Fact Check: စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်က သူလျိုမှုနဲ့ ဖမ်းဆီးခံရတယ်လို့ သတင်းတုသတင်းမှားဖြန့်

False လူမှုရေး

စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်မှာ သူလျိုလုပ်မှုနဲ့ ဖမ်းဆီးခံရတယ်လို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ရေးသားမျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဧရာဝတီသတင်းဌာနက သတင်းဖော်ပြချက် screenshot ပုံလည်းပါဝင်ပါတယ်။

ဒီလိုမျှဝေနေတာဟာ မှားယွင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံပြီး စစ်တပ်ကို ဆန့်ကျင်သူ ဖေ့စ်ဘွတ်နာမည်ကြီး အိပန်ဆယ်လိုဟာ သူရဲ့ နောက်ထပ် ဖေ့စ်ဘွတ်အကောင့် တစ်ခု ဖြစ်တဲ့ “Pencilo on Earth”ကနေ ဒီကနေ့ live လွှင့်ပြီး ဒီသတင်းတွေက မဟုတ်မမှန်ဘူးလို့ ရှင်းလင်းခဲ့ပြီးတာတွေ့ရပါတယ်။ ဧရာဝတီသတင်းဌာနကလည်း သူအဖမ်းခံရတယ်လို့ သတင်းရေးသားခဲ့ခြင်းမရှိတာကို Fact Crescendo အနေနဲ့ တွေ့ရပါတယ်။

“စာရေးဆရာမ အိပန်ဆယ်လို သူလျိုမှုဖြင့် အမေရိကန် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရ”လို့ ဧရာဝတီသတင်းဌာနက ဖော်ပြတယ်ဆိုတဲ့ screenshots နဲ့အတူ “Myanmar News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားပါတယ်။အလားတူ ရေးသားဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ပထမဆုံး ဖေ့စ်ဘွတ်မှာနာမည်ကြီး အိပန်ဆယ်လို အမေရိကန်မှာ အဖမ်းခံရတယ်ဆိုတဲ့ screenshot ကို စစ်ဆေး ကြည့်ရာမှာ ဧရာဝတီသတင်းဌာနကရေးသားခဲ့တယ်ဆိုတဲ့သတင်းမတွေ့ရပါဘူး။ ထို့အပြင် ထပ်မံ စစ်ဆေးကြည့် ရာမှာ စကားလုံးအသုံးအနှုန်းအနေနဲ့လည်း ဧရာဝတီသတင်းဌာနရဲ့ ရေးသားဟန်နဲ့ မကိုက်ညီတာတွေ့ရ ပါပြီး ပြုပြုင်ဖန်တီးထားတဲ့ ဓာတ်ပုံတစ်ခုဖြစ်တာတွေ့ရပါတယ်။ “သူလျှို”ဆိုတဲ့ စကားလုံးကို ဧရာဝတီသတင်းဌာနက ရေးသားရာမှာ “သူလျို”လို့သာရေးသားပါတယ်။ 

စကားလုံးပုံစံမှာလည်း ဧရာဝတီသတင်းဌာနကအသုံးပြုတဲ့စကားလုံးပုံစံနဲ့မတူညီပဲ စကားလုံး တစ်လုံးနဲ့တစ်လုံး အကြားအကွာအဝေး၊စာကြောင်းတစ်ကြောင်းနဲ့တစ်ကြောင်းအကြား အကွာအဝေးဟာ လည်းတူညီမှုမရှိပါဘူး။

ဖြန့်ဝေနေတဲ့ပို့စ်တွေမှာပါဝင်တဲ့ screenshot ဟာ ဧရာဝတီသတင်းဌာနရဲ့ ဝက်ဘ်ဆိုဒ်မိုလ်ဘိုင်းကနေကြည့်ရှူတဲ့ ပုံစံဖြစ်ပြီး ပြုပြင်ထားခြင်းမရှိတဲ့ပုံစံ(ညာဘက်က)နဲ့ အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ထို့အတူ ဒီလိုဖမ်းဆီးခံရတယ်၊ ကားတိုက်ခံရလို့ သေဆုံးသွားတယ်ဆိပြီး သတင်းတုဖြန့်နေတာကို သူမအနေနဲ့ သတိပြုမိပြီး သူရဲ့ဖေ့စ်ဘွတ်အကောင့်အပိတ်ခံရတယ်လို့ Pencilo on Earth အမည်နဲ့အကောင့်က အသိပေးခဲ့ပြီး ဒီစာမျက်နှာကပဲ live ထုတ်လွှင့်ခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Pencilo on EarthArchive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်မှာ အဖမ်းခံရတယ်ဆိုတဲ့ အချက်အလက်ဟာလည်း မှားယွင်းပြီး ဧရာဝတီသတင်းဌာနက သတင်းဖော်ပြခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိတာတွေ့ရပါတယ်။

Avatar

Title:စာရေးဆရာမ အိပန်ဆယ်လို အမေရိကန်က သူလျိုမှုနဲ့ ဖမ်းဆီးခံရတယ်လို့ သတင်းတုသတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *