
“မိတ္ထီလာရောက်ရင် ဝင်ခဲ့ပါ ရှန်တဲလေတပ်စခန်း ရဲ့ ဘေးက သရက်ခြံက ကျနော့်တို့ခြံပဲ ထန်းရေနဲ့ ဆိတ်သား ခြောက်ဖုတ် free ကြွေးမယ် ခွေးသားလည်းရတယ် အတွဲးတွေလာမယ်ဆိုရင် ဘိကောင်းတယ်နော်ဂစ်တာတီး မလား ဖဲရိုက်မလား နောက်ဆုံး fa ဖြစ်ပါစေ အားငယ်စရာမလိုဘူး…..(မှတ်ချက်-စကားလုံးအသုံးအနှုန်းကြမ်း တမ်းမှုကြောင့် ချန်လှပ်ထားခဲ့ပါသည်)မီထီလာ စီးပွားရေး တက္ကသိုလ်က ကျောင်းသား#သူများ အပြင် GTC ပါမကျန် အခြားမေဂျာပေါင်းစုံက ကျောင်းသား/သူတွေအတွက် ကျနော်တို့ ခြံလေးက လုံးဝနတ်ပြည် အိုအေ စစ်လေးပါ တစ်ချို့မန်လေးသားတွေတောင် တစ်လကိုးသီတင်း လာနေကြပါတယ်ဗျ။ ခြံအကျယ်ဝန်း ကတော့ ၁၂ဧကရှိပါတယ် အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျ”ဆိုပြီး “Kyaw Htet Naing”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး ဘန်ဂလိုပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

Google Translate ကိုအသုံးပြုပြီးဘာသာပြန်ဆိုကြည့်ရာမှာ ထိုင်းနိုင်ငံ ချင်ရိုင်းပြည်နယ်က ကျေးရွာတစ်ရွာမှာ ဖွင့်လှစ်ထားတဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့်နေရာအဖြစ်ဖော်ပြထားတာတွေ့ရပါတယ်။ ချင်ရိုင်း(Chiang Rai)ခရိုင်ဟာ မြန်မာ၊လာအိုနိုင်ငံတွေကို နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းကပြည်နယ်တစ်ခုဖြစ်ပြီး ရွှေတြိဂံဒေသလို လူသိများတဲ့ ဒီသုံးနိုင်ငံထိစပ်ရာဒေသမှာတည်ရှိပါတယ်။ ခရီးသွာဧည့်သည်တွေကို ဆွဲဆောင်နိုင်ခြင်းဖို့ အတွက် မြို့တော် ဝန်က အကြံရပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်တဲ့အကြောင်း၊ ကျေးရွာပတ်ဝန်းကျင် ဓလေ့ထုံးတမ်း များ ကိုဆွဲဆောင်လိုလို့ လုပ်ထားတာဖြစ်တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

“Kyaw Htet Naing”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ပုံနဲ့ “pantiphit.blogspot.com”ကဖော်ပြထား တဲ့ပုံကိုအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
“Kyaw Htet Naing”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ “မိတ္ထီလာရောက်ရင်ဝင်ခဲ့ပါ”ဆိုတဲ့ပုံေတွဟာ ထိုင်းနိုင်ငံ ချင်ရိုင်းပြည်နယ်က ပုံေတွဖြစ်တာေတွ့ရတဲ့အတွက် အချက်အလက်မှားအဖြစ် သတ်မှတ်ပါတယ်။

Title:ထိုင်းနိုင်ငံချင်ရိုင်းခရိုင်က ကောက်ရိုးဘန်ဂလိုတွေကို မိတ္ထီလာကတစ်နေရာအဖြစ် မျှဝေနေကြ
Fact Check By: Nayar MaungResult: False