Fact Check: သိန်းတစ်သောင်းလိမ်သွားတဲ့အဖွဲ့ဝင်ကိစ္စ Project k ရှင်းတဲ့ဗွီဒီယိုလား-မဟုတ်ပါ

ပရိတ်သတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ လူကြိုက်များ ရေပန်းစားနေတဲ့  အမျိုးသားလူငယ် ၇ ‌ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ရဲ့  ငွေသိန်းတစ်သောင်းလိမ်သွားတဲ့အဖွဲ့ဝင်ကိစ္စ ရှင်းပြီဆိုတဲ့ ဗွီဒီယိုဖိုင်တခုဟာ ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ၂၀၁၇ ခုနှစ် မတ်လ ၅ ရက်နေ့က တင်ထားခဲ့တဲ့ ဗွီဒီယို အဟောင်းကို လတ်တလော မှာ ဖြစ်နေတဲ့အကြောင်းအရာအဖြစ် ပြန်လည်ဖော်ပြခြင်းခံနေရတဲ့ သတင်းအမှား တခုသာဖြစ်ပါတယ်။ဒီဗွီဒီယိုကို လိုက်ခ်ပြုလုပ်သူဟာ ထောင်ကျော်ရှိပြီး၊ ကြည့်ရှုသူပေါင်း ၅ သိန်းကျော် ရှိခဲ့ပါတယ်။ “သိန်း၁သောင်းလိမ်သွားတဲ့အဖွဲဝင်ကိစ္စ”လို့ရေးသားပြီး“App 5”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထား ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  […]

Continue Reading

Fact Check: ကရင်နီမှာပေါက်တဲ့ မသာလက်ချောင်းမှိုတွေလား-မဟုတ်ပါ

ကရင်နီပြည်နယ်မှာ မြန်မာစစ်သားတွေ သေခဲ့တဲ့နေရာက မသာလက်ချောင်းမှိုတွေပေါက်နေတယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံနဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတဲ့ နိုင်ငံခြားက ဓာတ်ပုံတွေဖြစ်ပါတယ်။ “မသာလက်‌ချောင်းမှို။ ဒါမျိုး စခတွေသေခဲ့တဲ့နေရာမှာပေါက်တာတဲ့။ ကရင်နီပြည်တနေရာမှာ။”လို့ ရေးသားပြီး “Pascal Khoo”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ဒီပို့စ်ကို “ကရင်နီပြည် တစ်နေရာမှာ ပေါက်နေတဲ့ မှိုတဲ့ 😱 စခတွေ မကျွတ်လွတ်ကြဘူးထင်တယ် Credit~Pascal Khoo”လို့ရေးသားပြီး “Kanpetlet Time News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်း မျှဝေခဲ့ရာမှာ နောက်ထပ်မျှဝေမှုပေါင်း ၂၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ […]

Continue Reading

Fact Check: Cardiovax နှလုံးဆေးသောက်တဲ့ ၁၀၉ နှစ်ရှိ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်လား-မဟုတ်ပါ

အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်ဟာ အခု အသက် ၁၀၉ နှစ်အရွယ်အထိနုပျိုနေဆဲဖြစ်ပြီး သူ့ရဲ့လျို့ဝှက်ချက်ကတော့ Cardiovax နှလုံးဆေးကြောင့် ဖြစ်တယ်လို့ဆိုထားတဲ့ပို့စ်တစ်ခု ဘလောဂ့်စာမျက်နှာတွေမှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ သတင်းတု သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ဘလော့ဂ်တစ်ခုမှာဖော်ပြထားတဲ့ စားသားအချို့ဖြစ်ပါတယ်။ သွေးသန့်စင်မှာသာ နှလုံးအတွက် သွေးအတွက်ကောင်းမွန်ကြောင်း ဦးကျော်သူမောင်ကပြောတယ်ဆိုတဲ့ အင်တာဗျူးကိုဖော်ပြ ထားပြီး စာပိုဒ်အဆုံးနားမှာတော့ သွေးကိုသန့်စင်စေနိုင်တဲ့ Cardiovax ဆေးရဲ့အစွမ်းကို ညွှန်းထားပြီး မှာယူဖို့ စာရင်းသွင်းရန်နေရာကို ဖော်ပြထားပါတယ်။အခြားသော ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ ဒီလင့်ခ်မှာလည်း တူညီတဲ့ အင်တာဗျူးဆောင်းပါးကို ရပါတယ်။ “အသက် ၇၀ မှာ အငြိမ်းစားယူခဲ့ပြီး ထင်ရှားကျော်ကြားတဲ့ မြန်မာ နှလုံးပညာရှင် ဦးကျော်သူမောင်ဟာ နှလုံးနဲ့ ကိုယ်ခန္ဓာဟာ ငယ်ရွယ်နုပျိုနေဆဲ ကျန်ရှိခဲ့ပါတယ်။ သူ အငြိမ်းစားယူခဲ့တာ […]

Continue Reading

Fact Check: ဆေးကုသမရနိုင်တော့တဲ့အဆုံး ကင်ဆာလူနာက ပိုက်ဆံတွေ လွှင့်ပစ်လိုက်တာလား-မဟုတ်ပါ

ပိုက်ဆံချမ်းသာမှုထက် ကျန်းမာရေးက အရေးကြီးပုံအဖြစ် တရုတ်နိုင်ငံက ပိုက်ဆံချမ်းသာသူတစ်ဦးရဲ့ ဝမ်းနည်းဖွယ်ရာနိဂုံးလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားကြိမ်ဖန်များစွာ ပျံ့နှံ့ခဲ့ တာတွေ့ရပါတယ်။ ကြမ်းပြင်တစ်ခုပေါ်မှာ ပိုက်ဆံတွေပျံ့ကြဲနေတဲ့ ဓာတ်ပုံ ၂ ပုံနှင့်အတူ ကင်ဆာလူနာဟာ သူ့ရောဂါဟာ ကုသမရနိုင်တော့ဘူးလို့ ဆရာဝန် ဆီက သိလိုက်ရပြီးနောက်မှာ ပိုက်ဆံတွေဟာ အလကားပဲဆိုပြီတော့ ဆေးရုံကြမ်းပြင်ပေါ်မှာ လွှင့်ပစ်လိုက်တာလို့လည်း ဒီပို့စ်မှာရေးသားထားပါတယ်။  “ကျန်းမာရေးဂရုစိုက်ကြပါ 👌👌👌👌 တရုတ်နိုင်ငံကလူနာတယောက် နေမကောင်းလို့ ဆေးရုံလာတယ် ဆရာဝန်ကကင်ဆာဖြစ်နေပါတယ်တဲ့ နောက်ပြီး ကုလို့မရနိုင်တဲ့ ကင်ဆာပါလို့ လူနာကိုပြောလိုက်တယ်  လူနာက အခန်းထဲစိတ်တိုဒေါသ ဖြစ်ခြင်းများနဲ့ ထွက်သွားတယ် ပြီးတော့ ဆေးရုံရဲ့အလယ်မှာ ငွေတွေဖြန့်ကျဲပြီး အကျယ်ကြီးအော်ပစ်လိုက်တယ် “ငွေကအရာတိုင်းကို မလုပ်ပေးနိုင်ဘူး  ငါ့ဘဝကိုတောင်မကယ်နိုင်ဘူး ငါ့ကျန်းမာရေးကိုတောင် အထောက်ကူမပြုနိုင်ဘူး ငွေက်ိုဘာလို့ အများကြီးရှိနေစရာလိုလဲ ငွေရှိတော့ကော ပြီးပြည့်စုံနေမှာမှမဟုတ်တာတဲ့ “ […]

Continue Reading

Fact Check: လက်ဆောင်ပေးမယ်ဆိုပြီး City Mart တံဆိပ်နဲ့ လိမ်လည်လှည့်စားဖို့ လုပ်ဆောင်ထားတဲ့ စာမျက်နှာ

City Mart ၂၆ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဇူလိုင် ၃ ရက်နေ့ မတိုင်မီဒီပို့စ်ကို မျှဝေတဲ့လူတိုင်းကို အထူးလက်ဆောင်အိတ်တစ်ခုပို့ပေးမယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ City Mart ရဲ့အမှတ်တံဆိပ်တွေကို အသုံးပြုလျှက်လုပ်ဆောင်ထားတဲ့ အတုအယောင်စာမျက်နှာတစ်ခုဖြစ်ပြီး City Mart ရဲ့ တရားဝင်စာမျက်နှာကလည်း ၎င်းတို့နဲ့မဆက်ဆိုင်ကြောင်းကြေညာထားပါတယ်။ အောက်ပါ screenshot ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “*@City mart ၏ 26 နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဇူလိုင်လ 3 ရက်နေ့ မတိုင်မီ မျှဝေပြီး “ပြီးပါပြီ” ဟုရိုက်ထည့်သူတိုင်းအတွက် အထူးလက်ဆောင်အိတ်တစ်ခု ပေးပို့လိုက်ပါသည်။*”စသည်ဖြင့် ရေးသားပြီး “City Mart Fans”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်ဆောင်ခြင်းတွေ၊ဈေးဝယ်နေတဲ့ ဓာတ်ပုံတွေနဲ့အတူ မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကိုပြန်လည်မျှဝေမှုပေါင်း ၁ […]

Continue Reading

Fact Check: သေ့ဘော့ဘိုးစခန်းသိမ်းပိုက်မှုဗွီဒီယိုကို ဥကရစ်ထစခန်းသိမ်းပိုက်မှု အဖြစ်မျှဝေ

ဥကရစ်ထစခန်းသိမ်းအောင်ပွဲ ဗွီဒီယိုတစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက် ရှိပါတယ်။ ဗွီဒီယိုဟာ မေလထဲမှာ သေ့ဘော့ဘိုးစခန်းကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုင်သိမ်း ပိုက်မှုဖြစ်ပါတယ်။ ၂ မိနစ် ၅၃ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လက်နက်ခဲယမ်းတွေစုပုံထားပြီး ဘေးပတ်ပတ်လည်မှာ လက်နက် ကိုင်တွေရပ်နေတဲ့မြင်ကွင်းတွေပါဝင်တယ်။ “ဥကရစ်ထစခန်းသိမ်းလက်နက်ရရှိမှု…. ၂၈-၆-၂၂ vd..crd”လို့ ရေးသားပြီး ၂၀၂၂ခုနှစ် ဇွန် ၂၉ ရက်က “Awba Channel Max”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုပို့စ်ကိုပြန်လည်မျှဝေမှုပေါင်း ၁၁၀၀ ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကိုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၂ ခုနှစ် မေလထဲ ကဖြစ်ပွားခဲ့တဲ့ ကော်ဘရာစစ်ကြောင်းရဲ့ […]

Continue Reading

Fact Check: ချောင်းဦး ယာကြီးတောရွာကို PDF တွေက မီးရှို့ဖျက်ဆီးမှုအဖြစ် သတင်းမှားဖြန့်

ချောင်းဦး ယာကြီးတောရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုပြီး ဓာတ်ပုံ ၃ ပုံနှင့်အတူ ဖေ့စ်ဘွတ်မှာဖြန့်ဝေလျှက်ရှိတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံတွေဟာ Khit Thit Media က ကနဦးဖော်ပြခဲ့တဲ့ သတင်းဖော်ပြချက်ပါဓာတ်ပုံတွေဖြစ်ပါတယ်။  “ချောင်းဦး၊ ယာကြီးတောကျေးရွာကို PDFအကြမ်းဖက်မှမီးရှို့ဖျက်ဆီး အိမ်ခြေ ၆၀ မီးလောင်ကျွမ်းပြာကျ  June 29 စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်ယာကြီးတောကျေးရွာကိုPDF အဖွဲမှဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးကြောင်း ကျေးရွာဒေသခံတစ်ဦးမှ ပြောကြား  ရှို့တာက PDF တွေရှို့တာပြီးရင် စစ်တပ်ကလုပ်ပါတယ်ဆိုပြီးသတင်းလိမ်တွေနဲ့ လူထုကိုချပြနေတယ်လို့ သိရှိရပါတယ်”(မူရင်းအရေးအသား) စသည်ဖြင့်“Min Min Oo”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link […]

Continue Reading

Fact Check: ဥကရစ်ထစခန်းသိမ်းအပြီးရရှိတဲ့လက်နက်တွေအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံအမှား

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်ပြည်နယ်ထဲက ဥကရစ်ထစခန်းသိမ်းအပြီးရရှိတဲ့ လက်နက် တွေအဖြစ် ဓာတ်ပုံ ၆ ပုံဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာပျံ့နှံ့လျှက်ရှိပါတယ်။ တကယ်တော့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံဟောင်းတွေသာဖြစ်ပါတယ်။   “နောက်ဆုံးမှာတော့ ဆေးမူးပြီး ခံပစ်နေတဲ့စခမသာကောင်(၅၀)ကျော်နဲ့အတူ လက်နက်အလှူကြီးများစွာနဲ့ဥကရစ်ထစခန်းကိုတော့ အပြီးသိမ်းလိုက်ပါပြီ။ ဆေးပြယ်ပြီးထွက်ပြေးနေတဲ့ခွေးတွေကိုတော့ လိုက်လံရှင်းလင်းနေဆဲပါ လက်ရှိမှာတော့ ရှုံးမဲ၊မဲပြီး လေထဲက ရမ်းကြဲချနေတဲ့ ‌ဂျက်‌ေလယာဥ်ဗုံးတွေကို ထိုင်ကြည့်နေကြတယ်။ ရှေ့ဆုံးက ရွံရွံချွံချွံတိုက်ခဲ့ကြတဲ့ ဗိုလ်စလုံး၊တို့ရဲ့ဆင်ဖြူတပ်ရင်းကို ဂုဏ်ပြုပါတယ်။ စစ်ကူလာတဲ့စကစရဲ့ဗျူဟာကုန်းနဲ့စောစတီးရဲ့DKBAခွေးတွေကို ကိုယ်တိုင်စက်ကြီးကိုင်ပြီး ကြားကဖြတ်တိုက်ခဲ့တဲ့ စောတာပေါရဲ့ကော်ဘရာစစ်ကြောင်းနဲ့အတူ ပူးပေါင်းအဖွဲ့တွေအာလုံးကို ဂုဏ်ပြုပါတယ်။ အခိုင်မာစခန်းချဘို့အတွက် မနက်ဖြန် အောင်ပွဲနိုင် အထိမ်းမှတ်ဖြင့် အလံတင်အခမ်းနား ကျင်းပပြီး ကျဆုံးသူရဲကောင်များကို အလေးပြုရင်း မီးသဂြိုလ်မှာ ဖြစ်တယ်”စသည်ဖြင့် ရေးသားပြီး “Ko Zaw Ko Ko”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို အချုပ်ထောင်ပို့တဲ့နေ့မြင်ကွင်းအဖြစ် ဖော်ပြနေတဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် သင်္ကြန်က ဓာတ်ပုံသာဖြစ်တယ်

ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်အချုပ်ထောင်ကို ပို့ဆောင်မှုဓာတ်ပုံလို့ဆိုတဲ့ ဓာတ်ပုံတစ်ပုံဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ ဇွန် ၂၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မူလကထားရှိတဲ့နေရာကနေ နေပြည်တော်က အချုပ်ထောင်တစ်ခုရဲ့ သီးသန့်အဆောင်တစ်ခုကို စစ်တပ်က ပြောင်းရွှေ့ခဲ့အပြီးမှာ ဒီလို လူမှုကွန်ယက်မှာပျံ့နှံ့တာဖြစ်ပါတယ်။ တကယ်တော့ ၂၀၁၉ ခုနှစ်အတွင်း သင်္ကြန်ကာလအတွင်းက မြင်ကွင်းနဲ့တူညီတာတွေ့ရပါတယ်။  “ခုလက်ရှိ ပုံလို့သိရပါတယ်…😔😔😔 ယနေ့ နေ့လည် (၂)နာရီခန့်က နေပြည်တော် အချုပ်ထောင်ပို့ဆောင်လိုက်ပါပီ”စသည်ဖြင့် ရေးသားပြီး “Min Kaung Pyae”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်မှာ အဓိကျတဲ့ စကားလုံးအချို့ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ဓာတ်ပုံဟောင်းတစ်ခုဖြစ် တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူအချို့ကမှတ်ချက်ပြုကြသလို […]

Continue Reading

Fact Check: ကောင်းမှုတော်ဘုရားနဲ့ ဂြိုလ် ၆ လုံးတန်းတဲ့ဓာတ်ပုံလား- မဟုတ်ပါ

၁၈ နှစ်မှာတစ်ကြိမ်သာမြင်ရလေ့ရှိတဲ့ ဂြိုလ် ၅ လုံးတန်းဖြစ်စဉ်ဟာ မြန်မာဘာသာလူမှုကွန်ယက် အသုံးပြုသူ တွေအကြားမှာ ရေပန်းစားခဲ့ခေါင်းစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ စစ်ကိုင်း ကောင်းမှုတော်ဘုရား ထက်မှာ လနဲ့အတူ အခြားသော ဂြိုဟ် ၅ လုံးတန်းနေတဲ့ပုံကို ရိုက်ကူးထားတယ်လို့ဆိုတဲ့ ဓာတ်ပုံတစ်ပုံဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ ပြုပြင်ပြောင်းလဲထားတဲ့ ဓာတ်ပုံတစ်ပုံဖြစ် တာ တွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်ကိုအောက်ပါအတိုင်းတွေ့ရပါတယ်။ “ဂြိုလ်ကြီး (၆)လုံး ဖြစ်တဲ့…  Mercury, Venus ,Moon , Mars ,Jupiter ,Saturn  တန်း သွားချိန်… မနက် (2)နာရီ မှ  (5:10)ဓါတ်ပုံ ရရှိခဲ့။ စစ်ကိုင်း ကောင်းမှူတော်ဘုရား စိန်ဖူးတော် နှင့် Moon  ကပ်ရိုက်ထားတယ်လို့ သိရပါတယ် ဓါတ်ပုံ […]

Continue Reading