ပျော်ဘွယ်မှာ NLD ကဝင်ပြိုင်ဖို့ရွေးချယ်ထားတဲ့ အမတ်အဖြစ် မျှဝေနေတဲ့ သတင်းမှား

False နိုင်ငံရေး | Politics

ဗစ်တိုးရီးယားသက်ငယ်မုဒိန်းမှုနဲ့ အမရပူရက ဘုန်းကြီးဉီးသောဘိတကို စစ်တပ်က တရားစွဲတဲ့အမှုတွေမှာ ရှေ့နေလိုက်ရင်း ပိုမိုနာမည်ကြီးလာတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ဟာ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြု ပျော်ဘွယ်မဲ ဆန္ဒနယ်မြေကနေ ယှဉ်ပြိုင်မယ့်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဖော်ပြနေတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

“May Myat Noe Khin”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “ပျော်ဘွယ်မဲဆန္ဒနယ်မြေကနေ သောင်းအေးကို မြောင်းဘေးဆွဲချဖို့ NLD ပါတီမှ ယှဉ်ပြိုင်မယ့်သူက ပြည်သူ့အချစ်တော် ရှေ့နေဒေါ်ရွက်နုအောင်ပါတဲ့ဗျာ အောင်ပွဲတွေ ဆက်တိုက်ဆွတ်ခူးရယူနိုင်ပါစေ ဝန်းရံပေးသွားပါ့မယ် အမရွက်နုရေ …..”ဆိုပြီးတော့ “Aung San Suu Kyi☑”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

ဒီပို့စ်ဟာ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD)ပါတီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်း ထုတ်ပြန်ခြင်းမပြုမီ ရက်ပိုင်းအလိုက စတင်ပျံ့နှံ့ခဲ့တာဖြစ်ပြီး လက်ရှိအချိန် အထိလည်း ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ “ZinYaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာမှာ ဇူလိုင် ၂၅ ရက်မှာ “မှတ်မိကြမှာပေါ့ဗစ်တိုးရီးယားကလေးရဲ့ကယ်တင်ရှင်….. ပျော်ဘွယ်မဲဆန္ဒနယ်မြေကနေ သောင်းအေးကို မြောင်းဘေးဆွဲချဖို့ NLD ပါတီမှ ယှဉ်ပြိုင်မယ့်သူက ပြည်သူ့အချစ်တော် ရှေ့နေဒေါ်ရွက်နုအောင်ပါတဲ့ဗျာ အောင်ပွဲတွေ ဆက်တိုက်ဆွတ်ခူးရယူနိုင်ပါစေ ဝန်းရံပေးသွားပါ့မယ် အမရွက်နုရေ ….”လို့ ရေးသားပြီးပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဇူလိုင် ၂၃ ရက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက နိုဝင်ဘာ ၈ ရက်မှာကျင်းပမယ့် အထွေထွေရွေး ကောက်ပွဲအတွက် အပြီးသတ်ရွေးချယ်ထားတဲ့ကိုယ်စားလှယ်လောင်းစာရင်းကို  ၎င်းတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.facebook.com/nldparty/posts/3815839005098139?_rdc=1&_rdr

အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်း(မန္တလေးတိုင်း)ဆိုတဲ့ ထုတ်ပြန်ချက်မှာ ပျော်ဘွယ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့်သူဟာ ဒေါက်တာဝင်းမောင်ဖြစ်တာတွေ့ရပါတယ်။

အလားတူ တိုင်းဒေသကြီး လွှတ်တော်အတွက် ပျော်ဘွယ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မည့်သူတွေအနေနဲ့ မဲဆန္ဒနယ် ၁ မှာ ဦးနေလင်းဦးဖြစ်တာတွေ့ရပြီး မဲဆန္ဒနယ် ၂ မှာ ဒေါ်နေခြည်အေးဖြစ်တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်မှာပါ အချက်အလက်အရ ရှေ့နေဒေါ်ရွက်နုအောင်ဟာ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ NLDပါတီကိုယ်စားပြု ပျော်ဘွယ်မဲ ဆန္ဒနယ်မြေကနေ ယှဉ်ပြိုင်မယ်ဆိုတဲ့ အချက်အလက်ဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ပျော်ဘွယ်မှာ NLD ကဝင်ပြိုင်ဖို့ရွေးချယ်ထားတဲ့ အမတ်အဖြစ် မျှဝေနေတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *