
ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင် နိုင်ရန် စမ်းသပ်မှု အောင်မြင်တယ်ဆိုပြီး အမျိုးသားတစ်ဦး သာမန်ထက်ဗိုက်ဖောင်းနေတဲ့ ပုံနဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။
“မြန်မာနိုင်ငံရန်ကုန်မြို့ရှိ ကုတင် ၁၀၀၀ အထူးကုဆေးရုံကြီးတွင် ဇွန်လ ၁ရက်နေ့က အမျိုးသားများကိုယ်ဝန် ဆောင် ခြင်းကို စမ်းသပ်ခဲ့ရာ အောင်မြင်မှုရှိခဲ့သည်ဟု ဒေါက်တာဦးကိုကိုဝင်းမှ ပြာကြားသွားသည်”ဆိုပြီးတော့ အောက်ပါအတိုင်း မျှဝေထားတဲ့ ပို့စ်မှာရေးသားထားတာတွေ့ရပါတယ်။

ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှုရှိခဲ့သလား။ ဓာတ်ပုံထဲက ဗိုက်ပူနေတဲ့သူတွေ က ကိုယ်ဝန်ဆောင်ထားတာလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း အမျိုးသားတွေ ကိုယ်ဝန်ဆောင်ဖို့ စမ်းသပ်မှု အောင်မြင်တယ်ဆိုတဲ့ ပို့စ်မျိုးမတွေ့ရှိရပါဘူး။
မြန်မာနိုင်ငံက အထင်ကရ သတင်းမီဒီယာကြီးတွေမှာ ဒီလိုသတင်းမျိုးတစ်စုံတစ်ရာဖော်ပြထားတာ မတွေ့ရှိ ပါဘူး။ ဒီလိုပဲ “ဒေါက်တာဦးကိုကိုဝင်း”ဆိုပြီးရိုက်ရှာမယ်ဆိုရင်လည်း ရန်ကုန်ဆေးရုံကြီးနဲ့ သက်ဆိုင်တဲ့ ဆရာအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ သားဖွားမီးယက်ဆိုင်ရာကျွမ်းကျင်သူအဖြစ်လည်းကောင်း တိကျခိုင်မာတဲ့ ရလာဒ်နဲ့ ဆရာဝန်တစ်ဉီးတစ်လေမှ အထောက်အထားမတွေ့ရှိပါဘူး။
ဒီသတင်းမှာပါတဲ့ ပုံတွေကို Google မှာပုံကိုပြောင်းပြန်ရှာနည်းနဲ့ ပုံတွေကို ပြန်လည်ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဓာတ်ပုံတွေဟာ ကမ္ဘာမှာ ပထမဆုံး အမျိုးသားကိုယ်ဆောင်နဲ့ ကလေးမွေးဖွားသူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့အမေ ရိကန်အမျိုးသား Thomas Beatie ဖြစ်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများကိုယ်ဝန်ဆောင်နိုင်ရန် စမ်းသပ်အောင်မြင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရတဲ့အတွက် သတင်းတု သတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Title:ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသားများ ကိုယ်ဝန်ဆောင်နိုင်ရန် စမ်းသပ်မှုအောင်မြင်ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False