ဒေါက်တာရှီကျန်းလီ ထွက်ပြေးလွတ်မြောက်ခြင်း လည်းမရှိသလို သေဒဏ်ကျခံရခြင်း လည်းမရှိပါ

Coronavirus False ဆေးဘက်ဆိုင်ရာ၊ | Medical နိုင်ငံတကာ၊ | International

မေလ ၂ ရက်နေ့မှာ လူမှုကွန်ယက်မှာ ဒေါက်တာရှီကျန်းလီဟာ လျို့ဝှက်ဖိုင်တွေနဲ့အတူ တရုတ်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပြီး မတ် ၃ ရက်နေ့မှာ သူ့ကို သေဒဏ်ပေးတော့ မယ်ဆိုတဲ့ သတင်းတွေ ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ 

အင်္ဂလိပ်လို့ Dr Shi Zhengli လို့စကားလုံးပေါင်းတဲ့ သူဟာ COVID-19 ရောဂါပိုးဟာ လူက ဖန်တီးထားတာ ဖြစ်တယ်လို့ ယုံကြည်ကြတဲ့ နိုင်ငံတကာစောင့်ကြည့်လေ့လာသူတွေအကြာမှာ ရေပန်းစားနေတဲ့ ဝူဟန် ဇီဝဓာတ်ခွဲခန်းရဲ့ ဉီးဆောင်သူ တစ်ဉီးဖြစ်ပါတယ်။ လင်းနို့တွေမှာ တွေ့ရှိရတဲ့ ရောဂါပိုးမွှားတွေကို သုတေ သနပြု လုပ်သူဖြစ်သလို ယခုရောဂါပိုးနဲ့ မျိုးနွှယ်တူ SARS ရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်လိုမျိုး ရောဂါပိုးမွှားတွေကို ရှာဖွေ တွေ့ရှိတဲ့သူလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ “‎ပြည်တွင်း ပြည်ပ နေ့စဉ်သတင်းများ နှင့် သုတရသ ဗဟုသုတများ”အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက “ဝူဟန် ဇီဝလက်နက်စက်ရုံမှ Dr Shi Zhengli ထွက်ပြေးလွတ်မြောက်သွားပြီ”ဆိုပြီးတော့ မေ ၂ ရက်က ရေးသားမျှဝေထားပြီး မေ ၃ ရက်မှာ “ဝူဟန်ဗိုင်းရပ်ဖန်တီးသူ သေဒဏ်ပေးမည်ဟုဆို”ဆိုပြီးတော့ ဗွီဒီယိုတစ်ခုကို “MUAI” အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေခဲ့ပါတယ်။

Fb linkFb link
Archive linkArchive link

အချက်အလက်စိစစ်ချက်

ပထမဆုံး Google မှာ ဒေါက်တာရှီကျန်းလီ တရုတ်ကထွက်ပြေးလို့အဓိပ္ပာယ်ရတဲ့ “dr shi zhengli escape from china” ဆိုပြီးတော့အဓိကျတဲ့ စကားလုံးတွေအသုံးပြုပြီး ရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

Popular News Journal ကလည်း လျှို့ဝှက်ဖိုင်များနှင့်အတူ တိုင်းပြည်မှ ထွက်ပြေးသည်ဆိုခြင်းမှာ ကောလာ ဟလများဖြစ်တယ်ဆိုပြီးတော့ Daily Mail သတင်းစာကိုကိုးကားပြီး ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Popular News JournalArchive link

ဒေါက်တာရှီကျန်းလီဟာ ဘယ်လိုအခက်အခဲမျိုးတွေရှိနေပါစေ ထွက်ပြေးတာမျိုးလုပ်မှာမဟုတ်ဘူးလို့  တရုတ်ကွန်မြူနစ်ပါတီက ထုတ်ဝေတဲ့ Global Times သတင်းဝက်ဘ်ဆိုဒ်မှာဖော်ပြပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Global TimesArchieve link

ဒေါက်တာရှီကျန်းလီ သူမရဲ့ wechat အကောင့်ကနေ သူမိသားစုနဲ့ မိတ်ဆွေတွေကို သတင်းတွေဟာ ကောလာ ဟလတွေသာဖြစ်တယ်လို့ အသိပေးခဲ့ကြောင်းလည်း တရုတ်အရေးကျွမ်းကျင်သူ Jake Mendrik ကပြန်လည် မျှဝေထားတာလည်းတွေ့ရပါတယ်။ 

Link

ဒီလိုပဲ “dr shi zhengli sentenced to death”ဆိုပြီးရှာဖွေရှာမှာလည်း အထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။ 

ကိုရိုနာဗိုင်းရပ်စ်ဟာ လူလုပ်ဗိုင်းရပ်စ်မဟုတ်ဘဲ သဘာဝအတိုင်းဖြစ်လာတဲ့ဗိုင်းရပ်စ်သာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Aljazeera

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒေါက်တာရှီကျန်းလီဟာ တရုတ်နိုင်ငံကနေ ထွက်ပြေးသွားတယ်ဆိုတဲ့ အထောက်အထားတစ်စုံတရာ မတွေ့ရတဲ့ အတွက် သတင်းဟာ သတင်းမှားဖြစ်ပြီး သေဒဏ်ပေးမယ်ဆိုတဲ့ သတင်းဟာလည်း သတင်းမှားသာဖြစ်ပါတယ်။ ဒေါက်တာရှီကျန်းလီဟာ ဗိုင်းရပ်စ်ဗေဒကို အဓိကလိုက်စား ခဲ့သူဖြစ်ပြီး ဝူဟန်ဓာတ်ခွဲခန်းကို ဉီးဆောင်သူဖြစ်ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်တီထွင်တယ်ဆိုတဲ့ အထောက်အထား လည်းမတွေ့ရှိရပါဘူး။

Avatar

Title:ဒေါက်တာရှီကျန်းလီ ထွက်ပြေးလွတ်မြောက်ခြင်း လည်းမရှိသလို သေဒဏ်ကျခံရခြင်းလည်းမရှိပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *