ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌနဲ့ ပါတီတာဝန်ရှိသူတွေ အချင်းချင်း ချကုန်ပြီးဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌ ဦးသန်းဌေးက ၂၀၂၀ မှာ အစိုးရမဖွဲ့နိုင်ရင် ပါတီကို လေလံ တင်မယ်လို့ ရေးသားထားပြီး ပါတီပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တွေက ဒီလိုရေးသားချက်ကို တုန့်ပြန်ခဲ့ဟန် screenshot တစ်ခုကို “ကို ကြီး”အမည်နဲ့လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။

“ဟာ အချင်းချင်းတေဖဲ့ကုန်ကြပြီ ပွဲကတော့လှချက်”ဆိုပြီးတော့ အောက်ပါအတိုင်းမျှဝေထားတာဖြစ်ပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီဉက္ကဌ ဦးသန်းဌေးရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ “လာမယ့် ၂၀၂၀ ရွေးကော်ပွဲမှာ အစိုးရ မဖွဲ့နိုင်ရင် ပြည်ခိုင်ဖြိုးပါတီကို လေလံတင်တော့မယ်လို့ စိတ်မကောင်းစွာ အသိပေး လိုက်ပါသည်”ဆိုတဲ့ ရေးသားချက် တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာ နိုင်ပါတယ်။ 

Link

ပြည်ခိုင်ဖြိုးပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ပါတီကို လေလံတင်ရ အောင် အမွေရထားတဲ့ ပစ္စည်းမဟုတ်ဘူးဆိုတဲ့ရေးသားချက်တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

Link

ဒီလိုပဲ အခြားပါတီပြောရေးဆိုခွင့်ရှိသူတွေဖြစ်တဲ့ ဒေါ်နန်းမြမီမီဇော်နဲ့ ဒေါ်ယဉ်မင်းမြင့်ဆွေတို့အသုံးပြုနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း “ကို ကြီး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူရေးသားထားတဲ့ ရေးသားချက်မျိုး တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။

သုံးသပ်ချက်

အထက်မှာပါ အချက်အလက်တွေအရ “လာမယ့် ၂၀၂၀ ရွေးကော်ပွဲမှာ အစိုးရ မဖွဲ့နိုင်ရင် ပြည်ခိုင်ဖြိုးပါတီကို လေလံတင်တော့မယ်လို့ စိတ်မကောင်းစွာ အသိပေးလိုက်ပါသည်”ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဉီးသန်းဌေးက ဖေ့စ်ဘွတ်မှာရေးသားတဲ့ဆိုတဲ့အထောက်အထားမရှိသလို ဒီလိုရေးသားချက်ကို ပါတီတာဝန်ရှိသူတွေကို ပြန်လည်တုန့်ပြန်ခဲ့တယ်ဆိုတာလည်း မတွေ့ရှိရတဲ့အတွက် “ကို ကြီး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ အချက်ကို အချက်အလက်တုအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဌနဲ့ ပါတီတာဝန်ရှိသူတွေ အချင်းချင်း ချကုန်ပြီးဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *