Fact Check: တောင်ကြီးတန်‌ဆောင်တိုင်ပွဲဗုံးပေါက်ကွဲ ပြည်သူ ၁၀၀ ကျော်သေဆုံး သတင်းတု

တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ဗုံးပေါက်ကွဲလို့ ပြည်သူ ၁၀၀ ကျော်သေဆုံးဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ “ ‌တောင်ကြီးတန်ဆောင်တိုင်ပွဲ ဗုံးပေါက်လို့ သေကုန်ပြီ ပြည်သူ ၁၀၀ ကျော်ဆုံးဟု သတင်းထွက်” “တောင်ကြီး တန်ဆောင်တိုင်ပွဲ PDF တွေ ဝင်စီးလို့ ပွဲရှယ်ကြမ်းနေပြီ “လို့ ရေးသား ပြီး “ဖြစ်ရပ်မှန်သတင်းစုံ” အမည်နဲ့ ယူကျု့အကောင့်မှာ အောက်ပါအတိုင်း မျှဝေထားတာကို တွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link   အလားတူ တူညီတဲ့ဖြန့်ဝေထားတဲ့ ပို့စ်ကိုလည်း ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တောင်ကြီးတန်ဆောင်တိုင်ပွဲ ဗုံးပေါက်လို့ ပြည်သူ ၁၀၀ ကျော်သေဆုံးလို့ ဒီဗွီဒီယိုစာသားမှာရေးသားထားပေမဲ့  ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲံ့ ပတ်သတ်တာ မပါဝင်ပါဘူး။  […]

Continue Reading

၂၀၁၅ ခုနှစ်က ရုရှားကာကွယ်ရေးဌာနက “ပါရီအတွက်”လို့ ရေးသား ချက်ကို “KIA သို့”အဖြစ်ပြောင်းလဲထားတဲ့ဓာတ်ပုံ

အောက်တိုဘာ ၂၄ ရက်က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တည်ထောင်မှု ၆၂ နှစ်ပြည့်အကြို တေးဂီတပွဲတစ်ခု ကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၆၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး နောက်ထပ် ၁၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ သတင်းတုသတင်းမှားတွေလည်း ပျံ့နှံ့ခဲ့ပြီး အဲဒီထဲမှာ လေယာဉ်မှာ ချိတ်ဆွဲထားတဲ့ ဗုံးတစ်လုံးမှာ “KIA သို့”လို့ရေးသားထားတဲ့ ဓာတ်ပုံတစ်ပုံလည်း အပါအဝင်ဖြစ်ပါတယ်။ “သို့ မိတ်ဆွေ။ KIA ထံသို့။ #PeopleMedia”လို့ ရေးသားပြီး “We Are Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ရာခိုင်နှုန်းပေးစရာမလိုဘဲငွေသားထုတ်ပေးနေတယ်ဆိုတဲ့ KBZ Pay Service Myanmar အမည်နဲ့အယောင်ဆောင်စာမျက်နှာ

ရာခိုင်နှုန်းပေးစာရာမလိုဘဲငွေသားထုတ်ပေးတယ်၊ ကိုယ်စားလှယ်တွေခေါ်နေတယ်ဆိုပြီးတော့  KBZ Pay Service Myanmar အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ KBZ Pay အမည်အသုံးပြုပြီး လိမ်လည်ဖို့အတွက် ပြုလုပ်ထားတဲ့အတုအယောင်စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။ “လူကြီးမင်း ရဲ့ Acc ထဲကနေ ငွေထုတ်ချင်တဲ့ သူများ ( %  ရာခိုင်နှုန်း ) ပေးစရာမလို့ဘဲ ငွေထုတ်လို့  ရပါတယ် ရှင့် ထုတ်ချင်တဲ့ သူများ  Page ရဲ့ CB မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ် ရှင့်”လို့ ရေးသားပြီး “KBZ PAY Service Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် “K Pay […]

Continue Reading

Fact Check: စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော်ပျောက်ဆုံးနေဆိုတဲ့ သတင်း ခေါင်းစဉ်အတု

စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် အသင်းအစနမရ ပျောက်ဆုံးနေတယ်လို့ဆိုထားတဲ့ ဗွီဒီယို ပို့စ်တစ်ခု ကိုမျှဝေထားရာမှာ ဒီဗွီဒီယိုကို ပြန်လည်မျှဝေမှုပေါင်း ၂၇၀၀ ကျော်ရှိခဲ့ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှု လွဲစေနိုင်တာတွေ့ရပါတယ်။ တကယ်တော့ ခေါင်းစဉ်အတုပေးပြီး လူတွေစိတ်ဝင်စားအောင်လုပ်ထားတဲ့ ဗွီဒီယိုတစ်ခုသာဖြစ်ပါတယ်။  “မန္တလေးအိမ်ခြံမြေ ရောင်းဝယ်ငှား” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၇ ရက်က အောက်ပါအတိုင်းရေးသား မျှဝေထားတာတွေ့ရပါတယ်။ “စစ်တိုင်းမှူး ၅ဦးနှင့်တပ်သား ၂၇၀ကျော် ‌သတင်းအစနမရပျောက်ဆုံးနေ နေပြည်တော် တပ်တွင်းကယက်ထကုန်ပြီ”လို့ ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါရေးသားထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပို့စ်စာသားနေရာမှာရော ဗွီဒီယိုထဲမှာပါ စစ်တိုင်းမှူး ၅ဦးနဲ့ တပ်သား ၂၇၀ကျော် […]

Continue Reading

Fact Check: Justin Bieber ဗုဒ္ဓဘာသာအဖြစ်ကူးပြောင်းပြီး သာသနာ့ဘောင် ဝင်ရောက်ဆိုတဲ့ သတင်းတု

အမေရိကန် အဆိုတော် Taylor Swift တစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် ကနေဒါနာမည် ကြီးအဆိုတော် Justin Bieber ကလည်း ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ “ယနေ့ အဆို‌တော်Taylor Swiftတစ်ယောက် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူသွားပြီးနောက် အဆိုတော်Justin Bieberဟာလည်း အားကျမခံ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူကာ ဘုန်းကြီးဝတ်သွားတယ်လို့သိရပါတယ်။ ဒီလိုကမ္ဘာ့ထိပ်သီးအဆိုတော်ကြီးနှစ်ဦးရဲ့ ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းမှုကြောင့် တခြားဘယ်အနုပညာရှင်တွေရော ပါဝင်ကြဦးမလဲဆိုတာ စိတ်ဝင်စားစွာ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ကတော့ အင်မတန်ဝမ်းမြောက်ဂုဏ်ယူစရာပါ။”လို့ ရေးသားပြီး “Felix Luffy” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ Justin Bieber […]

Continue Reading

Fact Check: မန္တလေးဆင်ခြေဖုန်းမှာတွေ့ရတဲ့ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါလား-မဟုတ်ပါ

မန္တလေးမြို့ဆင်ခြေဖုန်း တနေရာမှာ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါတကောင်တွေ့ ရှိရတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ထူးဆန်းတဲ့ သတ္တဝါဟာ အီးတီလိုလို လူလိုလိုပုံစံရှိပြီး မျက်လုံးပြာပြာကြီး လက်သည်းရှည်ကြီးတွေလည်းပါရှိတယ်လို့ဆိုပြီး  ဓာတ်ပုံ ၂ ပုံနှင့်အတူဖြန့်ဝေနေတာဖြစ်ပါတယ်။ သတင်းမှားဖြစ်ပါတယ်။   “𝗡𝗚𝗔 𝗙𝗘𝗘𝗟𝗜𝗡𝗚”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အောက်ပါ screenshot ကတော့ မျှဝေထားတဲ့ ဓာတ်ပုံပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေဟာ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ အီတလီအနုပညာရှင်တစ်ဦးဖြစ်တဲ့ “Laira Maganuco”ရဲ့ ဆီလီကွန်နဲ့ပြုလုပ်ပုံဖော်ထားတဲ့ တောင်အမေရိကန်မှာအတွေ့ရများတဲ့ armadillos လို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ပုံဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ […]

Continue Reading

Fact Check: စစ်ကောင်စီတိုက်လေယာဉ် NUG ပစ်ချဆိုတဲ့သတင်းမှား

NUG ကလေယာဉ်ပစ်လို့ရတဲ့ လက်နက်အချို့ပိုင်ဆိုင်နေပြီလို့ကြေညာခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ “မအလစောက်ကြွေးတောထူပြီ ရွာသားတွေကိုအားရလိုက်တာဗျ ၊စျေးအကြီးဆုံးအသန်မာဆုံးတိုက်လေယာဥ်တဲ့ဟေ့”လို့ ရေးသားပြီး “HT News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် “၈စီးပစ်ချလိုက်ပြီ။NUGကြေငြာတာ၂ရက်မပြည့်သေး။ရေစကြိုမြို့အပိုင်သိမ်း။လေယဥ်၈စီးပလုံ ရုပ်/သံ”စသည်ဖြင့်ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းဖြန့်ဝေထားပါ တယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီလိုမျိုး NUG လက်အောက်ခံ PDF တပ်တွေက ရဟတ် သို့မဟုတ် လေယာဉ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။  ဗွီဒီယိုပါအကြောင်းအရာဟာလည်း လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပစ်ချမှုနဲ့သက်ဆိုင်တဲ့အကြောင်း အရာမဟုတ်ပါဘူး။   ပထမဗွီဒီယို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေခဲ့တဲ့ အတွေးအမြင်live […]

Continue Reading

Fact Check: သီတင်းကျွတ်လပြည့် ရွှေတိဂုံဘုရားဗုံးပေါက်ကွဲဆိုတဲ့သတင်းမှား

သီတင်းကျွတ်လပြည့်နေ့ မနက်က ရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီလို့ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ခေါင်းစဉ်တုခေါင်းစဉ်အမှားတွေ ဖန်တီးပြီး လူတွေ စိတ်ဝင်စားမှုကို ရယူထားတဲ့  ဗွီဒီယိုသာဖြစ်ပါတယ်။ “လပြည်နေ့သေ ့ကုန်ပြီ။မနက်ပဲရှိသေးရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီ။”လို့ ရေးသားပြီး “HNC hotline” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းမီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ သတင်းဌာန တွေမှာ သီတင်းကျွတ်လပြည့်နေက ရွှေတိဂုံဘုရားမှာဗုံးပေါက်ကွဲမှုအကြောင်းသတင်းမတွေ့ရပါဘူး။ ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုကိုထပ်မံလေ့လာကြည့်ရာမှာ ဗွီဒီယိုထဲမှာရွှေတိဂုံဘုရားဗုံးပေါက်ကွဲမှုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်စုံတစ်ရာမပါဝင်ပါဘူး။ ဗွီဒီယိုအသံဖိုင်မှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့ဖေ့စ်ဘွတ်အကောင့်မှာ အောက်တိုဘာ […]

Continue Reading

Fact Check: ကိုကာကိုလာက ရေခဲသေတ္တာတွေလက်ဆောင်ပေးနေပြီဆိုတဲ့ အတုအယောင်စာမျက်နှာ

ရေခဲသေတ္တာငယ် ၆၇၀ ကို လှူဒါန်းသွားမှာဖြစ်တဲ့အတွက် မိမိကြိုက်တဲ့အရောင်ကို မှတ်ချက်ရေးပြီး ဒီအစီအစဉ်မှ ပါဝင်နိုင်တယ်ဆိုတဲ့ “Coca-Cola FANS”အမည်နဲ့ စာမျက်နှာက ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူထောင် ပေါင်းများစွာကမျှဝေလျက်ရှိပါတယ်။ ကိုကာကိုလာကုမ္ပဏီအယောင်ဆောင်ထားတဲ့ အတုအယောင် စာမျက်နှာသာဖြစ်ပါတယ်။ “#အသေးအမွှား ခြစ်ရာများကြောင့် မရောင်းချနိုင်သော ရေခဲသေတ္တာငယ် ၆၇၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ ဒါကြောင့် သူတို့ကြိုက်တဲ့အရောင်ရေးတဲ့သူကို ကျပန်းပို့ပေးပါတယ်။ ဥပမာ “အနီရောင်”။”လို့ရေးသားပြီး ဒီဖေ့စ်ဘွတ်ဖေ့စ်ဘွတ်စာမျက်နှာက ပို့စ်တစ်ခုကိုမျှဝေထားရာမှာ ၁၀ နာရီအတွင်း  ပြန်လည်မျှဝေမှုပေါင်း တစ်သောင်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် “Coca-Cola FANS”အမည်နဲ့ စာမျက်နှာက မှတ်ချက်အချို့ကိုလေ့လာကြည့်ရင် ဒီစာမျက်နှာက အတုအယောင် စာမျက်နှာဖြစ်ပြီး လိမ်လည်လှည့်စားဖို့လုပ်ထားတဲ့ စာမျက်နှာဖြစ်တာသိသာပါတယ်။ ယခုပို့စ်ကလွဲလို့  […]

Continue Reading

Fact Check: ပြည်ပရောက် KBZ PAY အသုံးပြုသူတွေပိတ်ဆို့ခံရဆိုတာမဟုတ်ပါ

ပြည်ပရောက် KBZ PAY အသုံးပြုသူတွေဟာ ဒီငွေကြေးဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်တော့မှာ မဟုတ် ကြောင်း KBZ PAY ကထုတ်ပြန်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ KBZ PAY အသုံးပြုသူတွေဟာ ပြည်ပမှာ KBZ PAY ကိုအသုံးပြုနိုင်မှာမဟုတ်ဘဲ ပြည်တွင်း ပြန်လည်ရောက်ရှိချိန်မှသာလျှင် သူတို့ရဲ့ ငွေတွေကို ပြန်လည်အသုံးပြုနိုင်မယ်ဆိုပြီး KBZ PAY ကပေးပို့တယ်ဆို တဲ့ စာသားဓာတ်ပုံတစ်ခုလည်းပါဝင်ပါတယ်။ “MDY news center”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ တူညီတဲ့ပြောဆိုချက်တွေပါဝင်တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပြည်ပရောက် KBZ PAY အသုံးပြုသူများ ဆက်လက်အသုံးပြု့နိုင်မည်မဟုတ်ပဲ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိချိန်မှသာလျှင် Login ပြန်လည်ဝင်ရောက် အသုံးပြု့နိုင်မှာဖြစ်ကြောင်း KBZ pay မှထုတ်ပြန်လိုက်ကြောင်းသိရှိရ” […]

Continue Reading