ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးရင် နေပြည်တော်ကို တိုက်ခိုက်မယ်လို့ အာရက္ခတပ်တော်(AA)က ပြောတယ်ဆိုပြီး အကြားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းမှား တခုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ ပြောဆိုဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။
“AA က အပြတ်ပြောနေပြီ
ဒေါ်စု မလွတ်ရင် နေပြည်တော် တိုက်မည်
မြန်မာပြည်ရဲ့ လူထုခေါင်းဆောင်ကို မလွှတ်ရင် နေပြည်တော် အထိ တက်မည်ဟု
ဗိုလ်ချုပ် ထွန်းမြတ်နိုင်အပြတ်ပြော”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် အထောက်အထားမတွေ့ရပါဘူး။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲပါတဲ့အကြောင်းအရာဟာ “ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အတွက် စိုးရိမ်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြောဆို”၊ “စစ်ကော်မရှင် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီးအရေးယူခံရမှု ၃ မှုရှိလာ”၊ “ရန်ကုန်လမ်းများပေါ် တစ်လအတွင်း ပြည်သူ ၆၀ကျော် ဖမ်းဆီးခံရ”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်“Mandala KhitThit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စိုးရိမ်ကြောင်း ပြောကြားခဲ့တဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးရင် နေပြည်တော်ကို တိုက်ခိုက်မယ်ဆိုတဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောကြားချက် အထောက်အထားမတွေ့ရဘဲ လုပ်ကြံရေးသားမျှဝေနခြင်းသာဖြစ်တယ်။

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ရင် နေပြည်တော်ကို တိုက်မယ်လို့ AA ပြောတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False