုက်လေယာဉ် ၄စီးပစ်ချ မင်းအောင်လှိုင် ဒေါသထွက်ပေါက်ကွဲနေ လေယာဉ်မှုးတွေကိုခေါ်ယူစစ်ဆေးပါးရိုက်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် အာမခံနဲ့ ပြန်လည် လွတ်မြောက်လာတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည် အာမခံနဲ့ ပြန်လည် လွတ်မြောက်လာပြီဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်း လျှက်ရှိတယ်။ ရန်ကုန်က သူမနေအိမ်ရှေ့မှာ ပြည်သူ သိန်းချီကြိုဆိုနေကြတယ်လို့လည်း ဗွီဒီယိုမှာဆိုထားတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၀ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒသမ ၄ သိန်းကျော်ရှိထားတယ်။  “အမှုအားလုံးရုတ်သိမ်းပြီးအာမခံချက်နဲ့  ဒေါ်စုကိုလွှတ်ပေးလိုက်ပြီ  ရန်ကုန်နေအိမ်ရှေ့ပြည်သူ သိန်းချီကြိုဆိုနေကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲ့ကားရေး သားထားတဲ့ သတင်းခေါင်းစဉ် […]

Continue Reading

Fact Check: NUG နဲ့စစ်ကောင်စီ အာဏာလွှဲဖို့သဘောတူဆိုတဲ့ သတင်းတု

NUG ကိုအာဏာလွှဲပြီးစစ်မှုထမ်းဥပဒေဖျက်သိမ်းဖို့ NUG နဲ့စစ်ကောင်စီ လျှို့ဝှက်ဆွေးနွေးမှုအောင်မြင်မှုရရှိခဲ့ပြီး စစ်ခေါင်းဆောင်ဟာလည်း တပ်ချုပ်ရာထူးမှ ရုတ်တရက်နှုတ်ထွက်မယ်လို့ ဆိုထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက် ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူ ထားခြင်းဖြစ်တယ်။ မတ် ၂၄ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒသမ ၄ သိန်းကျော်ရှိထားတယ်။  “NUG နဲ့လျှို့ဝှက်ဆွေးနွေးမှုအောင်မြင်  တပ်ချုပ်ရာထူးမှ ရုတ်တရက်နှုတ်ထွက်ပြီး NUG ကိုအာဏာလွှဲပြီးစစ်မှုထမ်းဥပဒေဖျက်သိမ်းမယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MS Story (Myanmar)”အမည်နဲ့ ကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ […]

Continue Reading

Fact Check: စစ်မှုထမ်းဥပဒေကို စစ်ကောင်စီ ရုတ်သိမ်းတဲ့ သတင်းတု

နိုင်ငံတကာဖိအားတွေကြောင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ရုတ်သိမ်းလိုက်ပြီလို့ဆိုထားတဲ့ သတင်းတု ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိတယ်။  အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။   “အထူးသတင်းကောင်း  စစ်မှုထမ်းဥပဒေရုတ်သိမ်းပြီ  နိုင်ငံတကာဖိအားတွေကြောင့်ရုတ်သိမ်းရန်  မင်းအောင်လှိုင်မှမဖြစ်မနေရုတ်သိမ်းလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Yangon Khit Thit”အမည်နဲ့ ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာလုပ်ငန်းတခုဖြစ်တဲ့ “ရန်ကုန် ခေတ်သစ်သတင်းဌာန”ရဲ့ အမည်နာမ တုပထားပြီး သတင်း ဌာနတွေက ကနဦးဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ ဖတ်ကြားကာ ထင်ယောင်ထင်မှား ဖြစ်ဖွယ် သတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ဝေနေခြင်းဖြစ် တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။  အခုလည်း […]

Continue Reading

Fact Check: ကွတ်ခိုင်မှာ KIA ကဗမာဆိုအဝင်မခံဘဲ ဖမ်းဆီးသတ်ပစ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တု

KIA က အပစ်မဲ့ပြည်သူတွေကို သတ်ပစ်နေပြီး ကွတ်ခိုင်မှာ ဗမာလူမျိုးဆိုအဝင်မခံဘဲ ဖမ်းဆီးသတ်ပစ်နေတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၁၁ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၅၀၀၀ ဝန်းကျင်ရှိ ထား တယ်။ “KIAမှအပစ်မဲ့ပြည်သူတွေကို သတ်ပစ် ကွပ်ခိုင်မာ KIA ကဗမာလူမျိုးဆိုအဝင်မခံ ဖမ်းဆီးသတ်ပစ်နေဟုဆို” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် Myawaddy News အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ အခုလိုပဲ ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့ […]

Continue Reading

Fact Check: ဒီပဲယင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၅၀၀ သေဆုံးတဲ့ သတင်းတု

ဒီပဲယင်းမြို့မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၀၀ သေဆုံးခဲ့တယ်လို့ ဆိုလိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းမှားတခုသာဖြစ်တယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ တိုက်ခိုက်ရေး လေယာဉ်ပုံတွေနဲ့ ပေါက်ကွဲမီးလောင်နေတဲ့ ဓာတ်ပုံတွေနဲ့ မတ် ၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  “စိတ်ခိုင်ခိုင်ထားပြီး ကြည့်ကြပါ  ဒီပဲယင်းမြို့ သွေးချောင်းစီးပြီးလူ (၅၀၀)ကျော်သေ  ရုပ်/သံ လူမျိုးတုန်းသတ်နေလို့ UN သိအောင်ဖြန့်ပေးကြပါ  ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်ရာမှာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို လူစိတ်ဝင်စားမှုများနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ကာ လုပ်ကြံရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။  အခု ဗွီဒီယိုမှာလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀၀ […]

Continue Reading

Fact Check: ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းကို စစ်ကူလာပို့တဲ့ ရဟတ်ယာဉ်ကို AA ပစ်ချတဲ့ သတင်းတု

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ခမရ ၅၅၀ တပ်ရင်းကို စစ်ကူလာပို့တဲ့ စစ်သား ၆၀ ပါတဲ့ ရဟတ်ယာဉ်ကို ရက္ခိုင့်တပ်တော်(AA)ကပစ်ချ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၂ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၃၇၀၀၀ ကျော်ရရှိ ထားတယ်။ “ပုဏ္ဏားကျွန်းခမရ(၅၅၀)တပ်ရင်းကို စစ်ကူလာပို့တဲ့ အင်အား(၆၀)ပါ ရဟတ်ယာဉ်ပစ်ချလိုက်ပြီ AA လေယာဉ်ပစ်တွေထုတ်သုံးပြီဟေ့ ” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် Khit Thit Top News အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်ရာမှာ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် နုတ်ထွက်လို့ တနိုင်ငံလုံး အံဩကုန်ဆိုတဲ့ သတင်းတု

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နုတ်ထွက်လို့ တနိုင်ငံလုံး အံဩကာ စစ်တပ်အကြီးအကဲ အသစ်လည်း ခန့်အပ်တော့မယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ သိန်းဝန်းကျင်ရရှိ ထားတယ်။ “မင်းအောင်လှိုင် နှုတ်ထွက် သတင်း တစ်နိုင်ငံလုံး အံ့ဩကုန်ပြီ တပ်ချုပ်အသစ် ခန့်အပ်တော့မည်” (မူရင်းအရေးအသား) မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း […]

Continue Reading

Fact Check: သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရဆိုတဲ့ သတင်းခေါင်းစဉ်တု

သီတဂူဘုန်းကြီး အိပ်နေတုန်း ဗုံးနဲ့ထုခံရတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာဟာ သတင်းတုသတင်းမှား တခုသာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါ စာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “သီတဂူဘုန်းကြီးအိပ်နေတုန်း ဗုံးနဲ့ထုခံရ သေမှာဆိုးလို့ မအလ ပဲခူးဘုရား ပြေး” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သီတဂူဆရာတော် အိပ်နေတုန်း ဗုံးနဲ့လုပ်ကြံခံရတယ်ဆိုတဲ့ သတင်း သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ အခုဗွီဒီယိုကို ဖြန့်ဝေထားတဲ့ Naypudaw Khit Thit Radio အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြပြီး သတင်း ခေါင်းစဉ်လွဲ သို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိလေ့ရှိတဲ့ သတင်းဌာနတခုဖြစ်တာတွေ့ရပါတယ်။ အခုလည်း ဗွီဒီယိုပါသတင်းတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading