Fact Check: လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၆ ရက်မှာ ပြန်လွတ်ပြီဆိုတဲ့ သတင်းတု

နိုင်ငံရေး | Politics

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၆ ရက်မှာ ပြန်လွတ်လာပြီး ရန်ကုန်မြို့လယ်မှာ ပြည်သူ သိန်းချီကြိုဆိုခဲ့တယ်လို့ဆိုပြီး ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခု ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တယ်။ 

ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုနဲ့  ဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“၁၆ ရက်နေ့

ဒီမနက် (၈)နာရီတိတိမှာ လူထုခေါင်းဆောင်လွှတ်ပြီ

ရန်ကုန်မြိုလယ်မှာ ပြည်သူသိန်းချီကြိုဆို”

မူရင်းလင်ခ့် – Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Star Vibes”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေ ကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေပြုလုပ်ပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ “မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူးကာလ အကျဉ်းသားတချို့ လွတ်ငြိမ်းသက်သာခွင့်ပေးရန်ရှိနေပြီး အာဆီယံ၏ အသိ အမှတ်ပြုမှု ရယူလို”ဆိုတဲ့ သတင်းကိုအခြေခံပြီး လိုအပ်သလို လုပ်ကြံပြောဆိုဖြန့်ဝေနေခြင်းဖြစ်တယ်။ မူလသတင်း‌‌ဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

စစ်ခေါင်းဆောင်ရဲ့ မြန်မာနှစ်ကူးမှာ နှစ်စဉ်လုပ်နေကြ အကျဉ်သားလွှတ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့မှာ မဟုတ်ဘူးလို့လည်း မူရင်းစစ်ဘက် သတင်းအရင်းအမြစ်ကို ကိုးကားပြီး မူလသတင်းဖော်ပြချက်ဖြစ်တဲ့ ရန်ကုန်ခေတ်သစ်သတင်းမှာ ဖော်ပြပါတယ်။ 

သုံးသပ်ချက်

“Star Vibes”ဟာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ဝေတာတွေ လုပ်တဲ့နေရာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါ။

Avatar

Title:Fact Check: လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၆ ရက်မှာ ပြန်လွတ်ပြီဆိုတဲ့ သတင်းတု

Written By: Zun Zee 

Result: Misleading