စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံဗဟိုဘဏ် ပေါက်ကွဲမီးလောင်မှုဆိုပြီး ဗွီဒီယိုတခု “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇွန် ၂၉ ရက်က ဖြန့်ဝေထားတဲ့ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၄၀၀၀၀ ကျော်ရှိထားတယ်။
“ယနေ့ည ဗဟိုဘဏ် ပေါက်ကွဲမှုကြီး
ကြည့်ကြပါအုံးဟာ။ မဖြစ်ပါစေနဲ့ဟာ
၂၄နာရီအတွင်း အပြင်လုံးဝ မထွက်ကြပါနဲ့”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ ဒါမှမဟုတ် လုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာ တွေ့နိုင်တယ်။ Fact Crescendo Myanmar အနေနဲ့ ဒီချန်နယ်နဲ့ ပတ်သက်ပြီး မကြာခဏ အချက်အလက်စိစစ်ချက်တွေဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှပြသတဲ့ ရုပ်ကတ်အပြင် ဗွီဒီယိုထဲမှာ စစ်လက်နက်ပစ္စည်းဝယ်ဖို့အတွက် စစ်ကောင်စီကို လိုသလောက် ပိုက်ဆံတွေ ထုတ်ပေးနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗဟိုဘဏ်ဖောက်ခွဲခံလိုက်ရတယ်လို့ အွန်လိုင်းတွေမှာ ပျံ့နှံ့နေတဲ့အကြောင်းနဲ့ ဗဟိုဘဏ်နားက ကင်းစခန်းတခုကို တိုက်ခိုက်တာမျိုးဖြစ်ပြီး သတင်းတွေမှာ ဖော်ပြနေသလိုမျိုး မီးလောင်တာမျိုး မဖြစ်နိုင်တဲ့အကြောင်း စသည်ဖြင့် အသံဖိုင်နဲ့ ပြောဆိုနေတာတွေ့ရပေမဲ့ အထောက်အထားမရှိဘဲ လုပ်ကြံပြောဆိုနေတာတွေ့ရပါတယ်။
ဒီလို ဗဟိုဘဏ်ဖောက်ခွဲတိုက်ခိုက်မှုဆိုတဲ့ သတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ မတွေ့ရပါဘူး။
စစ်တပ်ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း သတင်းတုဖြန်ချိမှုတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း ကြည့်နိုင်ပါတယ်။
သုံးသပ်ချက်
Local Celegram အမည်နဲ့ ယူကျူ့ချန်နယ်ဟာသတင်းတု သတင်းမှားတွေ ဖြန့်ချိတဲ့နေရာဖြစ်တာတွေ့ရတယ်။ ဗဟိုဘဏ်မီးလောင် ပေါက်ကွဲတယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။