ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်း ကြံ့ခိုင်ရေးပါတီကို ဒေါ်အောင်ဆန်းစုကြည်သတိပေးဆိုတဲ့သတင်းမှား

Misleading နိုင်ငံရေး | Politics

ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူကတွေက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။

“ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Aung San Suu Kyi (State Counsellor)”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။

Fb linkArchive link

Archived

အချက်အလက်စိစစ်ချက်

“ဒီမိုချစ်တဲကိုကို”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက“ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီ”လို့ခေါင်းစဉ်တပ်ထားတဲ့ ပို့စ်မှာပါတဲ့ လင့်ခ်ကို ဖွင့်ကြည်တဲ့အခါမှာ The Voice က အယ်ဒီတာအာဘော်ဖြစ်နေတာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည်က သတိပေးတယ်လို့ ရေးသားထားခြင်းမရှိတာတွေ့ရပါတယ်။ ဒီလိုပဲ “လိုရင်းပြောရမည်ဆိုပါက ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် ခံယူချက်ဖြင့် ညစ်ပတ်သော တိုက်ကွက်များကို အသုံးမပြုဘဲ ပါဝါနိုင်ငံရေးကိစ္စကို လူကြီးလူကောင်းဆန်စွာ၊ သန့်ရှင်းစွာ ယှဉ်ပြိုင်ခြင်းအားဖြင့် ခေတ်သစ်မြန်မာ့ သမိုင်းတွင် လူထု၏ အစဉ်အယုံအကြည်ရှိထိုက်သူ စံပြပုဂ္ဂိုလ်များအဖြစ် နာမည်ကောင်းကျန်ရစ်အောင် ပြုမူဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း ​ကြံခိုင်ရေး ( ခေါ် ) ပြည်ခိုင်ဖြိုးပါတီအားမေတ္တာရပ်ခံလိုပါသည်။”လို့ “ဒီမိုချစ်တဲကိုကို” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက ရေးသားထားပါတယ်။ The Voice က အယ်ဒီတာအာဘော်မှာ  ကြံ့ခိုင်ရေးပါတီရယ် လို့ အမည်တပ်ပြီး ပြောကြားထားတာမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

The Voice

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ Aung San Suu Kyi အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စတင်သုံးစွဲစဉ်ကတည်းက တစ်စုံတစ်ရာရေးသားတာမျိုးမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Aung San Suu Kyi 

သုံးသပ်ချက်

အထက်မှာပါ အချက်အလက်တွေအရ “ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလို ကြောင်းကြံ့ခိုင်ရေးပါတီကိုဒေါ်အောင်ဆန်းစုကြည်သတိပေးပြီး”ဆိုပြီး ““ဒီမိုချစ်တဲကိုကို”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူရဲ့ မျှဝေမှုဟာ လှည့်စားထားတဲ့ သတင်းအချက်အလက်မှားသာဖြစ်ပါတယ်။

Avatar

Title:ညစ်ညမ်းသောနိုင်ငံရေးတိုက်ကွက်များကိုရှောင်ရှားစေလိုကြောင်း ကြံ့ခိုင်ရေးပါတီကို ဒေါ်အောင်ဆန်းစုကြည်သတိပေးဆိုတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *