Fact Check: မြန်မာနိုင်ငံကို မုန်တိုင်းကြီးဝင်မယ်ဆိုပြီး သတင်းမှားတွေ ဆက်တိုက် ဖြန့်ဝေနေတဲ့ ‌ဖေ့စ်ဘွတ်စာမျက်နှာ

False လူမှုရေး

မြန်မာပြည်ကို မုန်တိုင်းကြီးဝင်ရောက်ဖို့ရှိလို့ သတိထားဖို့လိုတယ်ဆိုပြီး ဗွီဒီယိုတွေ “D Ka TV”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဆက်တိုက် ဖြန့်ဝေနေပြီး ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသတင်းမှား ဖြန့်ချိနေခြင်းဖြစ်တယ်။

မေ ၂၁ ရက်ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ နာရီပိုင်းအတွင်း ကြည့်ရှူ့မှုပေါင်း ၅၀၀၀၀ ကျော်ရှိတယ်။

“ည ၉ နာရီမုန်တိုင်းသတင်းထူး မေလ ၂၂ – ၂၃ ၀င်လာမည့် ပြင်းထန်သောမုန်တိုင်းကြီးလုံး၀‌ပေါ့ဆ လို့မရပါ”

Original link | Archive link

အလားတူဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အသက်အန္တရာယ်ရှိတဲ့အတွက် အရေးပေါ် မုန်တိုင်း သတိပေးချက်ဆိုပြီး ဒီစာမျက်နှာက မေ ၂၁ ရက်မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုဟာ လက်ရှိအချိန်မှာ မျှဝေမှုပေါင်း ၃၅၀၀ ကျော်၊ ကြည့်ရှု့မှုပေါင်း ၅ သိန်းဝန်းကျင်ရရှိထားတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “D Ka TV”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို လေ့လာကြည့်ရာမှာ အကြောင်းအရာအများအပြားကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ် ဒါမှမဟုတ် သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေဖြန့်ဝေလေ့ရှိတာတွေ့ရပါတယ်။

အခုလည်း ဗွီဒီယိုထဲမှာ လူမှုကွန်ယက်မှာ မိုးလေဝသသုံးသပ်ချက်တွေ မျှဝေတဲ့ မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်နိုင်ရဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ ပတ်သက်ပြီး တင်ပြချက်တွေကို ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိနေတာတွေ့ရပါတယ်။ ဦးဝင်းနိုင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မေ ၂၂ ရက်ညနေပိုင်းအထိ နောက်ဆုံးမိုးလေဝသခန့်မှန်းချက်မှာ မေ ၂၇ ရက်မှသာ လေဖိအားနည်းရပ်ဝန်း တခုဖြစ်ပေါ်နိုင်ပြီး အားကောင်းလာကာ မုန်တိုင်းအဖြစ် ပြောင်းလဲသွားနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားတဲ့အကြောင်း ဖော်ပြထားတယ်။ 

ဒါပေမဲ့ ဒီဖေ့စ်ဘွတ်စာမျက်နှာဟာ မေ ၁၉ ရက်နေ့ကတည်းက မေ ၁၉-၂၀ မုန်းတိုင်းကြီးဝင်ရောက်၊ အနီရောင်သတိပေးချက်ထုတ်ပြန်စတဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တုတွေနဲ့ လူမှုကွန်ယက်အသုံးပြု သူတွေကို လှည့်စားပြီး မျှဝေထားတာတွေ့ရပါတယ်။ 

သုံးသပ်ချက်

“D Ka TV”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ် ဒါမှမဟုတ် သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေဖြန့်ဝေလေ့ရှိတာတွေ့ရတယ်။ မေ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံကို မုန်တိုင်း ဝင်ရောက်နိုင်တယ်ဆိုပြီး ယုံကြည်ရလောက်တဲ့ အရင်းအမြစ်တွေက ခန့်မှန်းချက် တစုံတရာမရှိတာတွေ့ရ ပါတယ်။

Avatar

Title:Fact Check: မြန်မာနိုင်ငံကို မုန်တိုင်းကြီးဝင်မယ်ဆိုပြီး သတင်းမှားတွေ ဆက်တိုက် ဖြန့်ဝေနေတဲ့ ‌ဖေ့စ်ဘွတ်စာမျက်နှာ

Written By: နေရာမောင် 

Result: False