တစ်လီမုန်တိုင်းတုန်းက ကုန်ကားကြီးတွေ လဲခဲ့အဖြစ်အပျက်ကို လက်ရှိအမ်ဖန်မုန်တိုင်း က အဖြစ်အပျက်လိုဖော်ပြနေတဲ့ သတင်းမှား

False နိုင်ငံတကာ၊ | International

တစ်နာရီ ၁၀၅ မိုင်နှုန်းနဲ့တိုက်ခိုက်တဲ့ ဟာရီကိန်းအဆင့် ၃ ရှိတဲ့ အင်းအားပြင်း အမ်ဖန်မုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ (မေ ၂၁ ရက်)က အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဒေသတွေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး လူ ၁၄ ဉီးထက် မနည်းသေဆုံးခဲ့ရကာ နေအိမ်ထောင်ပေါင်းများစွာပျက်စီးခဲ့ရပြီး အိမ်ထောင်စုပေါင်းများစွာကို သက်ဆိုင်ရာ အာဏာပိုင်တွေက ကယ်ထုတ်ခဲ့ရပါတယ်။ အသေအပျောက်နဲ့ ကြီးကြီးမားမားပျက်ဆီးဆုံးရှုံးမှုမျိုး မတွေ့ရပေမဲ့ ဒီမုန်တိုင်းအရှိန်ဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတမ်းမှာလည်း သက်ရောက်မှုရှိခဲ့ပြီး မိုးသက်လေ ပြင်းကျပြီး ပင်လယ်ပြင်မှာ လှိုင်းကြီးခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ “တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်”ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

“မြန်မာပြည်အနှံအပြားကယဉ်တိုက် မှု ကားတိုက်မှု သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ၁ မိနစ်နဲ့ ၁၈ ကြာတဲ့ ဒီဗီဒီယိုဖိုင်ထဲမှာ ကုန်တင်အဝေးပြေးလမ်းမကြီးလို့ ထင်ရနေနေရာတစ်ခုမှာ ကုန်တင်ကားကြီးတွေ တိမ်းမှောက်နေတာတွေ့ရပြီး ပတ်ဝန်းကျင်မှာ မိုးရွာပြီးကာစ မြင်ကွင်းပုံစံမျိုးဖြစ်တာတွေ့ရပါတယ်။ 

Fb linkArchive link

ဒီဗွီဒီယိုကို အခြားသော စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

မျှဝေထားတဲ့ ဗီဒီယိုဖိုင်ကို InVID ဆိုတဲ့ ဗွီဒီယိုအချက်အလက်စိစစ်ရေးဆော့ဖ်ဝဲလ်မှာ ဗွီဒီယိုကနေ ဓာတ်ပုံကို ပြောင်းကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီထဲပုံတွေကိုအသုံးပြုပြီး Yandex မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာ အောက်ပါတိုင်းတွေ့ရပါတယ်။

လက်ရှိအမ်ဖန်မုန်တိုင်းအဖြစ်ဖော်ပြနေတဲ့ ဗွီဒီယိုဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၁ ရက်ကတည်းက အွန်လိုင်း မှာ ပျံ့နှံ့ခဲ့တာတွေ့ရပြီး လက်ရှိအမ်ဖန်ဆိုက်ကလုန်းဝင်ရောက်ရာ အိန္ဒိယနိုင်ငံကမ်းရိုးတန်း ဒေသ တွေဖြစ်တဲ့ Orissa နဲ့ Andhra Pradesh မှာ တစ်လီ(Titli)အမည်နဲ့ မုန်တိုင်းဝင်ရောက်စဉ်က အဖြစ်အပျက်ဖြစ် တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာဝင်ရောက်လေ့လာနိုင်ပါတယ်။

Link
https://www.youtube.com/watch?v=bZhJD91ajuM

ဒီလိုပဲ ETV Andhra Pradesh အမည်နဲ့ သတင်းဌာနက တင်ဆက်ခဲ့တဲ့ သတင်းဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

တစ်လီမုန်တိုင်းဟာ လက်ရှိ အမ်ဖန်မုန်တိုင်းလိုပဲ အင်အားပြင်းမုန်တိုင်းတစ်ခုဖြစ်ခဲ့တာတွေ့ရပြီး တစ်နာရီ ၉၃  မိုင်နှုန်းနဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ၈ ဉီးသေဆုံးခဲ့ရပါတယ်။ ဘီဘီစီနဲ့ နယူးယောက်တိုင်းမ်း သတင်းဌာနက အဲဒီအချိန်က ဖော်ပြခဲ့တဲ့ သတင်းကိုအောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

BBCNew York Times

တစ်လီမုန်တိုင်းတုန်းက မြန်မာနိုင်ငံအနေနဲ့လည်း သတိပေးချက်ထုတ်ခဲ့တဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။

https://www.youtube.com/watch?v=fhUUBf3O-hU

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အမ်ဖန်မုန်တိုင်းတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ မျှဝေနေတဲ့ ဒီဗီဒီယိုဖိုင်ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၁ ရက်က အိန္ဒိယကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တစ်လီဆိုက်ကလုန်းတုန်းက ဗွီဒီယိုဖြစ်နေတာတွေ့ရပြီး လက်ရှိ မုန်တိုင်းနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

Avatar

Title:တစ်လီမုန်တိုင်းတုန်းက ကုန်ကားကြီးတွေ လဲခဲ့အဖြစ်အပျက်ကို လက်ရှိအမ်ဖန်မုန်တိုင်းက အဖြစ်အပျက်လိုဖော်ပြနေတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *