ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့တဲ့နိုင်ငံတကာအမျိုးသမီး ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နံပါတ်(၁)ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics လူမှုရေး

မြန်မာနှစ်သစ်ကူးနေ့ (ဧပြီ ၁၇ ရက်မနက် ၂ နာရီအချိန်အထိထုတ်ပြန်)မှာ COVID-19 အတည်ပြုလူနာ မတွေ့ရှိရဘဲ မင်္ဂလာရှိသော နှစ်သစ်ကူးဖြစ်ခဲ့ပေမဲ့ သင်္ကြန်ကာလအတွင်းမှာအတည်ပြုလူနာတွေ့ ရှိမှုများပြားခဲ့တာကြောင့် လက်ရှိအချိန်မှာ အတည်ပြုလူနာ ၈၅ ဉီးအထိရှိနေပါတယ်။ 

သို့သော်လည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာဖြစ်ပွားနေတဲ့ ကူးစက်မှုနှုန်းနဲ့ အတည်ပြုလူနာအရေအတွက်ကို ကြည့်မယ် ဆိုရင် မြန်မာနိုင်ငံဟာ ကူးစက်ခံရမှု နည်းပါးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေပါတယ်။

ဒီလိုအခြေအနေမှာ“ကိုရိုနာ ဖြစ်ပွားနေချိန်မှာ အကောင်းဆုံးပြည်သူလူထုကို တုန့်ပြန်‌နေတဲ့ နိုင်ငံတစ်ကာ အမျိုးသမီးတွေထဲမှာ အမေစုက နံပါတ် (၁) တဲ့”ဆိုပြီး “Mg Nge” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူက “ပြည်တွင်း ပြည်ပ နေ့စဉ် သတင်းများ”အမည်နဲ့ဖေစ်ဘွတ်အုပ်စုထဲမှာ မျှဝေလာတာတွေ့ရပါတယ်။

FacebookArchive

အချက်အလက်စိစစ်ချက်

ပထမဉီးစွာ Google မှာ ဓာတ်ပုံပြောင်းပြန်ရှာနည်းအသုံးပြု ရှာဖွေကြည့်ရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ 

ဧပြီ ၁၃ ရက်စွဲနဲ့ Forbes မှာ “ကိုရိုနာဗိုင်းရပ်စ်ကို တုန့်ပြန်မှုအကောင်းဆုံးနိုင်ငံတွေမှာ တူညီတဲ့အချက်ကဘာလဲ- အမျိုးသမီးခေါင်းဆောင်တွေရှိနေတာပါ”လို့ အဓိပ္ပာယ်ရတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ်ကိုတွေ့ရှိရပါတယ်။ Avivah Wittenberg-Cox ရေးသားခဲ့တဲ့ ဒီဆောင်းပါးမှာ ဂျာမနီက အမျိုးသမီးဝန်ကြီးချုပ် အိန်ဂျယ်လာ မာကယ်၊ ထိုင်ဝမ်အမျိုးသမီးသမ္မတ ဆိုင်အင်ဝမ်၊ နယူးဇီလန် အမျိုးသမီးဝန်ကြီးချုပ် ဂျဆင်ဒါ အာဒန်၊ အိုက်စလန် ဝန်ကြီး ချုပ် ကထရင်းဂျိတ်ကာစတာဒါ၊ ဖင်လန်ဝန်ကြီးချုပ် အမျိုးသမီး ဝန်ကြီးချုပ် ဆန်နာမရင်၊နော်ဝေ အမျိုးသမီး ဝန်ကြီးချုပ် အာနာဆိုဘာဂ်၊ ဒိန်းမတ်ဝန်ကြီးချုပ် မက်ဖက်ဒရစ်ဆန်စတဲ့ပုဂ္ဂိလ်တွေရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းလုပ်ပုံကိုင်ပုံတွေကို ရေးသားထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အကြောင်းမပါဝင်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

ForbesArchive link

အလားတူပဲ ခေါင်းစဉ်တွေနဲ့ Forbes မှာရေးသားတဲ့ ဆောင်းပါးကို မှီငြမ်းပြီး အောက်ပါသတင်းဌာနကတွေက ပြန်လည်ဖော်ပြရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်အကြောင်း မပါဝင်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ် တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

PanoramaGulfnews
Archive linkArchive link

Forbes အပါအဝင် နိုင်ငံတကာသတင်းဌာနတွေဖော်ပြခဲ့တဲ့ ပုံနဲ့ “Mg Nge”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲ သူဖော်ပြခဲ့တဲ့ပုံကိုအောက်ပါအတိုင်း နိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ “Mg Nge” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူပြောတဲ့ ကိုရိုနာ ဖြစ်ပွားနေချိန်မှာ အကောင်းဆုံးပြည်သူလူထုကို တုန့်ပြန်‌နေတဲ့ နိုင်ငံတကာ အမျိုးသမီးတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် နံပါတ် ၁ ဆိုတဲ့ သတင်းဟာ သတင်းတုလို့ သုံးသပ်ပါတယ်။

Avatar

Title:ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့တဲ့နိုင်ငံတကာအမျိုးသမီး ခေါင်းဆောင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နံပါတ်(၁)ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *