ဒေးဗစ်လားကို မောင်းထုတ်ရေးတွေ့ဆုံပွဲဆိုင်းဘုတ်တဲ့လား.. အမှန်က ဒီလိုပါ

Coronavirus False လူမှုရေး

COVID-19 ရောဂါးကူးစက်ခံရအပြီးမှာ အငြင်းပွားဖွယ်ရာဟောပြောချက်တွေကြောင့် လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ တမုတ်ချင်းနာမည်ကြီးလာသလို သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်းအနားတစ်ခုကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့အမှုဖွင့်အရေးယူခံ ထားရတဲ့ ခရစ်ယာန်တရားဟောဆရာဒေးဗစ်လားနဲ့ ပတ်သက်တဲ့သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေပန်းစား ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ “ရပ်ကွက်ကလက်မခံဘူးဆိုတာ..တော်ကီလို့ထင်နေသူများအဖို့.” ဆိုပြီး “Min Khant Koko Maung”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခု မျှဝေလာတာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီပို့စ်ရဲ့ အောက်က မှတ်ချက်တွေမှာ ဖို့တိုရှော့ဆိုပြီးပြောဆိုနေသူတွေရှိသလို ပို့စ်တင်သူကိုယ်တိုင်ကလည်း ဒီဟာက အတုပြုလုပ်ထားတာဖြစ်တာကို သိရှိပြီး စိတ်ထဲက ဒီလိုဖြစ်စေချင်တဲ့အတွက်မျှဝေထားတာလို့ ပြောဆိုထားတာတွေ့ရပါတယ်။

ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာလည်း အောက်ပါအတိုင်း တွေ့ရပါတယ်။

အပေါ်က Google ရဲ့ရှာဖွေမှုရလဒ်မှာဖော်ပြထားသလို ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ထဲမှာ “ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကျရောက်သော ဗယ်လင်တိုင်းနေ့အား ကန့်ကွက် သူများတွေ့ဆုံပွဲ”၊ ၂၀၁၇ ဖေဖော်ဝါရီလထဲမှာ “ရွှေအေးသားတို့ ပျော်စံရာ” စသည်ဖြင့်လည်း ပျံ့နှံ့ခဲ့တာ တွေ့ရပြီး “ဇောက်ထိုးကြီးနဲ့စောက်ရမ်းကြီး မြန်မာ”ဆိုတဲ့အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလထဲမှာ တင်ထားတဲ့ ဓာတ်ပုံဟာ အင်တာနက်မှာ အစောဆုံးဖြစ်တာတွေ့ရှိရပါတယ်။ 

Fb linkArchive link
https://www.facebook.com/843331535796614/photos/a.843344769128624/1065720983557667/?type=3&xts%5B0%5D=68.ARDMFWCRJj9IOFXYo0xuAKH38ZjlvPBLI2olk1hbh8MmofnW7Zqzt9pZtkSztFJQ6xqG5J5qrpY62NJf9kjvcfsoQpbgXuFqAvgQ5wNmhYjVstxQrdvsfLILfBAKdQ76SAPPZ-qZnm2hVZ2b4WRviSuRqxxLPaF2JPrJKHUWGrdOrv0MB_50UEgRT0E2ONUCpCuuWHNihUXcpQc4v2amugyEhP3TTHwlvT2DNOSygXMf1ZitxM7DzyejFP3KhHKCIUTnT_kCYzoL1YYuh1sfiVlNddYTDkns2EU-DqYfGRMP161iPFIHfgkIL-qKJJIX6CUBG-cMFUG_TXvB8i6Yq_h0GQ&tn=-R

“Min Khant Koko Maung”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လထဲမှာ ပျံ့နှံ့ခဲ့တဲ့ ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ “Min Khant Koko Maung”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထား “ရောဂါပျံ့ ပွားအောင်လုပ်ဆောင်ခဲ့သောဒေးဗစ်လားအားမောင်းထုတ်ရေးအစီအစဉ်မြို့နယ်လူထုတွေ့ဆုံပွဲ”ဆိုတဲ့ ဆိုင်း ဘုတ်ဟာ အတုပြုလုပ်ထားတာဖြစ်ကြောင်းတွေ့ရှိရပါတယ်။

Avatar

Title:ဒေးဗစ်လားကို မောင်းထုတ်ရေးတွေ့ဆုံပွဲဆိုင်းဘုတ်တဲ့လား.. အမှန်က ဒီလိုပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *