
Covid-19 ရောဂါ ရှိမရှိ အမြန်စစ်ပေးနိုင်တဲ့ Roche Cobas 6800 Analyzer စက်လှူဒါန်းခဲ့တဲ့ AA Medical Product ကုမ္ပဏီပိုင်ရှင်ဟာ ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ သူတို့ရဲ့ ဒီလိုအလှူကြောင့် လူမှုကွန်ယက်မှာ နာမည် ကြီးနေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ“သင့်ရဲ့ share တစ်ခုက အဆင်မပြေသူမိသားစုများအတွက်ကုသိုလ်ဖြစ်စေနိုင် ပါတယ်…မြန်မာပြည်မှာ ဘယ်နေရာမာပဲနေ နေ ဖုန်းနံပါတ်သာပေး ဆန် ဆီ ကြက်သွန်များကို ကားနဲ့ကိုယ်တိုင်ပေးဝေလှူဒါန်းမည့် သူဌေးကြီးလင်မယား….လေးစားစရာပါ…သတင်းအပြည့်အစုံ”ဆိုပြီးတော့ neomyanmar အမည်နဲ့ ဝက်ဘ် ဆိုဒ်မှာရေးသားထားတဲ့ သတင်းကို Modori Mitsuke အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက “သတင်းစုံ” အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စု၊ “ရန် နိုင် သိန်း”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မှု့ခင်းနှင့်သတင်းစုံ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။ Mandalay Daily အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာလည်း အလားတူဖော်ပြထား တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဓာတ်ပုံထဲမှာပါတဲ့ သူဌေးကြီးလင်မယားပုံဟာ မကြာသေးခင်က ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနိုင်တဲ့ စက်လှူ ဒါန်းခဲ့တဲ့ AA Medical Product ကုမ္ပဏီပိုင်ရှင်တွေဖြစ်တာတွေ့ရပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး AA Medical Products ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စောနေနွယ်ကလည်း သူမရဲ့လူမှုကွန်ယက်စာ မျက်နှာကနေ ပြန်လည်ရှင်းလင်း ထားပါတယ်။

AA Medical Products ကုမ္ပဏီဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ပြန်လည်မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

သုံးသပ်ချက်
အထက်က အချက်အလက်တွေအရ ဖုန်းနံပါတ်သာပေး ဆန် ဆီ ကြက်သွန်များကို ကားနဲ့ကိုယ်တိုင်ပေး ဝေလှူဒါန်းမယ်ဆိုတဲ့ကိစ္စရပ်ဟာ သတင်းတု သတင်းမှားဖြစ်ပါတယ်။

Title:ဖုန်းနံပါတ်သာပေး ဆန် ဆီ ကြက်သွန်တွေကို ကားနဲ့ကိုယ်တိုင်ပေးဝေမယ့် သူဌေးကြီး လင်မယားဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False