ရန်ကုန်ဆေးရုံကြီးမှာ ကိုရိုနာ ရောဂါကူးစက်ခံရသူ (၃၃)ယောက်ရှိပြီလို့ပြောလာတဲ့ အသံဖိုင်သတင်းမှား

Coronavirus False ကူးစက်ရောဂါ ဆေးဘက်ဆိုင်ရာ၊ | Medical

“ရန်ကုန်ဆေးရုံကြီးမှာတင် ၃၃ ရှိနေပြီ ဒါပေမဲ့ အစိုးရအဖွဲ့က တိုင်ပင်ပြီးတော့မှ အများကြီး တခါတည်း ကြေညာလိုက်ရင်လို့ရှိရင် panic buying တွေ အကုန်ဒုက္ခရောက်ကုန်မှာစိုးလို့ ဒီနှစ်ယောက်က စဖော်မယ်ဆိုပြီးတော့မှ ပြောတယ်နော်။ အဲတော့ ရှိနေတာက ၃၃ ယောက် နည်းနည်းချင်း နည်းနည်းချင်းစီ စဖော်မယ်ဆိုပြီးတော့မှ ပြောသွားတယ်နော်”ဆိုပြီး အမျိုးသမီးတစ်ယောက်ပြောကြားထားတဲ့အသံဖိုင် တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။၂၁ စက္ကန့်ရှည်လျားတဲ့ ဒီအသံဖိုင်ကို ဘယ်သူက စတင်လိုက်တယ်ဆိုတာတော့ မသိရပါဘူး။

Herry Ye အမည်နဲ့အကောင့်က ဒီအသံဖိုင်ကို မျှဝေထားတာတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

pro7media အမည်နဲ့ ဝက်ဆိုဒ်ကလည်း ပြန်လည်ဖော်ပြထားတာတွေ့ရပါတယ်။

LinkArchive link

အချက်အလက်စိစစ်ချက်

မတ် ၂၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တီးတိန်က အမျိုးသားတစ်ဉီးနဲ့ ရန်ကုန်က အမျိုးသားတစ်ဉီးမှာ covid-19 ဗိုင်းရပ်စ်ပိုးရှိတယ်ဆိုပြီးတော့ အတည်ပြုခဲ့ပါတယ်။ 

Fb linkArchive link

မနက်ပိုင်းမှာတော့ တီးတိန်က အမျိုးသားသေဆုံးဆိုတဲ့ သတင်းမှားတွေ၊ ဝေဘာဂီဆေးရုံက အတည်ပြုလူနာအမျိုးသားထွက်ပြေးဆိုတဲ့ သတင်းမှားတွေလည်း ပျံ့နှံ့ခဲ့ပြီးဖြစ်ပါတယ်။

သမ္မတရုံး ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ညွှန်ကြားရေးမှူးချုပ် ဉီးဇော်ဌေးကတော့ ဒီ ၃၃ ယောက်သတင်းမဟုတ်ဘူးလို့ အတည်ပြုပါတယ်။

“လတ်တလော Messenger တွေမှာ ဖြန့်ဝေနေတဲ့ ၃၃ ဉီး Positive သတင်း လုံးဝ မဟုတ်ပါ။ လက်ရှိ အခြေအနေအထိ ထုတ်ပြန်ထားတဲ့ ၂ ဉီးသာ ရှိပါတယ်။ ကျန်းမာ/အားကစား ဝန်ကြီးဌာနအနေနဲ့ အမှန်အတိုင်း ထုတ်ပြန်‌ပေးလျက် ရှိပါတယ်။” လို့ လူမှုကွန်ယက်မှာရေးသားအတည်ပြုထားပါတယ်။

Fb linkArchive link

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက covid-19 ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သံသယလူနာ၊ စောင့်ကြည့်လူနာနဲ့  ရောဂါပိုးတွေ့ရှိမှုစာရင်း ထုတ်ပြန်ချက်မှာလည်း အတည်ပြုလူနာ ၂ ဉီးသာရှိပြိး အောက်ပါလင့်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

LinkArchive link

သုံးသပ်ချက်

အထက်ပါ အချက်အလက်တွေအရ မိမိဘယ်သူဖြစ်တယ်ဆိုတာကို အတည်ပြုထားခြင်းမရှိတဲ့ Messenger နဲ့ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ရန်ကုန်ဆေးရုံကြီးမှာ ကိုရိုနာ ရောဂါကူးစက်ခံရသူ (၃၃)ယောက်ရှိပြီလို့ပြောလာတဲ့ အသံဖိုင်ဟာ သတင်းမှားဖြစ်ပါတယ်။

Avatar

Title:ရန်ကုန်ဆေးရုံကြီးမှာ ကိုရိုနာ ရောဂါကူးစက်ခံရသူ (၃၃)ယောက်ရှိပြီလို့ပြောလာတဲ့ အသံဖိုင်သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *