ကမ္ဘောဒီးယားခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည်ပုံကို အသုံးပြုပြီးဖြန့်ဝေနေတဲ့ သတင်းတုသတင်းမှား

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘော့ဒီယားခရီးစဉ်က ဓာတ်ပုံတစ်ပုံအသုံးပြုပြီးအချက်အလက်မှားတွေ ပါဝင်တဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

“သွားလေရာ အရာရာနဲ့ အကြောင်းကြောင်း ကိုယ်မသိ ကိုယ်မတက်ရင် ငြိမ်ငြိမ်လေးနေပေါ့ အခုတော့ Cambodia နိုင်ငံက အန်ကောဝပ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုကတံခါးမှာ မြန်မာစာတွေရေးထားတာကို တွေ့ပြီး မြန်မာတွေဟာ စည်းကမ်းမရှိဘူး အပြုမူတွေက ရိုင်းစိုင်းကျတယ်ဆိုပြီး လက်ညိုးငေါက်ငေါက်ထိုး ငါးစိမ်းသည်လို အော်ငေါက်နေတာ ဘေးမှာ ပါလာတဲ့ လိုက်ပို့တဲ့ Cambodia သံအဖွဲ့တွေတောင် အံ့သြမဆုံး ဖြစ်ကုန်တယ် ပြောရမယ်ဆိုရင် တစ်ကယ့်ကို သရုပ်ပျက် အရှက်မဲ့တဲ့အပြုမူမျိုးမတင်ရွှေလုပ်နေတာကို မျက်စိနဲ့ ဒဲ့မြင်တွေ့လိုက်ရတဲ့ အိမ်ရှင်နိုင်ငံက သံံအဖွဲ့ကတော့ မျက်စိပျက် မျက်နှာပျက်နဲ့ ဖြစ်နေတဲ့အချိန် ပွဲကို အချိန်မှီ ထိန်းလိုက်တာကတော့ လိုက်ပါလာတဲ့သူတွေထဲက တစ်ယောက်က ဒီတံခါးရွက်မှာရေးထားတဲ့စာတွေ ဟာ ပေါက်ကရစာတွေမဟုတ်ပဲ ဒီဘုန်းကြီးကျောင်း ဆောက်လုပ်စဉ် ပြုပြင်စဉ်က ကုသိုဟ်ပြု ပါဝင် လှူဒါန်းကျတဲ့ ဘုရားဒကာ ကျောင်းဒကာတို့၏ အမည် ကုသိုအစုစုကို ရေးထိုး မှတ်တမ်းတင်ထားတဲ့ စာတွေဖြစ် တယ်ဆိုပြီး ပြောမှ အော် ဟုတ်လားဆဆိုပြီး ငါးစိမ်းသည် စရိုက်ပျောက်ပြီး လူ့ယဉ်ကျေးစတိုင်ဖမ်းတယ်တဲ့ မြန်မာလိုရေး ထားတာကို ဘာရေးထားမှန်းမသိတဲ့ အဖြူကောင် မယား မြန်မာလိုဝတ် မြန်မာစကားပြောပြီး မြန်မာ့စာပေ မြန်မာ့ ယဉ်ကျေးမှု့ မြန်မာ့ထုံးတမ်းစဉ်လာဓလေ့ နားမလည်တဲ့ လူ့ပေါက်ပန်းလိုအမျိုးသမီး ကျီးအာသီးလို မိန်းမမျိုး မြန်မာနိုင်ငံကို ခေါင်းဆောင်နေတာ အရှက်ရဖွယ်ပဲ”စသည်ဖြင့် ရေးသားထားပြီး ဒေါ်အောင်ဆန်း စုကြည်က စာတွေကို လက်ညှိုးထိုးဖတ်နေဟန်ဓာတ်ပုံလည်းပါဝင်ပါတယ်။

Fb linkFb link
Archive linkArchive link

အချက်အလက်စိစစ်ချက်

ဒီပို့စ်မှာသုံးထားတဲ့ ဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘောဒီးယားနိုင်ငံချစ်ကြည်ရေးခရီးစဉ်အပြီး ၂၀၁၉ ခုနှစ် မေ ၂ ရက်မှာ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ဖူးပါတယ်။ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ အန်ကောဝပ်မှာလည်ပတ်ရင် မြန်မာစာနဲ့ ကမ္ဗည်းထိုးထားတဲ့နေရာ ၃ လောက်တွေ့ ရတဲ့အတွက် guide ကိုမေးကြည့်ရာမှာ ဗမာရပ်ကွက်ဆိုတာရှိသေးကြောင်း ပြောကြားခဲ့တယ်ဆိုတဲ့ ပို့စ်တွေမှာ ဒီပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ ဒီလင့်ခ်၊ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက် ကြည့်ရှူ့နိုင်ပါ တယ်။

ကမ္ဘောဒီးယားခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ညှိုးထိုးပြီး စာဖတ်တာ၊ လက်ညှိုးထိုးပြီး မေးမြန်းတာမျိုးလုပ်တဲ့ ဓာတ်ပုံမျိုးတွေရှိတာတွေ့ ရပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးများရုံးက ထုတ်ပြန်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှတ်တမ်းမှာလည်း ဒီလိုမျိုး ကျောက်စာကို လက်ညှိုးထိုးဖတ်နေတဲ့ အခြားဓာတ်ပုံမျိုး တွေ့မြင်နိုင်ပါတယ်။

Link

Google မှာ အဓိကျတဲ့ စကားလုံးတွေဖြစ်တဲ့ “ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယား”၊ “ဒေါ်အောင်ဆန်းစုကြည် အန်ကောဝပ်”၊”ဒေါ်အောင်ဆန်းစုကြည် အန်ကောဝပ်က မြန်မာစာ”စသည်ဖြင့် အဓိကကျတဲ့ စကားလုံးမျိုးနဲ့ ရိုက်ရှာမယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်းမှာ မြန်မာတွေလက်ကမျည်းထားတယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း သတင်းတင်ဆက်ဖူးတဲ့သတင်းအထောက်အထားမျိုးမရှိတာတွေ့ရပါတယ်။

၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်ကနေ မေ ၁ ရက်အထိ သွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်းမှာ အန်ကောဝပ်ကျောင်းနဲ့ Bayon Temple မှာလှည့်လည်ကြည့်ရှုလေ့လာမှု မှတ်တမ်းဓာတ်ပုံတွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။

Myanmar State Counsellor Office

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အန်ကောဝပ်ခရီးစဉ်မှာ ဘုရားကျောင်းက ကမ္ဗည်းတွေမှာ မြန်မာစာတွေနဲ့ တွေ့ရချိန်မှာ စည်းကမ်းမရှိလက်ကမျင်းထားတယ်လို့ ပြောဆိုခဲ့တဲ့အချက်အလက် အထောက်အထားမရှိတာ တွေ့ရတဲ့အတွက် အချက်အလက်အမှား အဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:ကမ္ဘောဒီးယားခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည်ပုံကို အသုံးပြုပြီးဖြန့်ဝေနေတဲ့ သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *