၂၀၁၂ Air Bagan လေယာဉ်ပျက်ကျမှုက ပုံတွေကို ရခိုင်ပြည်နယ်မှာ စစ်လေယာဉ်ပျက် ကျမှုအဖြစ်ဖော်ပြနေတဲ့သတင်းမှား

False နိုင်ငံရေး | Politics

ရခိုင်ဘက်ကို စစ်လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ လေယာဉ်ပျက်ကြတယ်ဆိုပြီးတော့ လူမှုကွန်ယက်သုံး စွဲသူတွေအကြားမှာ လေယာဉ်အစိတ်အပိုင်းပုံတွေနဲ့ မီးလောင်နေတဲ့ ပုံတွေပါတဲ့ လေယာဉ်ပျက်ကြမှုမြင်ကွင်း ဓာတ်ပုံတွေ လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။

“ရခိုင်ဖက်ကိုစစ်လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ လေယာဉ်တစ်စီးဟာ ပျက်ကျပြီး ပြာအတိဖြစ်သွား တယ်လို့ သိရပါတယ်၊ ၎င်း လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်ဗိုလ်တွေက  အချင်းချင်းပစ်ခပ်မှုဖြစ် ကြတယ် လို့လည်း သိရတယ်ခညာ….”ဆိုပြီး “MaGwi MaJap”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကအောက်ပါအတိုင်း  မျှဝေ ထားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

အပျက်အစီးတွေက ဓာတ်ပုံတွေကို သေချာဆန်းစစ်ကြည့်ရင်တပ်မတော်နဲ့သက်ဆိုင်တဲ့ အမှတ်သင်္ကေတတစ်ချို့ မဟုတ်တာတွေ့ရပါတယ်။ ပထမဆုံး မီးခိုးတွေနဲ့ မီးလောင်နေတဲ့ မြင်ကွင်းကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

LinkLink

၂၀၁၂ ခုနှစ်က ဒီဇင်ဘာ ၂၅ ရက်က အဲပုဂံလေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးဟာ ရှမ်းပြည်နယ် ဟဲဟိုးမြို့ အနီးမှာ လေယာဉ်ဆင်းသက်ချိန်မှာ ပျက်ကျခဲ့ချိန်တုန်းက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

ဒီလိုပဲ ဒုတိယပုံကိုလည်း ပုံပြောင်းပြန်ရှာအနည်းအသုံးပြီးရှာဖွေရာမှာ လည်း ၂၀၁၂ ခုနှစ်က ဒီအဲပုဂံလေကြောင်း လိုင်းပိုင်လေယာဉ်ပျက်ကျတုန်းကပုံတွေဖြစ်တာအောက်ပါအတိုင်းတွေ့ရပါတယ်။

LinkLink

တတိယမြောက်ပုံနဲ့ စတုတ္ထမြောက်ကိုလည်း ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်စွဲနဲ့ မြန်မာတိုင်းမ်သတင်းဌာနက အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြတဲ့ “ခရစ်စမတ်နေ့မှာ မြန်မာ အဲပုဂံရဲ့ ဝမ်းနည်းဖွယ်” လို့ဘာသာပြန်ဆိုနိုင်မယ့်ဆောင်းပါးနဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှာ “အထူးစိတ်ဝင်စား ခံနေရတဲ့ စုံစမ်းစစ်ဆေးမှု”ဆောင်းပါးမှာ သုံးစွဲထားတာတွေ့ရပါတယ်။

Link Link

“MaGwi MaJap”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ပို့စ်က ပုံနဲ့ ၂၀၁၂ ခုနှစ်အတွင်းက သတင်းဌာန အသီးသီးက တင်ဆက်ခဲ့တဲ့ပုံတွေကို အောက်ပါအတိုင်းနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

၂၀၁၈ ခုနှစ်မှာ အပြီးပိုင် ဖျက်သိမ်းခဲ့ပြီဖြစ်တဲ့ အဲပုဂံလေကြောင်းလိုင်းအကြောင်းကို အောက်ပါဝီကီပီဒီးယားမှာ ဖော်ပြထားတာကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

Wikipedia

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ “MaGwi MaJap”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားတဲ့ ရခိုင်ဘက်ကို စစ်လက်နက်ကြီးတွေ သယ်ဆောင်လာတဲ့ လေယာဉ်ပျက်ကြတယ်ဆိုတဲ့ပုံေတွဟာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်အနီးမှာ ပျက်ကျခဲ့တဲ့ အဲပုဂံလေကြောင်းလိုင်းက လေယာဉ်ပျက်ကျမှုက ပုံတွေဖြစ်နေတဲ့အတွက် သတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:၂၀၁၂ Air Bagan လေကြောင်းလိုင်းလေယာဉ်ပျက်ကျမှုက ပုံတွေကို ရခိုင်ပြည်နယ်မှာ စစ်လေယာဉ်ပျက်ကျမှုအဖြစ်ဖော်ပြနေတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *