Fact Check: ဘောလိဝုဒ် သရုပ်ဆောင်မင်းသား ရှရွတ်ခန်း လေယာဉ်ပျက်ကျ သေဆုံးဆိုတဲ့ သတင်းမှားပျံ့နှံ့

False နိုင်ငံတကာ၊ | International

လေယာဉ်ပျက်ကျမှူကြောင့် ဘောလိဝုဒ် နာမည်ကြီး အိန္ဒိယ ရုပ်ရှင်မင်းသား ရှရွတ်ခန်း(Shah Rukh Khan)နဲ့ အတူ စုစုပေါင်း ခရီးသည် ၁၁၀ သေဆုံးခဲ့ရတယ်လို့ ရေးသားမျှဝေထားတဲ့ပို့စ်တစ်ခုကို ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည် မျှဝေလျှက်ရှိပါတယ်။ 

ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အသုဘအခမ်းအနား တစ်ခုမှာ ငိုကြွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဓာတ်ပုံ၊ အိန္ဒိယအလံ ဖုံးအုပ်ထားတဲ့ အသုဘဘေးမှာ ရပ်နေတဲ့ အဖြူရောင်ဝတ် အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံ၊ ဘောလိဝုဒ် နာမည်ကြီး မင်းသား ရှရွတ်ခန်းရဲ့ ဓါတ်ပုံနှစ်ပုံပါဝင်ပါတယ်။

သို့သော် ရှရွတ်ခန်းသေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှုသတင်း တစ်စုံတစ်ရာမတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြီးခဲ့တဲ့နှစ်အများအတွင်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။

“Zaw Aung Aung” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “အိ န္ဒိယ နာမည်ကြီးအနုပညာရှင် ရှရွတ်ခန်း… လည်းကြွေလွင့်ခဲ့ပီကော..ယနေ့ (12:35)တွင် လေယာဉ်ပျက်ကျ စုစုပေါင်းခရီးသည်(110)ဦးပါဝင်”လို့ ရေးသားပြီး အောက်တိုဘာ ၉ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ  ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၁ထောင်ရှိပါတယ်။ တူညီစွာရေးသားမျှဝေထားတာတွေကို ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link |  Archive link

အချက်အလက်စိစစ်ချက်

လေယာဉ်ပျက်ကျမှုသတင်းဟာ လူစိတ်ဝင်စားမှုများပြားလေ့ရှိတဲ့ သတင်းမျိုးဖြစ်ပြီး လူမသိ သူမသိ တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားတဲ့ သတင်းမျိုး မဟုတ်ပါဘူး။ အဓိကျတဲ့ စကားလုံးများအသုံးပြုပြီး Google မှာရှာဖွေကြည့်ရာမှာ ယခုရက်ပိုင်းအတွင်းမှာ နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင် ရှရွတ်ခန်းအပါအဝင် ခရီးသည် ၁၁၀ သေဆုံးခဲ့ရတဲ့ လေယာဉ်ပျက်ကျမှုသတင်းကို သတင်းတွေမှာ မတွေ့ရပါဘူး။ လေယာဉ်မတော်တဆမှုတွေကို မှတ်တမ်းတင်ဖော်ပြနေတဲ့ ဝက်ဘ်ဆိုဒ်မှာလည်း အောက်တိုဘာ ၉ ရက်က အိန္ဒိယနိုင်ငံမှာ လေယာဉ်ကျမှုကို မတွေ့ရပါဘူး။ 

ပထမဆုံးပုံဖြစ်တဲ့ တစ်ဖက်တစ်ချပ်စီမှာ အမျိုးသမီးတစ်ယောက်စီက ထိန်းထားတဲ့ ငိုကြွေးနေတဲ့ အမျိုးသမီး ဓာတ်ပုံကို Google မှာ ရှာဖွေကြည့်ရမှာ ဒီဓာတ်ပုံဟာ ၂၀၁၃ နှစ်ကတည်းက အင်တာနက်မှာ စတင်ပျံ့နှံ့ခဲ့တာ တွေ့ရပါတယ်။  ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၅ ရက်က နောက်ဆုံးပြင်ဆင်တည်းဖြတ်ပြီးဖော်ပြထားတဲ့ Mirror သတင်း ဌာနက ဘောလိဝုဒ်မင်းသမီး ဂျီဟာခန်း(Jiah Khan)ရဲ့ အသုဘအခမ်းအနား ဓာတ်ပုံစုစည်းဖော်ပြချက်မှာ ဒီဓာတ်ပုံကိုအသုံးပြုထားတာတွေ့ရ ပါတယ်။

၂၀၁၃ ခုနှစ် ဇွန်လ ၃ ရက်က ကွယ်လွန်ခဲ့တဲ့ ဘောလိဝုဒ်မင်းသမီး ဂျီဟာခန်း(Jiah Khan)ရဲ့အသုဘအခမ်းအနား မှာ သူရဲ့ အမေ နဲ့ အစ်မငိုကြွေးနေတဲ့ ပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် – MirrorArchive link

အလံတစ်ခုအုပ်ထားတဲ့ အသုဘမြင်ကွင်းဓာတ်ပုံကိုလည်း Google မှာ ရှာဖွေကြည့်ရာမှာ ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၂၄ ရက်က ကွယ်လွန်ခဲ့တဲ့ အိန္ဒိယနာမည်ကြီး သရုပ်ဆောင်မင်းသမီး ရှင်ဒေဝီ(Sridevi)ရဲ့ အသုဘအခမ်းအနားပုံ ဖြစ်တာတွေ့ ရပါတယ်။ 

Hindustan Times သတင်းဌာနက ၂၀၁၈ ခုနှစ်၊ မတ် ၁ ရက်စွဲဖော်ပြတဲ့ သူမရဲ့နာရေးအခမ်းအနားသတင်းမှာ ” ရှင်ဒေဝီအသုဘအခမ်းအနား။ နောက်ဆုံးအနေနဲ့ ခင်ပွန်းသည်(Boney Kapoor)က သူမအတွက် ယုံကြည်မှုနဲ့ ပတ်သက်တဲ့ အစီအမံတွေကို စီမံပေးစဉ်။ ဓာတ်ပုံထဲမှာ တွေ့ရသူကတော့ ခဲအိုဖြစ်သူ ပူးတွဲသရုပ်ဆောင် အနီလ်ကာပူအာရ်(Anil Kapoor) ဖြစ်ပါတယ်။”လို့ ရေးသားပြီး ဒီဓာတ်ပုံကိုအသုံးပြုထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Hindustan TimesArchive link

လေယာဉ်ပျက်ကျမှု အစိတ်အပိုင်းဓာတ်ပုံကိုလည်း ၂၀၁၃ ခုနှစ်ကတည်းက အင်တာနက်မှာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

ကျန်တဲ့ပုံတွေကတော့ ရှရွတ်ခန်းရဲ့ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီး ဓာတ်ပုံတွေဖြစ်ပြီး ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာတွေ့နိုင်ပါ တယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ သရုပ်ဆောင် ရှရွတ်ခန်းသေဆုံးမှုအပါအဝင် လေယာဉ်ပျက်ကျမှုသတင်းဟာ သတင်းမှားတစ်ခုဖြစ်ပါတယ်။

Avatar

Title:ဘောလိဝုဒ် သရုပ်ဆောင်မင်းသား ရှရွတ်ခန်း လေယာဉ်ပျက်ကျ သေဆုံးဆိုတဲ့ သတင်းမှားပျံ့နှံ့

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *