Fact Check: စစ်တပ်ခန့် ယာယီသမ္မတ ဦးမြင့်ဆွေ ဈာပန ဗုံးခွဲခံရလို့ အများအပြား သေဆုံးတဲ့ တင်းတု

False နိုင်ငံရေး | Politics

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စစ်တပ်ခန့် ယာယီသမ္မတဦးမြင့်ဆွေ ဈာပန ဗုံးခွဲခံရလို့ အများအပြားသေဆုံးခဲ့ တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ဇူလိုင် ၈ ရက်မှာ ယူကျူ့ချန်နယ်တချို့က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။  သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှုပေါင်း ၂ ဒဿမ ၂ ကျော်ရှိထားတယ်။ အလားတူ ပြောဆိုရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရတယ်။

“ဒုသမ္မတမြင့်ဆွေ အသုဘကား ဗုံးခွဲခံရ

အများအပြား ထိခိုက်သေဆုံး

နေပြည်‌တော်မှာ စစ်တပ်ဗိုလ်ချုပ်ဟောင်း မြင့်ဆွေ အသုဘတိုက်ခိုက်ခံရ

စစ်တပ်ခေါ်ထားတဲ့ အနုပညာရှင်တွေ လည်း သေဆုံး”

Original link | Archive link

အချက်အလက်စိစစ်ချက်

နေပြည်တော်မှာ ဩဂုတ် ၁၁ ရက်က ကျင်းပခဲ့တဲ့ စစ်တပ်ခန့် သမ္မတဦးမြင့်ဆွေရဲ့ ဈာပနအခမ်းအနားမှာ ဗုံးခွဲခံရလို့ အများအပြားသေဆုံး တဲ့အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ‌ ဖော်ပြချက်မတွေ့ရပါဘူး။ စစ်တပ်ခန့် ယာယီသမ္မတဦးမြင့်ဆွေရဲ့ နာရေးအခမ်းအနားကို ဧရာဝတီတိုင်းမ်သတင်းဌာနကဖော်ပြထားတာ အောက်မှာကြည့်ပါ။

https://www.facebook.com/reel/24616243784667346

ဒီအပြင် ဗွီဒီယိုတွေဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့ နေရာတွေဖြစ်တာတွေ့ရတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ၁၀ မိနစ်ကျော်ရှည်လျားပြီး ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲပါအကြောင်းအရာဟာ လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့  “ရွှေဝါ​ရောင်​တော်လှန်​ရေးမှာ သံဃာတော်တွေ ဖမ်းဆီးနှိပ်စက်၊သတ်ဖြတ်ခံရတာ​တွေဟာ ဗိုလ် ချုပ်​ဟောင်းမြင့်​ဆွေအဓိက​နေရာကပါဝင်ခဲ့တယ်လို့ ​သံဃာ​တော်​တွေမိန့်”၊ “ရန်ကုန်၊ မန္တလေးနှင့်မြစ်ကြီးနားမြို့များတွင် နေ့အချိန် စစ်မှုထမ်းခိုင်းရန်အတွက် အခြေခံပညာအထက်တန်းကျောင်းသားတချို့ အပါအဝင် လူငယ်များကို စစ်တပ်က ပေါ်ပေါ်တင်တင် ပေါ်တာဆွဲ ဖမ်းဆီးနေ”၊ “ပြည်တွင်းတွင် စစ်မှုထမ်း လူငယ်များ ရှားပါးနိုင်လာသဖြင့် မြန်မာများ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကို  စစ် တပ်က ပိတ်ပင်တားဆီးပေးရန် ကြံ့ဖွတ်အမတ်ဟောင်း ဘူးလက် လှဆွေက တောင်းဆို”စတဲ့ သတင်းတွေကို ပြန်လည်‌ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာ တခုဖြစ်တယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ စစ်တပ်ခန့် ယာယီသမ္မတဦးမြင့်ဆွေ ဈာပန ဗုံးခွဲခံရလို့ အများအပြားသေဆုံးခဲ့တယ်ဆိုတာဟာလည်း သတင်းတုသာဖြစ်တယ်။

Avatar

Title:Fact Check: စစ်တပ်ခန့် ယာယီသမ္မတ ဦးမြင့်ဆွေ ဈာပန ဗုံးခွဲခံရလို့ အများအပြား သေဆုံးတဲ့ တင်းတု

Fact Check By: နေရာမောင်  

Result: False