ဖြူစင်မေတ္တာပရဟိလုပ်ငန်းတွေရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းမှား

False လူမှုရေး

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဧပြီလ ၂၅ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူကကြေညာခဲ့ပါတယ်။

ဒီကြေညာချက်အပြီးမှာ“ကျွန်တော်တို့ “ဖြူစင်မေတ္တာ”လူမှုကူညီရေးအဖွဲ့သည် ဒေါ်စုဦးဆောင်သော စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ လက်အောက်တွင်ပါဝင်ဆောင်ရွက်မည်မဟုတ်ပါ”ဆိုပြီး “Min Naing” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ဧပြီ ၂၆ ရက်က ဖေ့စ်ဘွတ်မှာ ပို့စ်တစ်ခုတင်လာပါတယ်။

Fb linkArchive link

ဒီပို့စ်ကိုပဲ “Nang Than Nwet” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက screenshot ရိုက်ပြီးအောက်ပါအတိုင်း မျှဝေထား တာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီလို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ပို့စ်နဲ့ ပတ်သက်ပြီး ဖြူစင်မေတ္တာပရဟိတအသင်း(ရန်ကုန်)ကို ဧပြီ ၂၆ ရက်က Fact Crescendo Myanmar က ဆက်သွယ်မေးမြန်းရာမှာ “Min Naing” အမည်နဲ့သူ ဖြူစင်မေတ္တာ ပရဟိတအသင်း(ရန်ကုန်)မှာမရှိကြောင်းနဲ့ မသိရှိကြောင်းဖြေကြားခဲ့ပါတယ်။

ဧပြီ ၂၇ ရက်မှာ “ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း”က “Profile မမှန် တာဝန်ခံယူမှု မရှိဘဲ ထင်​​​ရောင်ထင်မှားဖြစ်အောင်ဝါဒဖြန့်ရေးသား သောလုပ်ရပ်သည် ကျနော်တို့ ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးတိုးတက်ရေး အသင်းနှင့်လုံးဝမသက်ဆိုင်ပါ”ဆိုပြီးတော့လည်း ကြေညာချက်ထုတ်ပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

Fb linkArchive link

“Min Naing” ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ ဖြူစင်မေတ္တာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း ရဲ့ နာမည်ကို အသုံးချပြီး သတင်းအမှား ဖြန့်ဝေခဲ့တာဖြစ်သလို၎င်းဟာ ဖြူစင်မေတ္တာအဖွဲ့ နဲ့ သက်ဆိုင်မှု မရှိတဲ့ ဖေ့စ်ဘွတ် အကောင့်တု တစ်ခုသာ ဖြစ်ပါကို လေ့လာတွေ့ရှိရတယ်လို့ BOOM Myanmar အမည်နဲ့အဖွဲ့က အချက်အလက်စိစစ်ထားတာလည်းတွေ့ရှိရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကျွန်တော်တို့ “ဖြူစင်မေတ္တာ”လူမှုကူညီရေးအဖွဲ့သည် ဒေါ်စုဦးဆောင်သော စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ လက်အောက်တွင်ပါဝင်ဆောင်ရွက်မည်မဟုတ်ပါ”ဆိုပြီး “Min Naing”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူရဲ့ ရေးသားချက်ဟာ သတင်းတု သတင်းမှားဖြစ်ပါတယ်။

Avatar

Title:ဖြူစင်မေတ္တာပရဟိလုပ်ငန်းတွေရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *