COVID-19 ရောဂါပိုးဖြန့်ကြဖို့ AA တိုက်တွန်းတယ်ဆိုတဲ့ သတင်းတု

COVID-19 ရောဂါပိုးဖြန့်ကြဖို့ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်က ရခိုင်လူမျိုးတွေကို တိုက်တွန်းတယ်တဲ့ညွှန်ကြားချက်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ “အဲ့တာကြီးသာအမှန်ဆိုရင်”စသည်ဖြင့်ရေးသားပြီး “MarLar Aung”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက အောက်ပါ အတိုင်း မျှဝေထားပါတယ်။ ဒီထုတ်ပြန်ချက် ဓာတ်ပုံပို့စ်မှာ COVID-19 ရောဂါကို အသုံးပြုပြီး ရခိုင်နိုင်ငံကို တည်ဆောက်ဖို့နဲ့ ပိုးတွေ့ရှိရတဲ့ ရခိုင်တွေဟာ အဓိကကျတဲ့ ရန်ကုန်နဲ့ မန္တလေးကို ရောဂါပျံ့ပွားအောင်လုပ်ပြီး အစိုးရပြိုလဲအောင်လုပ်ကြဖို့ဆိုပြီးရေးသားထားကာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုပြီးတော့ လက်မှတ်ရေး ထိုးထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ရခိုင်လက်နက်ကိုင်တပ်ဖွဲ့က သူတို့ရဲ့ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်နေတဲ့ https://www.arakanarmy.net/news ကို proxy server တစ်ခုအသုံးပြုပြီး ဝင်ရောက်ရှာဖွေရာမှာ ဒီလိုမျိုး သတင်းထုတ်ပြန်ချက် ခြိမ်းခြောက်ရေးသားချက်မျိုး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ မတွေ့ရှိရပါဘူး။  ရခိုင်ပြည်နယ်မှာ COVID-19 […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတာလား-မဟုတ်ပါ

မြန်မာစကားမတတ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေသီချင်းဆိုနေကြတယ်ဆိုပြီး နိုင်ငံခြားက လုံခြုံရေးတပ်ဖွဲ့တစ်ခုက သီချင်းဆိုနေဟန် ဗွီဒီယိုပို့စ်တစ်ခုကို ပျံ့နှံ့လျက်ရှိပါတယ်။ ဒီဗွီဒိုယိုဖိုင်ကို “Pway Li” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အမေအောင်ဆန်းစုကြည် သမ္မတဖြစ်ပါစေတဲ့ ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထားတာလေးနားထောင်ကြည့်ပါဗျာ အမေအောင်ဆန်း စုကြည် သမ္မတဖြစ်ပါစေတဲ့ကို့ဘာသာစကားမဟုက်ပေမဲ့ အမေ့ကိုဂုဏ်ပြုသီဆိုထား တာလေးနားထောင် ကြည့်ပါဗျာ”ဆိုပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ဒီဗွီဒီယိုကို ပြန်လည် မျှဝေသူပေါင်း ၃ သောင်း ၈ ထောင်ကျော်ရှိပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုကို ဗွီဒီယိုကနေ ဓာတ်ပုံအဖြစ်ပြောင်းပေးနိုင်တဲ့ Invid ဆိုတဲ့ ဆော့ဖ်ဝဲလ်အသုံးပြုပြီး ခွဲခြမ်း စိတ်ဖြာ ကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ ရလာတဲ့ပုံတွေထဲက ပထမဆုံးပုံကို Yandex မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ အွန်လိုင်းမှာ ၂၀၁၇ ခုနှစ်လောက်ကတည်းက […]

Continue Reading

တရုတ်နိုင်ငံဟီချီမြို့ကလေယာဉ်ကွင်းကို ချင်းပြည်နယ် ဖလန်းမြို့က လေယာဉ်ကွင်း အဖြစ် မျှဝေနေ

ချင်းပြည်နယ်မှာ ဖလမ်းမြို့မှာ မြန်မာနိုင်ငံအတွက် အနောက်ဘက်အကျဆုံးလေယာဉ်ကွင်းကို ယခုအစိုးရ လက်ထက်မှာ ဆောက်လုပ်လျက်ရှိပြီး ယခုနှစ်အတွင်းဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။  ဒီလိုအခြေအနေမျိုးမှာ  တောင်တန်းတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ လေယာဉ်ကွင်းတစ်ခုကို ချင်းပြည်နယ် ဖလမ်းက လေယာဉ်ကွင်းအဖြစ်မျှဝေလျက်ရှိပြီး လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပြီး ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေနေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုပဲ ဝက်ဘ်ဆိုဒ်တွေမှာ ချင်းပြည်နယ် ဖလမ်းလေယာဉ်ကွင်းအဖြစ် ဒီလင့်ခ် ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဒီပို့စ်တွေမှာပါတဲ့ တောင်တန်းတစ်ခုပေါ်က လေယာဉ်ကွင်းကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရလာတဲ့ ရလာဒ်ထဲကမှ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြား ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာအောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီပုံကို တရုတ်ဘာသာနဲ့ရေးသားထားတဲ့ kknews.cc အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ၂၀၁၆ ဒီဇင်ဘာလ ၆ ရက်က အစောဆုံးအသုံးပြုခဲ့တာတွေ့ရပြီး တရုတ်နိုင်ငံ […]

Continue Reading

တောင်သာက ဂုဏ်ထူး ၅ ဘာသာနဲ့အောင်မြင်ခဲ့သူရဲ့ နာမည် အချက်အလက်မှားဖြန့်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ြသဂုတ် ၉ ရက်မှာ ယခုနှစ် အွန်လိုင်းကနေ ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့ရာမှာ လူထုအကြားမှာ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ တစ်နှစ်ဖြစ်ခဲ့သလို သတင်းမှားဖြန့်ဝေမှုတွေလည်းရှိခဲ့ပါတယ်။  “Htet Lwin Aung”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ သူဟာ ဂုဏ်ထူး ၅ ဘာသာပဲပါတဲ့အတွက် မိဘတွေကို တောင်းပန်ကြောင်း အောက်ပါအတိုင်းရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို လူမှု ကွန်ယက်အသုံးပြုသူ ၁ သောင်း ၃ ထောင်ကျော်က ပြန်လည်မျှဝေခဲ့ကြပြီး မှတ်ချက်ပေးသူ ၁ သောင်း ၈  ကျော်လည်းရှိခဲ့ပါတယ်။ အမှန်တကယ်တော့ အောင်စာရင်းမှာ ခုံအမှတ် မသဘ ၂၀ နဲ့ ဝင်ရောက်ဖြေဆိုပြီး ဂုဏ်ထူး ၅ ဘာသာနဲ့ အောင်မြင်ခဲ့သူဟာ မောင်ထက်လွင်အောင် မဟုတ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် […]

Continue Reading

မောင်ထမင်းစားပီးပီလား နာမည်နဲ့ ဆယ်တန်းအောင်မြင်ခဲ့သူရှိသလား-မဟုတ်ပါ

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ြသဂုတ် ၉ ရက်မှာ ယခုနှစ် အွန်လိုင်းကနေ ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့တာကြောင့် လူထုအကြားမှာ ဆယ်တန်းအောင်စာရင်းနဲ့ ပတ်သက်ပြီး ပိုမိုစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ တစ်နှစ်ဖြစ်ခဲ့ပါတယ်။  ဒီလိုအခြေအနေမှာ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်နဲ့ ကျောင်းသား တစ်ယောက်ပါဝင်တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေကြတာတွေ့ရပါတယ်။ “Yoon Nay Chi Zaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ” Feel.ကြမယ်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက် ပါအတိုင်းမျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ၅၀၀ ဝန်းကျင်က ပြန်လည်မျှဝေခဲ့ကြပြီး ဟာသအမြင်နဲ့ မှတ်ချက်ပေးသူ ၁၀၀ ကျော်လည်းရှိခဲ့ပါတယ်။ အမှန်တကယ်တော့ အောင်စာရင်းမှာ မောင်ထမင်းစားပီးပီလား အမည်နဲ့ အောင်မြင်သူမရှိတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန၊ […]

Continue Reading

ရုပ်ရှင်အစည်းအရုံးမှ အဆိုတော် ယုန်လေးအားရာသက်ပန်ထုတ်ပယ်တယ်ဆိုတဲ့ သတင်းမှား

ရုပ်ရှင်အစည်းအရုံးမှ အဆိုတော် ယုန်လေးအားရာသက်ပန်ထုတ်ပယ်တယ်ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိပါတယ်။ “ယနေ့နေ့လည်ပိုင်းကစတင်ပြီး Facebookပေါ်တွင် သရုပ်ဆောင် ဒါရိုက်တာ အဆိုတော် ယုန်လေးမှ လွှင့်တင်ခဲ့သော စည်းလုံးသင့်ပြီ မြန်မာပြည် အမည်ရှိ သီချင်းတစ်ပုဒ်ကြောင့်ဆင်ဆာခွင့်ပြုချက်မရပဲ ပြသခြင်းစသည်တို့ကြောင့် ယုန်လေးအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယကကြီးများအရေးပေါ် စုံညီအစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ပြီး ထုတ်ပယ်လိုက်တယ်လို့ ယနေ့ည၁ဝ :၃၀ ကသတင်း အရသိရပါတယ်။နောက်ဆက်တွဲအနေဖြင့် အဆိုပါတေးသီချင်းတွင်ပါဝင်သော အနုပညာရှင်များကိုလည်း နောင်တွင် ထိုကဲ့သို့သော ဇာတ်လမ်းများမရိုက်ကူးနိုင်စေရန်ခံဝန်လက်မှတ်ထိုးခိုင်းသွားမည်ဟုလည်း သိရပါတယ်။ မနက်ဖြန်မနက်မှာ သတင်းမီဒီယာများတွင် ထည့်သွင်းသွားမည်ဖြစ်ပါတယ်။ အစည်းအရုံးမှထုတ်ပယ်လိုက်ခြင်းကြောင့် ယုန်လေးအနေဖြင့် ရုပ်ရှင်၊ဗီဒီယိုရိုက်ကူးခြင်း ပါဝင်သရုပ်ဆောင်ခြင်း၊ ပါဝင်ထားသော ရုပ်ရှင်ကားများ ရုံတင်ပြသခြင်း ၊သီဆိုထားသောသီချင်းများအား ရုပ်ရှင် ဗီဒီယိုများတွင် အသုံးပြုခွင့်ရှိတော့မည်မဟုတ်ဟုလည်း သိရပါတယ်”ဆိုပြီး ြသဂုတ် ၅ ရက်က “48myanmar”၊ “mevemedia”စတဲ့ဝက်ဘ်ဆိုဒ်တွေမှာ ရေးသားမျှဝေထားပါတယ်။  အမှန်တကယ်တော့ ဒီသတင်းဟာ […]

Continue Reading

ဇွဲကပင်တောင်အား ဒေသခံများမှ မီးရှို့ ဖျက်ဆီးဆိုတဲ့ သတင်းမှား

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်တောင်ကို ဒေသခံတွေက ဓာတ်ဆီလောင်း မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခု Cele Cele All အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက ဇူလိုင် ၂၇ ရက်မှာ သတင်းမှားတစ်ခု မျှဝေထား ပါတယ်။ “လွန်ခဲ့သော နှစ်များဆီမှ ပြင်သစ်နိုင်ငံသားတစ်ဦးသည် ဇွဲကပင်တောင်ပေါ်ကနေ ခုန်ချသတ်သေမှု့ဖြစ်ပီး နောက်ပိုင်းလွန်ခဲ့သောတစ်လခန့်က ကျောင်းသူလေးတစ် ဦး ထပ်မံ သေကြောင်းကြံခဲ့သည်…. ကျောင်းသူလေး သေပီး မရှေးမနှောင်း တက္ကသိုလ်ကျောင်းသားတစ်ဦးသေဆုံးခဲ့ပီး လွန်ခဲ့သောတစ်ပတ်ခန့်က တောင်ပေါ် မှာနေ သော ကလေးတစ်ဦး တောင်အောက်မှာကားကျိတ်ခံရ၍သေဆုံးအပီး ယခုအခု တောင်ပေါ်မှာနေထိုင်သော အစောင့်လင်မယားနှစ်ယောက် ဓာတ်လိုက်ပီးသေဆုံးခဲ့သောကြောင့် ဒေသခံများမှာ တောင်ပေါ်တွင် စောင့်ရှောက်သော ကရင်မောင်နှမနှစ်ယောက် လူစားလဲနေသည်ကို ယုံကြည်သွားကြပီး ယနေ့ည 27 ရက်နေ့ ညခြောက်နာရီအချိန်က တောင်အပေါ်ဆုံးကနေမီးသတ်ကားဖြင်း ဓာတ်ဆီများ […]

Continue Reading

မြန်မာစာ အက္ခရာ ၈ လုံးကိုဖျက်ပစ်လိုက်ပြီးဆိုတဲ့ လှည့်စားထားတဲ့သတင်းမှား

ဃ၊ဋ၊ဈ၊ဏ၊ဠ၊ဌ  စတဲ့အက္ခရာ ၈ လုံးကို ဖျက်လိုက်ပြီးဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ အခုပယ်ဖျက်လိုက်တဲ့ အက္ခရာတွေဟာ သာသနာနဲ့သက်ဆိုင်တဲ့ ပါဋိနဲ့ သက်ဆိုင်တဲ့အတွက်  ပယ်ဖျက်လိုက် တယ်ဆိုပြီးတော့လည်း ရေးသားမျှဝေနေတာတွေရပါတယ်။ “U Thura Zaw”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှ ဝေထားပါတယ်။  Fb link Archive link အချက်အလက်စိစစ်ချက် ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ပထမတန်းသင်ရိုးသစ်မှာ ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ နှင့် ဠ စတဲ့စကားလုံးတွေ ဖြုတ်ထားတာမရှိပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ myanmarexam.org သူငယ်တန်း မြန်မာစာ သင်ရိုးမှာ ဗျည်းအက္ခရာ ၃၃ လုံးကနေ ၈ လုံးဖြုတ်ပြီး သင်ကြားမှုကို ၂၀၁၆-၂၀၁၇ […]

Continue Reading

ကျောင်းသားတွေနဲ့ အလုပ်သမားတွေကို Vivo ကုမ္ပဏီက ဖုန်းအလုံး ၂ သောင်းအခ မဲ့ပေးမယ်ဆိုတဲ့သတင်းမှား

COVID-19 ကာလမှာ ကျောင်းသားတွေနဲ့ အခြေခံအလုပ်သမားတွေကို ဖုန်းသစ်ကိုင်ဖူးတယ်ရှိအောင်လို့  Vivo ကုမ္ပဏီက ဖုန်းအလုံး ၃၂ သောင်းအခမဲ့ပေးမယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။ “Khoon”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက“အခြေခံအလုပ်သမားများအတွက် vivo နောက်ဆုံးလက်ဆောင်ပေးခြင်း။ vivo ကုမ္ပဏီသည် ကပ်ရောဂါကာလကြောင့် လူအများအားဖုန်းအသစ် 20,000 ပေးရန်ပြင်ဆင်နေပါပြီ။ ကျောင်းသားများနဲ့အလုပ်သမားများအတွက် အခမဲ့ vivo ဖုန်းများ vivo ဖုန်းကိုအရယူရန် ဖော်ပြပါ group ကို join ပါ။https://www.facebook.com/groups/570624103438134/permalink/914909059009635/ ယခုပို့စ်ကို ဂရု ငါးခုမှာရှဲလ်ပြီး V ဆိုပြီးမှတ်ချက်ပေးပါ မှတ်ချက်ကဏ္ဍမှာ vivo ကသတိပြုမိစေဖို့ လိုပါတယ်။ ကံထူးသူ 20,000 ကို vivo page ကနေကြေညာပေးသွားပါမယ်”ဆိုပြီး “VIVO Smart Phone တွေကိုင်ကြမယ်”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားပါတယ်။ ပေးထားတဲ့ […]

Continue Reading

တောင်ကြီး-ဆီဆိုင်လမ်းကို ပိတ်လိုက်တယ်ဆိုတဲ့ သတင်းတု

ထိုင်းပြန် ပအိုဝ်းတွေမှာ ရောဂါအမြောက်အများဖြစ်ပွားနေတာကြောင့် တောင်ကြီး-ဆီဆိုင်လမ်းကို စတင်ပြီးပိတ်ဆို့ လိုက်ပြီဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။ “#သတိရှိကြပါ တောင်ကြီး – ဆီဆိုင်လမ်းကို အခုကနေစတင်ပြီးပိတ်ဆို့ လိုက်ပါပြီ။ ထိုင်းပြန် ပအိုဝ်းတွေမှာ ရောဂါအမြောက်အများဖြစ်ပွား နေကြောင်းလည်းသိရပါသည်။ ပတ်ဝန်းကျင်ကိုဂရုစိုက်ပါ။ လူစိမ်းဝင်လာ လျှင်နီးစပ်ရာရဲစခန်းသို့အမြန်အကြောင်း ကြားကြပါ။***** ပအိုဝ်းဆိုလျှင်အထူးသတိထားကြ ပါ။”စသည်ဖြင့်ရေးသားပြီး “ငြိမ်း ငြိမ်း သန်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “တောင်ကြီး သတင်းစုံလင်”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးတွေဖြစ်တဲ့ “တောင်ကြီး-ဆီဆိုင်လမ်းပိတ်”၊”တောင်ကြီး-ဆီဆိုင်လမ်း”စသည် ဖြင့် ရှာဖွေမယ်ဆိုရင် သတင်းဌာတစ်ခုတစ်လေမှ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဒီလိုလမ်းပိတ်လိုက်တဲ့အကြောင်း သတင်းဖော်ပြထားတာမတွေ့ရှိရသလို ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ချက်မျိုးမတွေ့ရှိရပါဘူး။ ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို အသေအချာဆန်းစစ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက […]

Continue Reading