Fact Check: အမေရိကန်လွှတ်တော်ကိုဝင်ရောက်စီးနင်းမှုလိုမျိုး နောက်တကြိမ်ထပ်ဖြစ်တယ်ဆိုပြီး ရေးသားတဲ့ ဗွီဒီယိုအမှား

စစ်သားတွေနဲ့ လူထုကြားပဋိပက္ခဖြစ်ပွားနေတဲ့ဗွီဒီယိုဖိုင်ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ဖြစ်ပွားတဲ့ အမေရိကန်လွှတ်တော်အဆောက်အအုံကို သမ္မတဒေါ်နယ်ထရန့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်လို အလာတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားတယ်ဆိုပြီး ရေးသားကာ လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို “American မှာ ထပ်ပြီး ပွဲဆူနေပြီ Joe Biden ၏ ရာဇဝတ်မှုများကို ဖော်ထုတ်ထားဟု ကြားသိရ”လို့ အညွှန်းတပ်ပြီး သမ္မတဒေါ်နယ်ထရန့်ထောက်ခံသူတွေ အမေရိကန်လွှတ်တော်အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်လို အလာတူဖြစ်စဉ်မျိုးအဖြစ် ပုံဖော်ရေးသားထားပါတယ်။ အောက်ကပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဒီလိုရေးသားနေတာနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၆ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ သမ္မတထရန့်လိုလားသူတွေက အမေရိကန်လွှတ်တော်ကို ဝင်ရောက်စီးနင်းသလို နောက်ထပ်ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားတယ်ဆိုတာမျိုး နိုင်ငံတာသတင်းမီဒီယာတွေမှာ ဖော်ပြတာမျိုး မတွေ့ရပါဘူး။ ဒီဗွီဒီယိုရဲ့ ညာဘက်အပေါ်ဒေါင့်မှာပါတဲ့ RTဆိုတဲ့ […]

Continue Reading