Fact Check: ရန်ကုန်တက္ကသိုလ်က အခမဲ့သင်တန်းတက်သူတွေကို လက်ပ်တော့ တလုံစီပေးသလား-မဟုတ်ပါ

အွန်လိုင်းကနေ အခမဲ့သင်တန်းပေးနေပြီး သင်တန်းတက်သူတွေကို ရန်ကုန်တက္ကသိုလ်က လက်ပ်တော့ တလုံစီပေးနေတယ်လို့ဆိုပြီး ကြော်ငြာထားတဲ့ ပို့စ်တခု  ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိတယ်။တကယ်တော့ သတင်းမှား တခုသာဖြစ်တယ်။ အွန်လိုင်းကနေ အခမဲ့ သတင်တန်း ရန်ကုန်တက္ကသိုလ်က ပို့ချခြင်းမရှိသလို လက်ပ်တော့ ပေးမယ်ဆိုတာလည်း မဟုတ်ပါဘူး။ အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့ခဲ့တဲ့ ဖေ့စ်ဘွတ်ကြော်ငြာ တခုက ရယူထားခြင်းဖြစ်တယ်။ “အ‌ကြောင်းကြားပါ။ ဧပြီလ 22 ရက်၊ 2024 မှ ရန်ကုန်တက္ကသိုလ်သည် အသက် ၁၈ နှစ် မှ ၆၅ နှစ်ကြား အခမဲ့ အွန်လိုင်းသင်တန်း များ ပို့ချပေးနေသည်။  သင်တန်းကာလ အတွင်း လက်ပ်တော့တစ်လုံး ပေးပါမည်။  သင်တန်းပြီးဆုံးပါက ရန်ကုန်တက္ကသိုလ်မှ  ဘွဲ့လက်မှတ်ရရှိမည်ဖြစ်ပါသည်။” မူရင်းလင်ခ့် – Fb link | […]

Continue Reading

Fact Check: NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ သတင်းမှား ပျံ့နှံ့ခဲ့

NLD နာယက ဦးတင်ဦး မေ ၃၀ ရက်က ကွယ်လွန်သွားပြီဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုဖြစ်တယ်။ NLD နာယက ဦးတင်ဦးဟာ ယနေ့(ဇွန် ၁ရက်)မနက်ပိုင်းမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ –တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “NLD နာယကကြီး ဘဘဦးတင်ဦး  မေ ၃၀  ၇ နာရီ ၃၂မိနစ်တွင်  ကွယ်လွယ်သွားပြီဟု  သိရှိရပါသည်။ ကောင်းရာ သုဂတိဘုံမှာ  အေးချမ်းပါစေ 🙏🙏🙏” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယက ဦးတင်ဦး ကွယ်လွန်သွားပြီလို့ အချို့သော လူမှုကွန်ယက် အသုံးပြုသူတွေက ရေးသားဖြန့်ဝေနေချိန်မှာ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ စိုးရိမ်လူနာအဖြစ် […]

Continue Reading

Fact Check: ဘီးနံပါတ် OK 0122L သီချင်းနဲ့ ပတ်သက်တဲ့ အချက်အလက်မှား 

ဂန္ဓဝင် အဆိုတော်နဲ့ သီချင်းရေးဆရာ စိုင်းခမ်းလိတ်ရဲ့ ဘီးနံပါတ်.. OK 0122Lဆိုတဲ့ သီချင်းဟာ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ပြီး ရှမ်းတယောက်ရဲ့ ခံစားချက်ကို ဖော်ပြထားတယ်ဆိုတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ ရပါတယ်။ ပြောဆိုချက်ဟာ မမှန်ကန်ပါဘူး။ အောက်ပါစခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ပြောဆိုချက်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ “သိပ်ပြီး ပညာသားပါတဲ့ သီချင်းလေး  ရှိသေးတယ်… ကျနော်တို့ သိထားတဲ့… ဘီးနံပါတ်… OK 0122L ဆိုတဲ့ အပေါင်ဆုံး စက်ဘီးလေး အကြောင်းလေ မင်းသခင်မလေး ခမြာလေ.. သိပ်ကို စွဲလမ်းရှာနေ.. ပြန်ရွေးလို့ ရခဲ့ရင်  ပြန်ရွေးလို့ […]

Continue Reading

Fact Check: မေ ၁၆-၁၇ မှာ မုန်တိုင်းကြီး ဝင်တော့မယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား

မေ ၁၆ နဲ့ ၁၇ မှာ မုန်တိုင်းကြီး ဝင်တော့မယ်ဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ဖြန့်ဝေလျက်ရှိတာဟာ သတင်းမှားတခုသာဖြစ်တယ်။ ဒီလိုပြောဆိုထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုရဲ့ စခရင်ရှော့ဓာတ်ပုံကို အောက်မှာကြည့်ပါ။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “ည ၁၀ နာရီ မုန်တိုင်းသတင်းထူး မေလ ၁၆-၁၇ တကယ်မုန်တိုင်းစဝင်တော့မယ်စုစုစံကြေညာ” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် မြန်မာနိုင်ငံကို မေ ၁၆-၁၇ ရက်အတွင်း မုန်းတိုင်ကြီး စဝင်တော့မယ်ဆိုတဲ့ ဒီသတင်းဖော်ပြချက်မျိုးမရှိ ယုံကြည့် ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့တရားဝင် မိုးလေဝသအေဂျင်စီတွေက ဖော်ပြချက်မတွေ့ရပါဘူး။ တကယ်တမ်း အခု ဖြန့်ဝေနေတဲ့ ပို့စ်မှာပြောထားသလိုပဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မိုးလေဝသခန့်မှန်းချက်တွေ ဖေ့စ်ဘွတ်ပေါ်ကနေ ပုံမှန်ဖြန့်ဝေလေ့ရှိတဲ့ “Su […]

Continue Reading

Fact Check: ပညာ‌ရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေသလား- မဟုတ်ပါ

ဧပြီလမှ စတင်ပြီး မြန်မာနိုင်ငံ ပညာ‌ရေးဝန်ကြီးဌာနက နိုင်ငံတကာအဆင့်မီ အခမဲ့အွန်လိုင်းသင်တန်းတွေ ပေးနေတယ်လို့ ဆိုပြီး ကြော်ငြာထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတာတွေ့ရပါတယ်။ အသက် ၁၈ နှစ်အထက်ကနေ အသက် ၅၅ နှစ်အထက်အထိ သင်တန်းတွေကို ဝင်ရောက်ကြည့်ရှူ့နိုင်တယ်ဆိုပြီးတော့လည်း ကြော်ငြာထားတာတွေ့ရတယ်။ အတုအယောင်ကြော်ငြာ တခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ “အစိုးရအကျိုးခံစားခွင့်များကို အသုံးချပါ၊ အခမဲ့အွန်လိုင်းသင်တန်းများကို စူးစမ်းလေ့လာပြီး နိုင်ငံအလိုက် အသိအမှတ်ပြုလက်မှတ်ကို ရယူလိုက်ပါ။” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းကို မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနမှာလည်း ဖော်ပြချက်မရှိသလို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အောက်က ပညာရေးဝန်ကြီးဌာန မှာလည်းဖော်ပြချက် မရှိပါ။ ဒီလိုမျှဝေထားတဲ့ […]

Continue Reading

Fact Check:  ဧပြီ ၁၄ နဲ့ ၁၅ ရက်မှာ မုန်တိုင်းကြီးဝင်မယ်ဆိုတဲ့ သတင်းမှား

ဧပြီ ၁၄ ရက်နဲ့ ၁၅ ရက်မှာ မြန်မာနိုင်ငံကို ဆိုက်ကလုန်းမုန်တိုင်းကြီးဝင်ရောက်လာမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ‌ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှာ ဖြန့်ချိ နေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၃ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒသမ ၄ သိန်းကျော်ရရှိ ထားတယ်။ “နေ့လည် ၁ နာရီမုန်တိုင်းသတင်းထူး ဧပြီ ၁၄ – ၁၅ မှာ ဝင်လာမယ့် နေ့လည် ၁ နာရီမုန်တိုင်းသတင်းထူး ဧပြီ ၁၄ – ၁၅ မှာ ဝင်လာမယ့် ဆိုက်လုံးမုန်တိုင်းကြီး စုစုစံ အရေးပေါ်” မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဖေ့စ်ဘွတ်မှာ မှတ်ချက်ရေးရုံနဲ့ Ocean ဈေးဝယ်စင်တာက လက်ဆောင်ပို့ ပေးမယ်ဆိုတဲ့ လှည့်စားထားတဲ့ စာမျက်နှာ

ဖေ့စ်ဘွတ်ပို့စ်မှာ “Happy New Year”လို့ မှတ်ချက်‌‌ရေးတဲ့သူတိုင်းကို လက်ဆောင်တွေပါတဲ့ အထူးအိတ်တလုံးစီ မြန်မာနိုင်ငံမှာ နာမည်ကြီး ဈေးဝယ်စင်တာတခုဖြစ်တဲ့ Ocean Supperပို့ပေးမယ်လို့ဆိုထားတဲ့ Ocean Supercenter Fans အမည်နဲ့စာမျက်နှာဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါ တယ်။ လိမ်လည်လှည့်စားထားထားတဲ့ အတုအယောင်စာမျက်နှာသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ပို့စ်က ရယူထားခြင်းဖြစ်တယ်။ ၂၄ နာရီအတွင်း ဒီပို့စ်ကို မျှဝေမှုပေါင်း ၁၃၀၀ ရှိပါတယ်။  “နှစ်သစ်လက်ဆောင်- @Ocean Supercenter ခရစ္စမတ်နဲ့ နှစ်သစ်ကူးကို ကြိုဆိုဖို့အတွက် ဒီဇင်ဘာ 25 ရက်နေ့မတိုင်ခင် ကျွန်တော်တို့ရဲ့ PAGE မှာ “Happy New Year” လို့ ရေးတဲ့သူတိုင်းကို အထူးအိတ်တစ်ခု ပို့ပေးမှာပါ။ ကံကောင်းပါစေ!” မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: KFC က ကြက်ကြော် အလကားပေးနေတယ်ဆိုတဲ့ လိမ်လည်လှည့်စားထား တဲ့ စာမျက်နှာ

KFC က ဖေ့စ်ဘွတ်ပို့စ်ကို မျှဝေတဲ့သူတိုင်းကို ကြက်ကြော်တွေ အလကားပေးနေပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ KFC နာမည်နဲ့ အမှတ်တံဆိပ်အသုံးပြုပြီး လိမ်လည်လှည့်စားထားခြင်းသာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ၁၉ နာရီအတွင်း ဒီပို့စ်ကို မျှဝေမှုပေါင်း ၆၀၀၀ ရှိပါတယ်။  “ဒီနှစ် ဒီဇင်ဘာလအတွက် KFC မှာ ထူးထူးခြားခြား လုပ်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်တွေက ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ KFC မှာ လူတိုင်းကို ကြက်တစ်ပုံး (အခမဲ့) ကျွေးချင်တယ်။ ဒီပို့စ်ကို မျှဝေသူတိုင်းနဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး ကြက် ၁၂ ကောင်ပါတဲ့ ပုံးတစ်ပုံးကို ပို့ပေးပါမယ်။ (​နောက်​​နေ့ပို့​ပေးပါတယ်​)” မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းမှု သတင်း‌ခေါင်း စဉ်တု

ကျပ် ၅၀ တန်နဲ့ ကျပ် ၁၀၀ တန် စစ်ကောင်စီ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တခု ယူကျူ့မှာဖြန့်ဝေ နေတာတွေ့ရပြီး သတင်းမှားတခုသာဖြစ်တယ်။ ကျပ် ၅၀ တန်၊ ကျပ် ၁၀၀ တန်ဖျက်သိမ်းကြောင်းသတင်းဟာ မဟုတ်မှန်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ရဲ့ တုန့်ပြန်ချက်သတင်းကို သတင်းခေါင်း စဉ်တုတပ် ထားခြင်းဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “၅၀ကျပ်တန်နဲ့ ၁၀၀ကျပ်တန် ဖျက်လိုက်တဲ့ မင်းအောင်လှိုင် ဘာကြံနေလဲ။ အတိတ်နမိတ်တွေ မကောင်းတော့။” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ Global Media 1M အမည်နဲ့ ယူကျူ့ချန်နယ်ကိုလေ့လာကြည့်မယ်ဆိုရင် သတင်းမီဒီယာအချို့ မှာဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူပြီး နားလည်မှုလွဲစေနိုင်တဲ့ […]

Continue Reading

Fact Check: ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် သောက်သုံးခဲ့တဲ့ရေတွင်း ဓာတ်ပုံလား-မဟုတ်ပါ

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့တဲ့ရေတွင်းလို့ဆိုထားတဲ့ ဓာတ်ပုံပို့စ်တခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ဒီဓာတ်ပုံ ဟာ အိန္ဒိယနိုင်ငံ လက်ဒူ(Latur)ဒေသမှာ ရေရှားမှုအကြောင်းဖော်ပြထားတဲ့ ဓာတ်ပုံတပုံကို လိုအပ်သလို ရေးသားမျှဝေထားခြင်း သာဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင်သောက်သုံးခဲ့သည့်ရေတွင်းပါ။ နုစ်ပေါင်းနုစ်ထောင့်ငါးရာခြောက်ဆယ့်ခွန် (2567) ယနေ့တိုင်အောင် တည်ရှိပါသည်တဲ့။” (မူရင်းအရေးအသား) တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံကို အွန်လိုင်းမှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံကို သမိုင်းတန်ဖိုးနဲ့ ဘာသာရေးအကြောင်းထက် အိန္ဒိယနိုင်ငံမှာ ရေရှားပါးမှုဖြစ်စဉ်နဲ့ ပတ်သက်နေတာကိုတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းက ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အိန္ဒိယက ပြည်နယ်အချို့မှာ ရေရှားပါးပြတ်တောက်မှုဖြစ်ခဲ့စဉ်မှာ ဒီဓာတ်ပုံ […]

Continue Reading