ဥက္ကာခဲကြီးဟာ ကမ္ဘာကို ဦးတည်ပြီးလာနေပြီး ဧပြီမှာ ဝင်တိုက်နိုင်တယ်ဆိုတဲ့ သတင်းမှား

False နက္ခတာရာ၊အာကသသိပ္ပံ

ဝူဟန်ဗိုင်းရပ်စ်ကြောင့်သေမှာမစိုးရိမ်ပါနဲ့တော့ ကံမကောင်းရင် ဧပြီလကုန် လူသားအကုန်လုံး ဆန့်သွားနိုင်ပါတယ် ဝူဟန်ကြောင့်တော့မဟုတ်ပါဘူး၊နာဆာရဲ့ထုတ်ပြန်ချက်တစ်ခုအရ အလျား ၂ မိုင်ခွဲခန့် (၄ကီလိုမီတာ)ရှိတဲ့ ဥက္ကာခဲကြီးဟာ ကမ္ဘာကို ဦးတည်ပြီးလာနေပါပြီတဲ့ ဒီဥက္ကာခဲကြီးရဲ့ အရွယ်အစားဟာ လူသားမျိုးနွယ်ကို ပျက်သုန်းအောင် လုံလောက်တဲ့ထုထည်ပမာဏရှိတယ်လို့ လူမှုကွန်ယက်မှာ စွယ်စုံသတင်းထူးများစာမျက်နှာက မျှဝေလာပါတယ်။  ဧပြီ ၂၉ မှာ အဲ့ ကျောက်တုံးကြီးဟာ ကမ္ဘာမြေရဲ့ အနီးဆုံးကို ရောက်ရှိပြီးကမ္ဘာလေထုထဲသာ ဝင်လာခဲ့ရင် ကမ္ဘာနဲ့တိုက်မိပြီး လူသားမျိုးနွယ် အတော်များများ ပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

လင့်ကို ထောက်ကြည့်လိုက်တဲ့အခါမှာ ဝက်ဆိုဒ်မှာ ဒီသတင်းကို တင်ထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

၁။ နာဆာရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီလိုသတင်းဖော်ပြထားတာမတွေ့ရပါဘူး။

၂။Google မှာဝက်ဆိုဒ်က ဓာတ်ပုံကို ရှာကြည့်မယ်ဆိုရင် သတင်းတွေအမြောက်အများတွေ့ရပါတယ်။ ဒီသတင်းအများစုမှာ ကမ္ဘာကိုဝင်တိုက်မယ်ဆိုတဲ့ အကြောင်းအရာမပါဝင်တာတွေ့ရပါတယ်။

၃။ စွယ်စုံသတင်းထူးများမှာ ဖော်ပြထားတဲ့ သတင်းဟာ Daily Express ရဲ့သတင်းကို အခြေခံပြီး ဖော်ပြထားတာဖြစ်ပါတယ်။ ဒီသတင်းဟာ မမှန်ဘူးလို့ နာဆာက ငြင်းဆိုထားပါတယ်။အမှန်တကယ်မှာ 1998OR2 ဥက္ကာခဲဟာ မိုင်သန်းပေါင်း ၃ ဒသမ ၉  သန်းအကွာလောက်ကနေ ဖြတ်သန်းသွားမှာဖြစ်ပါတယ်။

သုံးသပ်ချက်

အထက်က အချက်အလက်တွေအရ ဒီသတင်းဟာ လှည့်စားထားတဲ့ သတင်းသာဖြစ်ပါတယ်။ 

Avatar

Title:ဥက္ကာခဲကြီးဟာ ကမ္ဘာကို ဦးတည်ပြီးလာနေပြီး ဧပြီမှာ ဝင်တိုက်နိုင်တယ်ဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *